ကလေး ချစ်တတ်ပါတယ်။

စံထိပ်ထား ကတော့ လက်ရှိမှာ သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးအဖြစ် ပရိသတ်တွေ သိထားတာ ဖြစ်ပါတယ်။ သူကတော့ နောက်ထပ် မောင်လေး၊ ညီမလေးတွေလည်း မလိုချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြော လာ ခဲ့ ပါတယ်။

 

သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး စံထိပ်ထားကတော့ နောက်ထပ် မွေးလာမယ့် မောင်နှမတွေ မလိုချင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကလေးတော့ ချစ်တတ်တယ် ဆိုတာကို စက်တင်ဘာလ ၂၇ ရက်နေ့က ခိုင်သင်းကြည် ရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ထိပ်ထိပ်ကလေ တစ်ယောက်တည်းနေလာလို့လား မသိဘူး။ တစ်ခါတလေကျရင် ဝမ်းကွဲ ကလေးလေးတွေ အိမ်လာလည်လိ့ု ကိုယ့်ပစ္စည်း တွေ ဆွဲရင် မကြိုက်ဘူး။ ကလေးတော့ ချစ်တတ်ပါတယ်။ ဒါပေမယ့် မလိုချင်တာပေါ့နော်'' ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။

Photo: San Htate Htar Facebook

သမီးလေးကို စာပဲတော်စေချင်တယ် ဆိုတဲ့ ခိုင်သင်းကြည် 

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဟာ အခုဆိုရင် တီဗီကြော်ငြာတော်တော်များများ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူ ခိုင်သင်းကြည်ရဲ့ မွေးနေ့ အမှတ်တရ အတွက် ရရှိထားတဲ့ အနုပညာကြေးထဲကနေ မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။

'' ကိုယ်ရရှိထားတဲ့ အနုပညာကြေးထဲကပဲ ထိပ်ထိပ် ဝယ်ပေးထားတာပါ။ ကိုယ့်အတွက် ပေးထားတဲ့ဟာ ဆိုပေမယ့်လည်း မေမေ့ကြောင့်ပဲ ထိပ်ထိပ်ကို လာပြီးတော့ ကမ်းလှမ်းကြတာပါ။ ထိပ်ထိပ်သာ ဘာမှမဟုတ်ဘူးဆို ဘာမှလည်း ကမ်းလှမ်းကြမှာ မဟုတ်ဘူး။ ဒီလိုလည်း လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ မေမေ့ကြောင့်မို့လို့ပဲ အကုန်ဖြစ်လာတာ'' လို့ ဆိုပါတယ်။

 

စံထိပ်ထား ရဲ့ အနုပညာကြေးတွေကိုလည်း မိဘနှစ်ပါးက စုဆောင်းပေးထားတယ်လို့ ဆိုပါတယ်။ သူဟာ ဂီတကိုလည်း ဝါသနာပါသူ ဖြစ်တာ ကြောင့် တေးစီးရီးအခွေ ထုတ်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

'' မေမေက ထိပ်ထိပ်ကို မွေးကတည်းက အခုထိ ထိပ်ထိပ် အနုပညာကြေးထက် အစတစ်ထောင်လောက် မေမေ ကုန်ကျခဲ့တာပေါ့နော်။ အဲ့ဒီတော့ မိဘကို ရှာကျွေးတဲ့ သဘောလည်းဖြစ်တယ်။ ကုသိုလ်လည်းရတယ်။ မေမေကတော့ ထိပ်ထိပ်ရဲ့ အနုပညာကြေးတွေကို စုထား ပေးပါတယ်။ ကြီးလာလို့ ထိပ်ထိပ် Album ထုတ်လို့ရှိရင် အဲ့ဒီအထဲကနေ ထုတ်မယ်လို့ပြောပါတယ်'' လို့ သူကဆိုပါတယ်။

Photo: San Htate Htar Facebook

 

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က