နေတိုးက အနေအေးတာကို

မင်းသွေးသေဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် မခိုင်လေးတစ်ယောက် တော်တော့်ကို စိတ်မကောင်းဖြစ် လို့နေပါ တယ်။ အောက်တိုဘာ(၄) ရက်နေ့ကလည်း နေတိုးရဲ့ Stroy Book မှာ ပဋ္ဌာန်းရွတ်ရင်း မင်းသွေးအတွက် အမျှအတန်းပေးဝေခဲ့ သေးတယ်လို့ ဆိုပါတယ်။



 

မင်းသွေးသေဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် မခိုင်လေးတစ်ယောက် တော်တော့်ကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ နေတိုးထက် မင်းသွေးနဲ့ ပိုပြီး ရင်းနှီးတဲ့ မခိုင်လေးဟာ မင်းသွေးသတင်းကို ကြားကြားရင် ရင်ထဲမှာ တစ်ဆို့ပြီး အိပ်လို့မပျော်တောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"သူနဲ့တစ်ခါတွေ့ဖြစ်တဲ့အခါ လေးပေ့ါအဲ့မှာဆိုရင် နေတိုးထက်စာရင် သူနဲ့ ပိုပြီးရင်းတယ်။ ဘာလို့လည်းဆိုတော့ နေတိုးက အနေအေး တယ်။ ဇာတ်ကားတွေသာ အများကြီးတွဲရိုက်ဖူးတာ။ နေတိုးက စကားလည်းနည်းတော့လေ။ မင်းသွေးနဲ့ကိုယ်နဲ့က နေတိုးထက်စာရင် သူနဲ့ပိုပြီး စကားပြောဖြစ်တယ် ဆိုဖြစ်တယ်။ သူက အရမ်းလည်းသွက်တယ်။ အရမ်းလည်းသဘောကောင်းတယ်။ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်း လင်းရှိတယ်။ ပိုပြီးတော့ စကားပြောဖြစ်တယ်။ တစ်နှစ်မှ တစ်ကြီမ် ပဲပေ့ါ။ မနေ့က အွန်လိုင်းမှာ သူ့သတင်းမြင်သွားတော့ ကိုယ်နဲ့ အရမ်း လည်း မရင်းနှီးဘူး။ မတွေ့ဖြစ်တာ နှစ်နဲ့တောင် ချီနေပါပြီး။ ဒါပေမယ့် အဲ့လိုကြီးဖြစ်သွားတော့ ကာယကာရှင် မပြောနဲ့ ကိုယ်တောင်မှာ ရင်ထဲမှာ တစ်ဆို့ပြီး အိပ်လို့မရတော့ဘူး။ " ဆိုပြီး ခိုင်သင်းကြည်က အောက်တိုဘာ(၅) ရက်နေ့က ပြုလုပ်တဲ့ "အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာပါ။

 

အောက်တိုဘာ(၄) ရက်နေ့ကလည်း နေတိုးရဲ့ Stroy Book မှာ ပဋ္ဌာန်းရွတ်ရင်း မင်းသွေးအတွက် အမျှအတန်းပေးဝေခဲ့သေးတယ်လို့ ဆိုပါတယ်။

"မနေ့က night scean ရှိတယ်။ အဲ့ဒါက ကိုနေတိုးတို့ စတူဒီယိုမှာပဲ ရိုက်တာ။  ကိုနေတိုးရဲ့ ဘုရားခန်းလေးကလည်း အရမ်းသပ္ပာယ်တယ်။ မခိုင်က အဲ့ရောက်မှ ပဋ္ဌာန်းရွတ်ဖြစ်တယ်။ ပဋ္ဌာန်းလေး ရွတ်ပြီးမင်းသွေးအတွက်လည်း နာမည်လေးခေါ်ပြီး အမျှလေး ပေးခဲ့ပါတယ်။ ကောင်းရာမွန်ရာကို ရောက်မှာပါ။ သူက စိတ်ရင်းလေးလည်း အရမ်းကောင်းပါတယ်" လို့ မခိုင်လေးက ဆက်လက်ပြောပြခဲ့ပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ရာက နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ တနင်္ဂနွေနေ့ကျရင် ရေဝေးသုဿန်မှာ သင်္ဂြိုလ်မယ်လို့ မင်းသွေးရဲ့ဦးလေးတော်စပ်သူ ဦးမြင့်လွင်ရဲ့ ပြောစကား အရ သိရပါတယ်။

 

ခိုင်သင်းကြည်ဟာ မကြာခင်မှာ "အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ထွန်းအိန္ဒြာဗို၊နေခြည်ဦးတို့နဲ့အတူ ပါဝင် ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို ငပလီမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပြီး "ခခခ" ရုပ်ရှင်ထုတ်လုပ်ရေးက ဒုတိယအကြိမ် မြောက် ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က