မသေဆုံးခင်အချိန်ထိ အတူတူရှိနေခဲ့ပါတယ်တဲ့။

မင်းသွေး မကွယ်လွန်ခင်က အကြောင်းအရာတွေရဲ့ ဖြစ်ကြောင်းကုန်စင်တွေကို ကောင်းထက်ဇော်က အခုလိုပြောပြ လာပါ တယ်။ ကောင်းထက်ဇော် ဟာ မင်းသွေးနဲ့ ဘောလုံး အတူတူကစားခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ပဲ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

Photo: မင်းသွေး၊ ကောင်းထက်ဇော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်မင်းသွေး မကွယ်လွန်ခင်မှာ ဘောလုံးအတူတူ ကန်ခဲ့ကြတဲ့ ကောင်းထက်ဇော်က ဖြစ်စဉ်အားလုံးအမှန်ကို ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး မင်းသွေး မသေဆုံးခင်အထိ ဆေးရုံကိစ္စအဝဝကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်တို့ ကန်တဲ့ဘောလုံးအသင်းကတော့ ဆရာဝန်တွေ၊ လုပ်ငန်းရှင်တွေပေါင်းပြီး စုကန်ကြတဲ့အသင်းပေါ့နော် ပြောရရင် ဖူဆယ်ကို လမ်းလျှောက်ပြီး ကန်နေကြတဲ့အသင်းပါ။ အဲ့ဒီမှာ သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ သူငယ်ချင်းရှိတယ် တဲ့ မင်းသားတဲ့ မင်းသွေး ဆိုတော့ အနုပညာသမားအချင်းချင်းဆိုတော့ ခေါ်လိုက်လို့ရတယ်ပေါ့။ အဲ့ဒီမှာ ၁၅ ယောက် ဆိုတော့ ၅ ယောက် ၃ သင်းကန်တယ်။ သူ့ အသင်းက ရှုံးသွားတယ်၊ ကွင်းရဲ့ ဘေးမှာ ထိုင်ပြီးတော့ ရေသောက်လိုက်တယ်။ ပြီးတော့ ဘယ်ဘက်ကို လှဲသွားပြီးတော့ တစ်ကိုယ်လုံးတွန့်လာတယ်။ ပြီးတော့ အသံကြီး ထွက်လာတယ်ပေါ့နော်'' လို့ သူကဆိုပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

မင်းသွေး နဲ့အတူဘောလုံးကန်ကြသူတွေထဲမှာ ခွဲစိတ်ဆရာဝန်တွေ၊ အထွေထွေကုသမှုပေးနိုင်တဲ့ ဆရာဝန်တွေလည်း ပါဝင်တယ်လိ့ု သိရပါတယ်။ မင်းသွေးရဲ့ အခြေအနေကို ကြည့်ပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြပေမယ့် အဆင်မပြေတာကြောင့် ဆေးရုံ ချက်ချင်း တင်ခဲ့ရတယ်လို့လည်း ကောင်းထက်ဇော်က ဆက်လက် ပြောပြလာပါတယ်။

'' ကျွန်တော်တို့ ကန်တဲ့လူတွေမှာ ခွဲစိတ်ဆရာဝန်တွေလည်းပါတယ် ဆိုတော့ ချက်ချင်း အရေးပေါ်ကယ်ရေးတွေ လုပ်ပြီး ဆရာဝန် တစ် ယောက်က အခြေအနေမကောင်းဘူး ဆေးရုံချက်ချင်း တင်မှရမယ်ဆိုတော့ နီးစပ်ရာဆေးရုံဖြစ်တဲ့ ပါရမီဆေးရုံကို ပို့ခဲ့တယ်။ အလွန်ဆုံး ကားမောင်းတာက ၄ မိနစ်လောက်ပဲရှိမယ်။ အားလုံးပေါင်းလိုက်မယ် ဆိုရင် ဖြစ်ဖြစ်ချင်း အချိန်နဲ့ ဆေးရုံရောက်တဲ့ အချိန်ဆို ၁၀ မိနစ် လောက် ပဲရှိမယ်။ '' လို့ ဆိုပါတယ်။

မင်းသွေး သေဆုံးချိန်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ကြုံခဲ့ရတဲ့ စည်ဖြိုး 

Photo: ကောင်းထက်ဇော်ဖေ့စ်ဘွတ်

 

မင်းသွေးရဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး အသက်ကယ်ဆေးတွေနဲ့ ကုသခဲ့ပေမယ့်လည်း နောက်ဆုံးအဆင့်မှာတော့ ဆရာဝန် ကြီးတွေက လက်လျှော့ခဲ့ရတယ်လို့ ဝမ်းနည်းပူဆွေးရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မိသားစုကို အကြောင်းကြားဖို့ကိုလည်း မင်း သွေး ရဲ့ သူငယ်ချင်းလည်း ဖြစ်သလို သူ့ရဲ့ သူငယ်ချင်းလည်း ဖြစ်တဲ့ လူတစ်ယောက်ကို အကူအညီတောင်းခဲ့ရတဲ့အကြောင်း ပြောပြလာပါ တယ်။

''ဆေးရုံလည်း ရောက်ရောက် အသက်ကယ်ဆေးနဲ့ ၃ ခါ အသက်ကယ်ပါတယ်။ ဆရာဝန်ကြီးတွေရောက်လာပြီး ကုသတဲ့အချိန်မှာလည်း နှလုံးပြန်ခုန်လာတော့ ဝမ်းသာသွားတယ်။ အဲ့ဒီနောက် ၄၅ မိနစ်လောက် နေတော့ ဆရာဝန်ကြီးတွေလည်း ဘယ်လိုမှ ကူလို့မရတော့တဲ့ အခြေအနေဖြစ်သွားတယ်ပေါ့နော်။ ကျွန်တော့်မှာ ကိုနေတိုးဖုန်းနံပတ် မရှိတဲ့အတွက် မင်းသွေးရဲ့ သူငယ်ချင်းကိုပဲ မိသားစုကို အကြောင်း ကြား ပေးဖို့ အကူအညီတောင်းလိုက်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က