ချစ်သူရည်စားတောင် မရှိပါဘူးတဲ့။

ချစ်သူရည်းစား မထားတတ်တဲ့ မေမြတ်နိုးက မိဘစကား နားထောင်တဲ့ ကလေးတစ်ယောက်ပါလို့ ဆိုပါတယ်။ သူကိုယ်တိုင် ခံယူချက် ထား ထားတဲ့ အချစ်ရေးအကြောင်းတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။

 

သရုပ်ဆောင်မေမြတ်နိုး ဟာ မိဘစကားကို နားထောင်တတ်တဲ့ ကလေးတစ်ယောက်ပါလို့ဆိုပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပေမယ့်လည်း ကိုယ့်ထက်အတွေ့အကြုံပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ဆုံးမစကားကို နားထောင်တာ များတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မြတ်နိုးက မိဘစကားနားထောင်တဲ့ ကလေးပါ။ မိဘရဲ့ မေတ္တာမဆူးချင်ဘူး၊ မိဘစကားနားမထောင်တဲ့ကလေး တော်တော်များများကလည်း လမ်းမှားကိုရောက်တယ်။ အဲ့ဒါကိုကြောက်တယ်၊ အမေဆိုတာ ကိုယ့်ထက် အတွေ့အကြုံတွေအများကြီးရှိတဲ့သူ ဖြစ်တဲ့အတွက် အမေ့စကားကို နားထောင်ဖြစ်တာများပါတယ်"လို့ ဆိုပါတယ်။

 

မိဘစကား နားထောင်တတ်တဲ့ သမီးလေး မေမြတ်နိုးက အခုချိန်ထိ ချစ်သူ၊ ရည်းစားမထားသေးဘူးလို့ဆိုပါတယ်။ ဒါကလည်း မိဘတွေက ခွင့်ပြုချက်မပေးထားသလို သူကိုယ်တိုင်ကလည်း စိတ်ရှုပ်မခံတတ်တာကြောင့်ပါ ဆိုပြီးတော့ အောက်တိုဘာလ ၁ရက်နေ့က Clear ခေါင်းလျှော်ရည်သစ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' Single is the best ပါ။ Single ဖြစ်တာတော့ ကြာပါပြီ။ မြတ်နိုးကို အမေက ရည်းစားထားခွင့်မပေးထားဘူး။ အဓိက ကတော့ အလုပ်လုပ်နေ ရတဲ့အတွက် ငယ်လည်း ငယ်သေးတဲ့အတွက်ကြောင့်ပါ။ ရည်းစားထားတယ် ဆိုရင် အပြည့်အဝအချိန်ပေးရတယ်လေ။ မပေးလည်းရပါတယ် လို့ပြောတဲ့သူတောင်မှ အချိန်လိုချင်တယ်ပေါ့ ကိုယ်တွေသူငယ်ချင်းတွေမှာ တွေ့နေရတယ်။ မက်ဆေ့ချ်မပို့လို့၊ ဖုန်းမဆက်လို့ ဆိုပြီးတော့ အာရုံနောက်တာကို မခံနိုင်လို့ပေါ့'' လို့ ဆိုပါတယ်။

နိုင်ငံခြား အေဂျင်စီတစ်ခုနဲ့ အလုပ်လုပ်နေတဲ့ မေမြတ်နိုး 

 

အနုပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေရတဲ့ မေမြတ်နိုးက သူ ခံယူထားတဲ့ အချစ်အကြောင်းကိုလည်း ဆက်လက်ပြောပြ လာပါတယ်။ ပူလောင်တဲ့ အချစ်မျိုးကိုလည်း မေမြတ်နိုးက မကြိုက်ဘူးလို့ ဆိုပါတယ်။

'' ရည်းစားထားတဲ့အချစ်က မြတ်နိုးမြင်တာက ရယူချင်တဲ့ အချစ်မျိုးပေါ့နော်။ အဲ့ဒီအချစ်မျိုးကို မြတ်နိုးမကြိုက်ဘူး။ ပူလောင်တယ်ပေါ့နော်။ ပရိသတ်တွေကို ချစ်ရတာကြိုက်တယ်၊ ပရိသတ်တွေက သူတို့ကလည်း ပျော်ပျော်ကြီးချစ်တာ၊ ကိုယ်ကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပျော်ပျော်ကြီးလက်ခံပြီးချစ်တာ ဆိုတော့ အေးချမ်းတယ်၊ မေတ္တာပေါ့နော်'' လို့ သူကဆိုပါတယ်။

 

မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျှက်ရှိတာကိုတွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က