အောင်သူနဲ့ အချစ်ရေးအကြောင်းတွေပြောလာပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ အောင်သူ တို့ရဲ့ အချစ်ရေးကတော့ စိတ်ချမ်းသာစရာကောင်းပါတယ်တဲ့။ အနုပညာရှင်တစ်ဦးဖြစ် ပေမယ့် အပြင်လောက က လူတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်လိုက်တာ မှန်တယ်လို့ ပိုးအိအိခန့်က ပြောပါတယ်။

 

မင်းသမီးချောလေး ပိုးအိအိခန့် နဲ့ အောင်မြင်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူ တို့ရဲ့ လက်ရှိ ရပ်တည်နေတဲ့ အချစ်ရေး အကြောင်း တွေကို ပိုးအိအိခန့်က ပြောပြလာပါတယ်။ အချစ်ရေးအကြောင်းတွေ ဖွဲ့ဖွဲ့ နွဲ့နွဲ့ မပြောတတ်ပေမယ့် သူ စိတ်ချမ်းသာနေရပါတယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အချစ်ရေးကိုလေ ဖွဲ့နွဲ့ပြီးတော့ မပြောပြတတ်ဘူး။ စိတ်ထဲမှာလည်း စိတ်ဆင်းရဲတဲ့ အချစ်ရေးရှိမယ်၊ စိတ်ချမ်းသာတဲ့ အချစ်ရေးရှိမယ်။ ညီမ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကတော့ စိတ်ချမ်းသာတဲ့ အချစ်ရေးပါ။ အဲ့ဒီလောက်ပဲ ပြောပြတတ်တယ်'' လို့ သူကဆိုပါတယ်။

 

ပိုးအိအိခန့်ဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် မင်းသားတွေနဲ့ တွဲရိုက်ရတဲ့ အချိန်မှာ ချစ်သူက သဝန်တိုလား ဆိုတဲ့ မေးခွန်း အပေါ် အခုလို ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေရှိတယ် ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ မနက်က တုနှိုင်းမဲ့ မေတ္တာရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' သဝန်တော့ တိုမှာပေါ့နော်။ ဒါပေမယ့် ကိုယ်ကလည်း သဝန်တိုအောင် တစ်ခါမှ မနေဘူး။ သူကလည်း သဝန်တိုအောင် တစ်ခါမှ မနေတော့ နှစ်ယောက်ကြားမှာ အဲ့ဒီလို ကိစ္စပြဿနာတတ်တာကို မရှိပါဘူး။ သူကတောင် နားလည်မှုရှိတယ်။ ဘာမှ ထွေထွေထူးထူး ပြောစရာ မလိုဘူး'' လို့ ဆိုပါတယ်။

ချစ်သူသက်တမ်း ရက်(၁၀၀) ပြည့်သွားပြီဆိုတဲ့ အောင်သူနဲ့ ပိုးအိအိခန့် 

 

သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးနဲ့ပတ်သက်လာရင် အနုပညာလောကထဲက လူကို မရွေးချယ် ခဲ့တဲ့ အကြောင်းကိုလည်း ပိုးအိအိခန့်က ပြောပြလာပါတယ်။

'' အနုပညာလောကထဲက အနုပညာရှင်တစ်ယောက်ကို ကြိုက်မယ်ဆိုရင် စိတ်မချတာမျိုးတွေ ဖြစ်မှာပေါ့နော်။ ကိုယ်ကလည်း စိတ်မချရတဲ့ အလုပ်မျိုး မဖြစ်ချင်ဘူး။ အဲ့ဒီအတွက် အနုပညာရှင်နဲ့လည်း မကြိုက်ဘူး။ ကိုယ့်ကိုလည်း မကြိုက်ဘူး၊ ကိုယ်ကလည်း မကြိုက်ဘူးပေါ့နော်။ ကိုယ်လည်း အနုပညာလောကထဲက မဟုတ်တဲ့ လူတစ်ယောက်ကို ရွေးချယ်လိုက်တာ မှန်ပါတယ်''လို့ သူကဆိုပါတယ်။

 

ပိုးအိအိခန့်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း တုနှိုင်းမဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် နဲ့ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာလည်း အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က