အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်ကားပါ။

တိုင်ရွန် အဓိက ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့''တစ်ခုလပ်'' ရုပ်ရှင်ဇာတ်ကားကြီးကို  နိုဝင်ဘာလ ပထမအပတ်မှာ ရုံတင်ပြသ တော့ မှာဖြစ်ပါတယ်။ ဒီ့အတွက်လည်း စိတ်လှုပ်ရှားနေတဲ့အကြောင်းတွေ တိုင်ရွန်က ပြောပြလာပါတယ်။



Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန် ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၂ ရက်နေ့ဆိုရင်မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ တိုင်ရွန်ရဲ့ ကြိုးစား အားထုတ်မှုတွေကို မြင်တွေ့ရမယ်ဆိုတာကို Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အဲ့ဒီဇာတ်ကားထဲမှာလည်း အိုက်တင်ပိုင်းဆိုင်ရာကိုတော့ ပရိသတ်ဘက်က ကြည့်ရင် တော့ အများကြီးရှိတာပေါ့နော်။ ဒါပေမယ့် ဒါကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတဲ့ ဇာတ်ကားဆိုတော့ ကျွန်တော့်ဘက်ကတော့ အပြည့်အဝကြိုးစားထားတာပေါ့ အဲ့ဒါလေးကိုလည်း နားလည်မှုလေးတွေနဲ့ ဖြည့်ပြီးတော့ ကြည့်ပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်။ '' လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ တိုင်ရွန့်အတွက်တော့ ပထမဆုံးအကြိမ် အဓိကသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့အခါမှာလည်း ပရိသတ်တွေဆီက ရောက်ရှိလာမယ့် စကားသံတွေကို ရင်ခုန်ရင်း စောင့်မျှော် နေတယ် လို့လည်း ဆက်လက်ဖြေဆိုထားပါတယ်။

'' တစ်ခုလပ် ဇာတ်ကားထဲမှာ ကျွန်တော်က လူငယ်ပိုင်း၊ အရမ်းဆိုးတယ် မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်နေရာက ပါဝင် သရုပ် ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးက ပရိသတ်အရှေ့ကို ရောက်တော့မှာဆိုတော့ ကျွန်တော်ရင်ခုန်တယ်။ နောက်ပိုင်းရိုက်ထားတဲ့ ဇာတ်ကားတွေမှာတော့ ကျွန်တော် အများကြီး ကြိုးစားထားပါတယ်'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပြီး SG9 Flim Production က ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်နဲ့ လင်းဇာနည်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က