AD
AD
AD

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲတစ်လျှောက် ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖို့ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုလက်ရှိရော ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိနေပြီလား။

play
Photo : ချမ်းမြေ့မောင်ချို FB

 

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲတစ်လျှောက် ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖို့ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုလက်ရှိရော ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိနေပြီလား။ သူမအနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

play
Photo : ချမ်းမြေ့မောင်ချို FB

 

"ဝေဖန်တိုက်ခိုက်မှုတွေက အများကြီးပါပဲ။ အစတုန်းကတော့ အဲ့အပေါ်မှာ နည်းနည်းတော့ အားငယ်တယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ့်စိတ်ကို ပြန်သတ်သလိုပဲလေ။ အခုတော့ ကိုယ်လုပ်စရာရှိတာလုပ်တယ်။ ပြိုင်ပွဲဝင်တုန်းကလည်းကိုယ့်သီချင်းကောင်းဖို့ Team Work လေးကောင်း ဖို့ရယ် အများကြီး ကြိုးစားရတာပေါ့။ ဝေဖန်မှုအပေါ်မှာ စိတ်ထိခိုက်တဲ့အချိန်တွေတော့ ရှိခဲ့တယ် ။ ဒါပေမယ့် အကြာကြီးတော့ မဟုတ်ဘူး" စက်တင်ဘာ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City Mall (၁)နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

play
Photo : ချမ်းမြေ့မောင်ချို FB

 

ပြိုင်ပွဲတစ်လျှောက်မှာလည်း သူမရဲ့ မိခင်ဟာ သူမဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။ အဲ့လို ရပ်တည်ပေးခဲ့တဲ့အပေါ်မှာလည်း တချို့သောသူများက သူမဟာ သူမရဲ့ မိခင်ကြောင့် ဝေဖန်မှုတွေများရဆိုပြီး မှတ်ချက်ချကြတာလည်း ရှိပါတယ်။ အဲ့လိုမှတ်ချက်တွေပေါ် ချမ်းမြေ့မောင်ချိုက ယခုလို ချေပလိုက်ပါတယ်။

play
Photo : ချမ်းမြေ့မောင်ချို FB

 

"မိဘဆိုတော့လည်း သားသမီးကို ပြောတဲ့အခါမှာ သူလည်း မိဘအနေနဲ့ မခံနိုင်ဖြစ်တာပါ။ သူသူကိုယ်ကိုယ်ပဲလေ မိဘတိုင်း ကတော့ ဒီလိုပဲ ဖြစ်မျာပဲ။ ဘာမှတော့ မပြောချင်ဘူး။ ပြောတဲ့သူကတော့ ပြောမှာပဲလေ။ ကိုယ်မှန်အောင် နေဖို့ပဲ လိုတာလေ။ အမေဝေဖန်ခံ ရတာ တွေလည်း သိတယ်။ ဒါပေမယ့် ဘာမှပြောလေ့မရှိဘူး။ သမီးလည်း ဘာမှတုန့်ပြန်တာမျိုးမရှိဘူး။လူတွေကတော့ သမီးကို ဘာမှမခံစားရဘူးလို့ ထင်ကြ မယ်။ အမှန်တော့ အများကြီး ခံစားရတယ်။ ဒါပေမယ့် ကိုယ်ခံစားရတဲ့ဟာကို ပြောရင် တချို့လူတွေက ဂရုစိုက်တာရှိမယ် ဂရုမစိုက်တာ ရှိမယ်။ ပြောလည်း ဘာမှမထူးဘူး။ပြောတဲ့သူက ကျန်နေဦးမှာပဲဆိုတော့ ဘာမှလည်းမပြောသလို ဘာမှလည်း မခံစားတော့ဘူး။ " လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

play
Photo : ချမ်းမြေ့မောင်ချို FB

 

ဒီလမ်းကြောင်းပေါ်မှာ လျှောက်နေပြီဆိုရင်တော့ လူတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံရမှာပါဘဲလို့ သူမက ဆိုပါတယ်။

"လူပေါင်းစုံ ပြောကြမှာ။ဒေါင့်ပေါင်းစုံက ပြောမှာ။အဲ့တော့ ကိုယ်လုပ်စရာရှိတာလုပ်မယ် မှန်အောင်နေမယ် ကိုယ်ရောက်နေတဲ့လမ်မးကနေ ပိုကောင်းသထက် ကောင်းအောင်ကြိုးစားမယ်။ ဝေဖန်မှုတွေအပေါ်မှာတော့ စိတ်တော့ညစ်တာပေါ့နော်" ဆိုပြီး သူမရဲ့ ခံစားချက်ကို ပွင့်ပွင့် လင်းလင်းလေး ဖြေဆိုပေးခဲ့ပါတယ်။

Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့တဲ့ မောင်ချိုက လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေတာ တွေ့ရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD