AD
AD
AD

ဟိန်းမင်းသူရဲ့ ကျန်းမာရေးအခြေအနေကို ဖခင်ဖြစ်သူက အခုလို ပြောပြလာပါတယ်။ သားဖြစ်သူ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

play

 

အဆိုတော် ဟိန်းမင်းသူဟာ အောက်တိုဘာလ ၁၁ ရက်နေ့ညက ရန်ကုန်အထွေထွေအထူးကုဆေးရုံကြီး(ဂျပန်ဆေးရုံကြီး) မှာ အရေးပေါ် ဆေးရုံတင်ခဲ့ရတယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ ဖေ့စ်ဘွတ်အကောင့်ခိုးယူခြင်းခံခဲ့ရလို့ စိတ်ထိခိုက်နေချိန်မှာ အပေါင်းအသင်းတွေနဲ့ စကား ပြောထားတဲ့ Screenshot တွေလည်း အွန်လိုင်းပေါ် ပျံ့နေခဲ့တာကြောင့် ဘာမီတွန်အများအပြားသောက်ပြီး ကိုယ့်အသက်ကိုယ် အန္တရာယ် ပြုခဲ့တယ်လို့ ဟိန်းမင်းသူရဲ့ ဖခင်က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' မနေ့ကတည်းက သူ့ဖေ့စ်ဘွတ်အကောင့် Hack ခံရလို့ဆိုပြီးတော့ သူလည်း စိတ်ထိခိုက်နေတာ။ ည ၁ နာရီလောက် ကျတော့ သူ့သူငယ်ချင်း က ဖုန်းဆက်လာတယ် ဟိန်းမင်းသူ ဆေးရုံတင်ရတယ်တဲ့၊ ဂျပန်ဆေးရုံမှာ ဆိုတော့ အဝတ်အစားတောင်မလဲနိုင်ဘူး။ ဆေးရုံရောက် တော့ လည်း သူ ဝိုင်နည်းနည်းသောက်ထားတယ်ပြောတယ်။ သောက်လိုက်တဲ့ ဆေးနဲ့ ဆိုတော့ ကျွန်တော်ကြည့်ရတာ အစာအဆိပ်သင့် တယ် ထင်တယ်။ ပါးစပ်ထဲကနေလည်း အမြုပ်လေးနည်းနည်းထွက်နေတယ်ပေါ့။ ဆေးသွင်းထားတဲ့ အချိန်မှာလည်း သူ့ကို ဝိုင်းပြီးတော့ ထိန်းရေ သးတယ်။ သွင်းထားတဲ့ ဆေးတွေ အပ်တွေနဲ့ ပို အန္တရာယ်များမှာစိုးလို့ မနက် ၄ နာရီကျော်အထိ သူ့အနားမှာ နေပေးပါတယ်။ အလုပ်ကိစ္စ လက်လွှတ်လို့မရတာနဲ့ သူ့သူငယ်ချင်းတွေနဲ့ ထားခဲ့လိုက်တယ်'' လို့ သူကဆိုပါတယ်။

play

 

သားဖြစ်သူ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကိုလည်း ပြော ပြလာပါတယ်။ အဲ့ဒီနောက် ဟိန်းမင်းသူပြောတဲ့ စကားကြောင့် အရမ်းကို ဝမ်းနည်းခဲ့ရတယ် ဆိုပြီးတော့လည်း ရန်ကုန်အထွေထွေရောဂါ ကု ဆေးရုံကြီး(ဂျပန်ဆေးရုံကြီး)ရဲ့ ကန်တင်းမှာ ဖြေဆိုခဲ့တာပါ။

'' ကျွန်တော် တော်တော်စိုးရိမ်တာပေါ့ဗျာ။ ဆေးရုံရောက်တဲ့အချိန်မှာလည်း မျက်လုံးကြီးလှန်ပြီးတော့ ကျွန်တော် မနေရတော့ဘူး၊ သေမှာတဲ့ ပြောတော့ စိတ်ထဲမှာ တော်တော်ဝမ်းနည်းတာပေါ့လေ။ သူ့ကိုလည်း အနုပညာရှင် သူငယ်ချင်းတွေ၊ မောင်နှမတွေကလည်း ကိုယ်တိုင် လာပြီး အားပေးကြတာတွေရှိတယ်'' ဆိုပြီး ဝမ်းနည်းတဲ့ ခံစားချက်နဲ့ ရင်ဖွင့်ပြောပြလာပါတယ်။

 

play
Photo: Hein Min Thu Facebook

 

လက်ရှိမှာတော့ ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ Hacker တွေရဲ့ လက်ထဲရောက်နေတာဖြစ်ပါတယ်။ ဟိန်းမင်းသူနဲ့အတူ သူငယ်ချင်း တွေပြောထားတဲ့ Message တွေကိုလည်း တစ်ခုချင်းစီ အွန်လိုင်းပေါ်တင်နေတာကို တွေ့ရပါတယ်။ ဒီလို လုပ်ခြင်းက အကျိုးမရှိတဲ့ အကြောင်း ကိုလည်း ဟိန်းမင်းသူရဲ့ ဖခင်က ဆိုပါတယ်။

'' ဒီလို လုပ်တာ အကျိုးမရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ တစ်ဖက်သားအတွက် အများကြီးထိခိုက်တာပေါ့နော်။ မတော်လို့ သူ ဒီဆေးကို သောက်တာ အချိုးအစားများသွားလို့ အသက်အန္တရာယ်ဖြစ်သွားရင် လုပ်တဲ့သူလည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အသက်က တန်ဖိုးရှိပါတယ်။ နောက်နောင် ဒါမျိုးတွေ မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

play
Photo: Hein Min Thu Facebook

 

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ် လည်း ပျားရည်အိုင် ဆိုတဲ့  ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD