သမ္မတကြီးထံ ပေးစာရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ထားပါတယ်။

မေဆူးမောင်က ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ ရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

 

သရုပ်ဆောင်မေဆူးမောင်ဟာ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ သမ္မတကြီးထံ ပေးစာ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရကတည်းက အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ် ဆိုတာကို Duwun Media ရဲ့ အင်တာဗျူး မှာ ဖြေဆိုခဲ့ပါတယ်။

''ကိုဝိုင်းရိုက်မယ့် ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရကတည်းက အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုဝိုင်းရဲ့ ပရိသတ်ပါ။ အရင် ကဆို ကိုဝိုင်းရိုက်တဲ့ ဇာတ်ကားတွေ တစ်ခုမှ မလွတ်ဘူး အားပေးတယ်။ ရိုက်ချက်တွေကလည်း အရမ်းမိုက်တယ်။ အခုလို ကမ်းလှမ်းခံ ရ တော့ အရမ်းဝမ်းသာခဲ့ရပါတယ်''လို့ ဆိုပါတယ်။

 

မေဆူးမောင်ဟာ မော်ဒယ်တစ်ယောက်အနေနဲ့  အနုပညာလောကမှာ ရပ်တည်နေတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' ကာရိုက်တာနဲ့ ပတ်သက်ပြီး ကိုဝိုင်းကလည်း သေသေချာချာ သင်ပေးတယ်။ အရမ်းကို ကောင်းစေချင်တယ်၊ ပြီးတော့ ညီမက ၁ လောက် ကောင်းနေရင်တောင် ကိုဝိုင်းက ညီမကို ၁၀ လောက်အထိ ကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဆိုပြီးတော့ အောက်တိုဘာ လ ၄ ရက်နေ့ညက သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

သတ္တိတွေအများကြီးမွေးပြီး ကြိုးစားထားတယ်ဆိုတဲ့ ဖွေးဖွေး 

မေဆူးမောင်ဟာ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ ဝိုင်းရဲ့ သင်ကြားမှုတွေအပေါ် အရမ်းသဘောကျမိတဲ့ အကြောင်းပြောပြလာပါတယ်။ ဇာတ်ကောင် ကာရိုက်တာနဲ့ အံဝင်ဂွင်ကျဖြစ်အောင် ပြတ်ပြတ်သားသား ပြောဆို သင်ကြားမှုတွေကလည်း သူမ အတွက်တော့ အင်အားတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

'' အရမ်းသဘောကျတယ်၊ အပြင်မှာ ညီမတို့ရိုက်ကူးတဲ့ ဒါရိုက်တာတွေက အဲ့ဒီလို သေသေချာချာ သင်ပေးတယ်ဆိုတာ အရမ်းမရှိဘူး။ တစ်ခါ တလေ ဆူတာ၊ အော်တာ၊ ငေါက်တာဆို စိတ်ဆိုးသွားမလားဆိုပြီ တချို့ ဒါရိုက်တာတွေက မသင်ပေးတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်။ ကိုဝိုင်း က အဲ့ဒီလို မဟုတ်ဘူး စကားပြောတာ ပြတ်ပြတ်သားသားနဲ့ ညီမကို သင်ပေးတယ်။ ကိုဝိုင်း ပြောဆို ဆုံးမတာတွေက ညီမ အတွက် အားပိုဖြစ်လာစေပါတယ်'' လို့ သူကဆိုပါတယ်။

 

မေဆူးမောင်ဟာ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နိုက်ကလပ်မှာ သီချင်းသီဆိုရတဲ့ မိန်းကလေး တစ်ဦးရဲ့ ကာရိုက်တာ အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ ချမ်းမင်း ရဲထွဋ်၊ အရိုင်း၊ ဖွေးဖွေး နဲ့ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလ ၁၉ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က