သူငယ်ချင်းတွေရှိရင် Mention ကြနော်။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိထားတဲ့ ထက်ဦးထွဋ်က အသားဖြူတဲ့ မိန်းကလေးတွေ ဆို အရမ်းသဘော ကျတယ်လို့ ဆိုပါတယ်။သူက အရပ်ရှည်သလို ချစ်သူကောင်မလေးအပေါ် စိတ်သဘော ထားလေးလည်း ရှည်ပြီး အရမ်းလည်း ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ပါတဲ့။

36598143_1752403821475266_635418069023326208_n.jpg 

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ထက်ဦးထွဋ်ရဲ့ လက်ရှိ အချစ်ရေးက အေးအေးဆေးဆေးပါပဲတဲ့။လက်ရှိမှာသူဝါသနာပါတဲ့ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်သွားချင်သေးသလို ချစ်သူရည်စားလည်းမထားချင်သေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော်ရည်းစားထားဖို့ကတော့ ထားလည်းမထားချင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ဒီအလုပ်လုပ်တဲ့အခါမှာ သူတို့ကို အချိန်ပေးရတာ တွေ ရှိတယ်။ သူတို့ကလည်း ကိုယ့်ရဲ့ ရည်းစားဆီက ကြင်နာယုယမှုတွေ လိုချင် တာပေ့ါနော်။ဒါပေမယ့်လည်း ကျွန်တော့်ဘက်က ဒါတွေ အတွက် အဆင်သင့်မဖြစ်သေးတာကြောင့် လောလောဆယ်တော့ ရည်းစားမထားသေးပါဘူး" ဆိုပြီး Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

အရပ်ရှည်သူတွေရဲ့ အားသာချက်ကိုပြောလာတဲ့ ထက်ဦးထွဋ် 

(၆)တန်း(၇)တန်းလောက် အရွယ်ကစပြီး ရင်ခုန်တတ်ခဲ့တဲ့ ထက်ဦးထွဋ်ဟာ အဲ့ဒီအချိန်လောက်ကတည်းက ကြိတ်ကြိုက် ခဲ့ရတဲ့  ကောင်မလေး တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လူငယ်သဘာဝ ရည်းစားတွေလည်း ထားခဲ့ဖူးပါတယ်တဲ့။

"ကောင်မလေးတွေထားခဲ့ဖူးပါတယ်။ တွဲလိုက်ပြတ်လိုက်ပေ့ါနော်။ ဘယ်နှစ်ယောက်လဲဆိုတာကိုတော့ မပြောပြတော့ဘူး။ ကျွန်တော်ကောင်မ လေးတွေနဲ့ ပြတ်ခဲ့တာက ဘာလို့လည်းဆိုရင် ကျွန်တော်က ရစ်တတ်တယ်။ ပြီးတော့ ကလေး အရမ်းဆန်တယ်။ကျွန်တော်က လူကောင်သာ ကြီးတာ တချို့အရာတွေဆိုအရမ်းကလေးဆန်တယ်။ အဲ့ဒါမျိုးတွေရှိတော့ အဲ့ဒါကြောင့် ကောင်မလေးတွေနဲ့ ပြတ်ခဲ့တယ်လို့ထင်ပါတယ်" ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

 

ထက်ဦးထွဋ်ဟာ မိန်းကလေးအများစုရဲ့အားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။မိန်းကလေးတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူ့အနေနဲ့ သူကိုယ်တိုင် ဘယ်လိုမိန်းကလေးပုံစံမျိုးကို ကြိုက်နှစ်သက်လဲဆိုတာလေးကိုလည်း ပြောပြထားပါသေးတယ်။

"အသားဖြူတဲ့မိန်းကလေးဆိုအရမ်းသဘောကျတယ်။ ပြီးတော့ ပါးဖောင်းတာကိုလည်း သဘောကျတယ်။ ဒါပေမယ့်အဲ့ဒါတွေကို သဘော ကျတယ် ဆိုပေမယ့်လည်း နှလုံးသားချင်း ထပ်တူကျမှလည်း ရှေ့ဆက်လို့ရမှာဆိုတော့ အဲ့အတွက် ကျွန်တော့်ကို တစ်ကယ်ချစ်တဲ့သူဆိုရင် အပြန်အလှန်နားလည်မှုရှိရမယ်။ သစ္စာရှိရမယ်။ ကျွန်တော့်ကို တကယ်ချစ်ရမယ်ပေ့ါ။ ပြီးတော့ ကျွန်တော်က အပြင်တွေ ဘာတွေ အတူတူ သွားရတာကို ရှက်တယ်။ အတူတူအပြင်ထွက်တာမျိုးဆိုရင်တော့ အဆင်မပြေနိုင်တာလေးတွေ ရှိတယ်။ ကျွန်တော်နဲ့ ချစ်သူဖြစ်တဲ့ ကောင်မ လေးဆိုရင် ကျွန်တော့်ကို တော်တော်နားလည်မှု ပေးနိုုင်တဲ့ မိန်းကလေးမျိုးမှပဲ အဆင်ပြေမှာ"လို့ သူက ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

 

ထက်ဦးထွဋ်က မိန်းကလေးဘက်ကိုပဲ နားလည်မှုတွေ အချစ်တွေ တောင်းတတ်တဲ့သူမျိုးမဟုတ်တာလည်း တွေ့ရပါတယ်။ သူ့ကို နားလည်ပေး သလိုပဲ သူကလည်း နားလည်းမှု အပြည့်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ပါတဲ့။သူက အရပ်ရှည်သလို ချစ်သူကောင်မလေးအပေါ် စိတ်သဘော ထားလေးလည်း ရှည်ပြီး အရမ်းလည်း ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ပါဆိုပြီး သူ့ရဲ့ ကောင်းကွက်လေးကိုလည်း ထည့်သွင်း ပြောပြခဲ့ပါသေးတယ်။

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ Innocence ဇာတ်လမ်းတွဲကိုတော့ မြူခိုး ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ပြင်ဆင်ထားရာက အခုတော့ အဲ့ဒီဇာတ်လမ်းတွဲကို မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်သူ့ရဲ့ ပရိသတ်တွေအတွက် အခြားသော အနုပညာတင်ဆက်မှုတွေနဲ့ ထပ်မံတွေ့ရအောင် ကြိုးစားသွားမယ်လို့ သိရပါတယ။်

Share

Loading Next Article...
က္က