သင်ပုန်းချေခဲ့တာ ကြာပါပြီ။

ခိုင်နှင်းဝေကတော့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သင်ပုန်းချေနိုင်ခဲ့တာ ကြာပြီလို့ ရင်ဖွင့်လာပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွား ရေးလည်း ဆောင်ရွက်နေသလို ပရဟိတလုပ်ငန်းတွေလည်း ဦးစီးနေတဲ့သူဖြစ်ပါတယ်။



 

လက်ရှိမှာ စိတ်ချမ်းချမ်းသာသာနဲ့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သူ့ရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ သူမရဲ့ စိတ်ဆင်းရဲတဲ့ မျက်နှာကို ကြည့်ပြီး ပတ်ဝန်းကျင်ကိုလည်း စိတ်မဆင်းရဲစေချင်ဘူး လို့ Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

''သင်ပုန်းချေနိုင်တာကြာပြီ ဒီနေ့ပြီး နောက်နေ့ကျရင် အစ်မက သင်ပုန်းချေပစ်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေကို ဘယ်တော့မှ ခေါင်းထဲ အကြာကြီးမထည့်ဘူး။ နောက်ပြီးတော့ အစ်မမှာ ရပ်တည်ဖို့ အမေတွေရှိတယ်၊ မိသားစုရှိတဲ့ အတွက်ကြောင့်မို့လို့ အစ်မရဲ့ စိတ်ညစ်တဲ့ မျက်နှာ၊ စိတ်ညစ်တဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်ကိုလည်း မသိစေချင်ဘူး။ အဓိပ္ပာယ်ရှိတဲ့ နေ့သစ်တွေနဲ့ပဲ ဖြတ်သန်း သွားချင်တာဆိုတော့ အစ်မဆုံးဖြတ်ချက်တစ်ခုချပြီးသွားရင် နောက်နေ့ကျရင် သင်ပုန်းချေနိုင်သွားတာပဲ'' လို့ဆိုပါတယ်။

 

ခိုင်နှင်းဝေဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ LGBT တွေနဲ့ ပတ်သက်တဲ့ ကော်ဖီဆိုင်လေးကိုတော့ မကြာခင်က ဖွင့်လှစ်ခဲ့ပါတယ်။ လိင်တူ ချစ်တာ၊ မချစ်တာထက် လူတိုင်းမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိတယ်လို့ အောက်တိုဘာလ ၁ ရက်နေ့ မနက်က တုနှိုင်းမဲ့ မေတ္တာရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' အစ်မတို့ ဆိုင်မှာလည်း LGBT ဆိုပြီးတော့ ဖွင့်ထားတယ်လေ။ အမှန်တကယ်တော့ လိင်တူချစ်တာတွေ၊ မချစ်တာတွေထက် အစ်မကတော့ လူတွေကို ကူညီပေးတယ်။ ပရဟိတလုပ်တဲ့အတွက်ကြောင့်မို့လို့ ကူညီပေးချင်တာ။ အစ်မတို့ဆို မိတ်ကပ်ဆရာတွေနဲ့ ဘယ်တော့မှ မကင်းဘူး။ လူတိုင်းလူတိုင်းမှာ ကောင်းတဲ့လူတွေရှိသလို ဆိုးတဲ့လူတွေလည်းရှိပါတယ်'' သူကပြောပါတယ်။

 

ခိုင်နှင်းဝေရဲ့ ပရဟိတအဖွဲ့အစည်းထဲမှာ ဆိုရင်လည်း LGBT တွေအများကြီးရှိတယ်လို့ ဆိုပါတယ်။ ပရဟိတအလုပ်တွေ အတူတူ ဆောင်ရွက်ရတဲ့ အချိန်မှာလည်း အဆင်ပြေပြေရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' အဓိက ကတော့ လူတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့ပဲ အရေးကြီးတယ်။ လိင်တူချစ်တာ မချစ်တာ ဆိုတာကလည်း ဗုဒ္ဓဘာသာအရဆို ဝဋ်ကြွေး၊ ကံကြွေးပေါ့။ ဒါတွေကို ပြောင်းလဲလို့မရဘူး။ ပြောင်းလဲလို့ မရတဲ့လူတွေကို အစ်မကတော့ မျှော်လင့်ချက် မဲ့အောင် မလုပ်ချင်ဘူး။ ကြိုးစားချင်တဲ့ စိတ်လေးတွေရှိလာအောင် အားပေးတယ်'' လို့ဆိုပါတယ်။

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

 

Share

Loading Next Article...
က္က