Relationship တစ်ခုကို လွယ်လွယ်လေးနဲ့ ဖြတ်ခဲ့တာ မဟုတ်ဘူးတဲ့။

ရွှေအိမ်စည်က Relationship တစ်ခုမှာ နားလည်မှုတွေ လိုအပ်တယ်တဲ့။ ညှိုနှိုင်းလို့မရတဲ့ အခြေအနေတစ်ခုမှာ ပြတ်သားတဲ့ Decision တစ်ခုကို ချဖို့ လိုအပ်တာကြောင့် ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ရွှေအိမ်စည်က ဆိုပါတယ်။ (၂) နှစ်ကျော်ကြာ တွဲလာတဲ့ Relationship တစ်ခုကို လွယ်လွယ်လေးနဲ့ ဖြတ်ခဲ့တာမျိုးမဟုတ်တာပါဘူးတဲ့။

 

ရွှေအိမ်စည်က Relationship တစ်ခုမှာ နားလည်မှုတွေ လိုအပ်တယ်တဲ့။ ညှိုနှိုင်းလို့မရတဲ့ အခြေအနေတစ်ခုမှာ ပြတ်သားတဲ့ Decision တစ်ခုကို ချဖို့ လိုအပ်တာကြောင့် ယခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ရွှေအိမ်စည်က ဆိုပါတယ်။ (၂) နှစ်ကျော်ကြာ တွဲလာတဲ့ Relationship တစ်ခုကို လွယ်လွယ်လေးနဲ့ ဖြတ်ခဲ့တာမျိုးမဟုတ်တာပါဘူးတဲ့။

 

အဲ့ဒါကြောင့် သူမအချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်မှာတော့ စိတ်ညစ်စရာတွေ မစဉ်းစားချင်သေးဘူးလို့ဆိုပါတယ်။

"ခံစားချက်က အခုမှ အိမ်စည်က ငွေဆောင်က ပြန်လာတာဆိုတော့ ဘာပဲ ပြောပြော ပေ့ါပေ့ါပါးပါးတော့ ရှိတာပေ့ါနော်။ ပျော်ရွှင်နေတယ်။ စိတ်ညစ်စရာတွေ မစဉ်းစားချင်သေးဘူးပျော်ပျော်ပဲ နေချင်တယ်။ လွယ်လယ်လေးနဲ့ ပြတ် တယ်လို့တော့ ပြောလို့မရပါဘူး။ ဘယ်အရာမှ မလွယ်ဘူးလေ အချိန်အတိုင်းအတာ ပိုကြာသွားရင် နှစ်ယောက် စလုံးအတွက် ပိုပြီးတော့ အခက်အခဲ ဖြစ်လာမှစိုးလို့သာ ဒီလိုဆုံးဖြတ် ချက်မျိုး ကို လုပ်လိုက်ရတာပါ။ တွဲတုန်းကလည်း အိမ်စည့်အနေနဲ့ လူသိရှင်ကြားတွဲတယ်။ အခုပြတ်တော့်လည်း အိမ်စည်ပြောတယ်ပေ့ါနော်။ ပရိသတ် တွေကို စိတ်ညစ်စေချင်လို့မဟုတ်ဘူး။ အိမ်စည့်ဘက်က တကယ်ကို မခံစားနိုင်တော့လို့နှစ်ယောက်စလုံး အတွက်လည်း အဆင်မပြေတော့လို့ လုပ်လိုက်တာပါ။ အဲ့ဒါလေးကို အားလုံးကို အသိပေးတဲ့ ပုံစံလေးပါ" ဆိုပြီး အောက်တိုဘာ(၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Wacoal ပွဲမှာ မီဒီယာ တွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

 

သူမရဲ့ ပရိသတ်တွေတချို့ကလည်း အဆုံးသတ်လိုက်တဲ့ သူမတို့ Relation အတွက် စိတ်မကောင်းဖြစ်နေကြသလို တချို့ပရိသတ်တွေကလည်း သူမဘက်က ထောက်ခံအားပေးထားတာကို တွေ့ရပါတယ်။ လက်ရှိမှာ သူမကိုယ်ကို ဘယ်လိုဖြစ်နေမှန်းတောင် မသိဘူးဆိုပြီး သူမရဲ့ စိတ်ခံစာ းချက်ကို ဆက်လက်ပြောပြထားပါသေးတယ်။

" အိမ်စည်ရဲ့ ခံစားချက်ကလေ အခုနေ ဘာဖြစ်နေမှန်း အိမ်စည်မသိနိုင်ဘူး။ ရှုတင်တစ်ခုနဲ့တစ်ခုမှာလည်း အိမ့်စည်ရဲ့ စိတ်ခံစားချက်က တူချင်မှ တူလိမ့်မယ် ကိုယ့်ကိုကိုယ်တောင် မခံမှန်းနိုင်တဲ့နေ့မှာ ဘာဖြစ်နေမှန်းတောင် မသိဘူး။ ဖြစ်တဲ့အတိုင်းကိုပဲ ဖြစ်သလိုပဲ ခံယူကြတာ ပေ့ါနော်။ အိမ်စည်အခုရက်ပိုင်းအတွင်း အိမ်စည် ဖေ့စ်ဘွတ်တောင် သိပ်မသုံးဖြစ်ဘူး။ ပေ့ချ်မှာပဲ Scheduled ပေးပြီး သုံးဖြစ်တော့တယ်" ဆိုပြီး ဆက်လက် ပြောပြထားပါတယ်။

အိမ်ထောင်မှု မလုပ်ချင်ဘူး ပိုက်ဆံပဲ ရှာချင်တာဆိုတဲ့ ရွှေအိမ်စည် 

ရွှေအိမ်စည်ဟာ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်တော့မယ့် Miss Supranational 2018 ပြိုင်ပွဲကို ဒီဇင်ဘာလအတွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အကြောင်း ကို လည်း မီဒီယာတွေက နေတဆင့်ပြောပြခဲ့ပါတယ်။

'' ၁၁ လပိုင်းမှာ Camp စဝင်ရမယ်။ ပြိုင်ရမယ့် နိုင်ငံကတော့ ပိုလန်နိုင်ငံပေါ့နော်။ ပြိုင်ပွဲကတော့ ၆ ရက်၊ ၇ ရက်လား မသိဘူး။ ဒါပေမယ့် ၁၁ လပိုင်းမှာ အရင်သွားနှင့်ရမယ်။ ပြင်ဆင်မှုအနေနဲ့ကတော့ အဓိက ဖက်ရှင်အပိုင်းဆိုင်ရာမှာ အရမ်းကို မိုက်နေစေချင်တယ်။ Evening Grown တွေ ကိုလည်း ကြည့်လိုက်ရင် ဝါး လို့ ဖြစ်နေမယ့် အရာမျိုးလေးတွေပြင်ဆင်နေပါတယ်'' လို့ စက်တင်ဘာလ ၄ ရက်နေ့က Palmolive 2018 ပြိုင်ပွဲ ကျင်းပပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ဖြေဆိုခဲ့ပါတယ်။

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က