ပရိသတ်တွေအတွက် ဗဟုသုတအမြင်တွေရစေမှာပါ။

ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲကို အပိုင်း ၃ အနေနဲ့ ဆက်လက် ရိုက်ကူးနိုင်ဖို့ ကြိုးစားနေတယ်လို့ အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ ဒီဇာတ်လမ်းတွဲ အပိုင်း ၃ ကနေ ပရိသတ်တွေ ရရှိစေနိုင်မယ့် သင်ခန်းစာ တွေကိုလည်း အခုလိုပြောပြထားပါတယ်။

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီဆွေဇင်ထိုက်ဟာ '' နေရယ်၊ လရယ်၊ အမှန်တရားရယ်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို Season 3 ရိုက်နိုင် ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ Season 3 မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်းအရာတွေကို ဖော်ပြသွားမယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' Season 3  ကိုလည်း ကျွန်မရိုက်ပြဖို့ ခေါင်းထဲမှာ စဉ်းစားထားတာရှိပါတယ်။ တကယ်လို့ Season 3 သာရိုက်ဖြစ်ခဲ့မယ်ဆိုရင် အဂတိလိုက် စားမှု တိုက်ဖျက်ရေးကိုရိုက်မှာပဲ။ အခုရိုက်တဲ့ Season 2 ထဲမှာက အခုရိုးရိုးလူတွေရဲ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရိုက်ပြတာ။ Season 3 ဆိုရင်တော့ ကျွန်မက Target တစ်ခုကိုထားမှာ။ လွှတ်တော်ထဲမှာ ဘယ်သူတွေ အဂတိလိုက်စားနေသလဲ။ တရားရုံးတွေမှာ အဂတိလိုက်စား မှုက ဘယ်လိုတွေဖြစ်နေလဲ အဲ့ဒီလိုတွေ ပြဖို့ စိတ်ကူးထားပါတယ်'' လို့ ဆိုပါတယ်။

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

'' နေရယ်၊ လရယ်၊ အမှန်တရားရယ်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ Season 1 နဲ့ Season 2 တို့ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုရရှိထားတဲ့ ဇာတ်လမ်းတွဲ တွေ ဖြစ်တယ်လို့ သိရပါတယ်။ Season 3 မှာရိုက်မယ့် ဇာတ်လမ်းတွဲကနေ ပရိသတ်တွေကို ရစေချင်တဲ့ Message အကြောင်းကို ဆက်လက်ပြောပြလာပါတယ်။

'' ဒါက တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူပြည်သားတွေကို စိတ်ကို အာဟာရပေးရတာ၊ အတွေးအခေါ်တွေ၊ ဦးနှောက်တွေကို အာဟာရပေးရတာဖြစ်ပါတယ်'' ဆိုပြီးတော့  သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားအထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

ရဲရင့်အောင်ကို ဝင်းဦးပေါက်စလေးလို့ အန်တီဆွေဇင်ထိုက်က ညွှန်းဆို 

လူမှုဘဝတွေမှာတွေ့ကြုံခံစားနေရတဲ့ အနိမ့်၊အမြင့် အတက်၊အကျ တွေကို လက်တွေ့ဘဝနဲ့ နီးနီးစပ်စပ်ရိုက်ကူးပုံဖော်ပြသထားတဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ အကြောင်းကိုလည်း အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ဇာတ်လမ်းရဲ့ Theme ကတော့ တရားဥပဒေစိုးမိုးရေးကို ပြောတာပေါ့နော်။ အဲ့ဒါကြောင့် တရားဥပဒေနဲ့ ညီညွှတ်တဲ့ အကြောင်းအရာတွေက ဘာတွေလည်းပေါ့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံရရင် တရားမျှတမှုစင်တာတွေမှာ သွားရောက်ပြီးတော့ အကာအကွယ် အခမဲ့ ရယူနိုင်ဖို့ အတွက်ကိုလည်း တိုက်တွန်းထားပါတယ်'' လို့ ဆိုပါတယ်။

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူး ထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက ပံ့ပိုးကူညီပြီး ဗြိတိသျှကောင်စီ က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ My Justice စီမံကိန်း၊ Pyoe Pin Institute ၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ရဲ့ Communication Services Group တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Yangon Film Services(YFS) ကတည်းဖြတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်အခြေစိုက်ဥပဒေအကျိုးဆောင်လုပ်ငန်းတွေကို ဦးဆောင် ဆောင်ရွက် နေတဲ့ MLAW  အဖွဲ့ကလည်း မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က