သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေပြောလာပါတယ်။

ကျော်ကျော် တစ်ယောက် သူငယ်ချင်းဖြစ်သူ မင်းသွေး ကွယ်လွန်ခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ အများ ကြီး ရခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေး သေဆုံးတဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့ နေတိုးကို အိပ်မက်လာပေးတယ်လို့ ဆက်လက် ပြော ပြ လာပါတယ်။



Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ကျော်ကျော်က သူငယ်ချင်းဖြစ်သူ မင်းသွေး ရုတ်တရက်ကွယ်လွန်သွားတဲ့ ဖြစ်ရပ်အပေါ်မှာ သင်ခန်းစာတွေအများကြီးရတယ် လို့ဆိုပါတယ်။ သူ့ စိတ်ထဲကနေ ရရှိခဲ့တဲ့ သင်ခန်းစာအနေနဲ့ အမုန်းတရား၊ မာန်မာန နဲ့ တိုက်ခိုက်မှုတွေ မရှိအောင် ချစ်ချစ်ခင်ခင် နေထိုင်ရမယ်ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သင်ခန်းစာကတော့ အများကြီးရပါတယ်။ အကျဉ်းချုပ်ပြီးတော့ လိုအပ်တာပြောရရင်တော့ ကျွန်တော့်သူငယ်ချင်း ကျွန်တော်တို့ကို ပေးသွား တဲ့ သင်ခန်းစာက မင်းတို့တွေ မဟုတ်တဲ့နေရာတွေမှာ မာန်မာနတွေ၊ အမုန်းတရားတွေ၊ တိုက်ခိုက်တာတွေ မလုပ်ပဲနဲ့ အတတ်နိုင်ဆုံးရှိတဲ့ အချိန်မှာ ချစ်ချစ်ခင်ခင်နေသွားကြပါ။ သေခြင်းတရားဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတယ် ဆိုပြီးတော့ သိလိုက်ရတယ်'' လို့ဆိုပါတယ်။

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

မင်းသွေးရဲ့ ရုပ်အလောင်းကို ၅ ရက်ထားဖြစ်တဲ့ အကြောင်းကိုလည်း ကျော်ကျော်က ဆက်လက်ပြောပြလာပါတယ်။ ဒါကလည်း ကိုနေတိုးကို မင်းသွေးက အိပ်မက်လာပေးတာကြောင့် ထားဖြစ်သွားတာဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ညက '' တော်တော်ဖြစ်နေလား'' ရုပ်ရှင် အထူးပြသပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

'' ကိုနေတိုးကတော့ အိပ်မက် မက်တယ်လို့ပြောတယ် ခင်ဗျ။ အဲ့ဒါကြောင့် မင်းသွေးကို စောစော မသဂြိုဟ်ဘဲ ၅ ရက်လောက် ထားပြီးတော့ မှ သဂြိုဟ်တယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဆုံးတဲ့နေ့ကတော့ အစ်ကို့ကို အိပ်မက်လာပေးတယ်တဲ့ သူ့ကို ၅ ရက်လောက်ကထားပါဆို ပြီး တော့ အိပ်မက်ပေးတဲ့ အတွက်ကြောင့်မို့လို့ အဲ့ဒီလို ထားဖြစ်တာပါ'' လို့ သူကဆိုပါတယ်။

ဘောလုံးကို ချစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲ 

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

ကျော်ကျော်ဟာ သူငယ်ချင်းမင်းသွေး သေဆုံးသွားပြီးတဲ့အချိန် အွန်လိိုင်းစာမျက်နှာပေါ်မှာ တက်လာတဲ့ အပြောင်အပျက်လုပ်ထားတဲ့ ပုံတွေ တွေ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မင်းသွေးက မသေခင်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့ အကျိုးတွေကြောင့် သူ့အတွက်တော့ သူငယ် ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' Troll ထားတာတွေ တွေ့ပါတယ်။ မင်းသွေးတင်ထားတဲ့ ဓာတ်ပုံတွေဆို Like နည်းနည်းပဲရတယ်။ သေဆုံးသွားတော့မှ Like အများကြီးရတယ် ဆိုပြီးတော့ ပရိသတ်တွေဝန်းရံကြတော့ ဖေ့စ်ဘွတ်ဆိုတာရှိနေကြလို့ ဒါဟာ အပေါ်ယံပဲ။ အဓိက က သူ့အသက် ၃၃ နှစ်အတွင်းမှာ သူဘာ တွေ လုပ်ခဲ့သလဲ။ တကယ်သိချင်တဲ့သူလည်း သိမယ်။ မသိချင်တဲ့ သူလည်း မသိဘူး။ သူလုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားပြီးတော့မှ ကျွန်တော်တို့ကို ကျောခိုင်းသွားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ခံယူပါတယ်''လို့ ပြောပါတယ်။

Photo:ကြောက် ကြောက် ကြောက် ဖေ့စ်ဘွတ်

 

ကျော်ကျော် နဲ့ မင်းသွေးတို့က ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ နောက် ဇာတ်ကားတော်တော်များများလည်း အတူတူ ရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒါအပြင် Actor FC ဆိုတဲ့ ဘောလုံးအသင်း မှာလည်း အတွဲညီညီ ပါဝင်ကစားခဲ့ကြသေးတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က