တစ်ပတ်လောက်ဝတ်ဖြစ်မယ်။

နေတိုးရဲ့ သူငယ်ချင်းတွေ၊ မင်းသွေးရဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး အောင်ဇဗ္ဗူတောရကျောင်းမှာ  သင်္ကန်းစီးမှာဖြစ်ပြီး ရလာတဲ့ ကုသိုလ်ကောင်းမှုများကို မင်းသွေး အတွက် ရည်စူးပြီး လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။



 

သရုပ်ဆောင် နေတိုးဟာ ညီဖြစ်သူမင်းသွေးအတွက် ရည်စူးပြီး ဘုန်းကြီးဝတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နေတိုးရဲ့ သူငယ်ချင်းတွေ၊ မင်းသွေးရဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး အောင်ဇဗ္ဗူတောရကျောင်းမှာ  သင်္ကန်းစီးမှာဖြစ်ပြီး ရလာတဲ့ ကုသိုလ်ကောင်းမှုများကို မင်းသွေး အတွက် ရည်စူးပြီး လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ညီအစ်ကိုတွေ စုပေါင်းပြီး ဘုန်းကြီးဝတ်ဖို့ရှိပါတယ်။ မင်းသွေးဆုံးသွားတဲ့အတွက်ကော ရလာတဲ့ ကုသိုလ်တွေကို မင်းသွေးအတွက် ရည်စူးပြီး ကုသိုလ်ပြုလုပ်ပေးဖို့ပါ။ အောင်ဇဗ္ဗူတောရကျောင်းမှာ ဝတ်ဖို့ စီစဉ်ထားပါတယ်။ တစ်ပတ် လောက် တော့ ဝတ်ဖြစ်မယ်" ဆိုပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာအောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ မီဒီယာတွေကိုေ ဖြဆိုပေးခဲ့တာဖြစ်ပါတယ်။

 

နေတိုးအနေနဲ့ သူ့ရဲ့ အနုပညာအလုပ်တွေကိုလည်း အောက်တိုုဘာ(၂၅) ရက်နေ့ကစလို့ ပြန်ပြီး လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ(၁၁) ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ  တင်ထားခဲ့တဲ့ "ကျွန်တော်နဲ့ ဝိပဿနာ" ဆိုတဲ့စာအုပ်လေး အကြောင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"စိတ်အေးချမ်းအောင်ပါ။ ဒီတရားဆိုတာက ကျွန်တော်တို့ လောလောဆယ် မကျင့်ကြံနိုင်သေးဘူးဆိုတာက သိထားဖို့ လိုတယ်။ သိထားရုံနဲ့ အေးချမ်းမှုလည်း ရတော့ တကယ်ကျင့်ကြံတဲ့အခါမှာ ဘယ်လောက်ထိ ထိရောက်မယ်ဆိုတာ ကျွန်တော့်ပရိသတ်ကိုလည်းသိစေချင်တယ်။ နောက်တစ်ခုက စိတ်အေးချမ်းဖို့ဆိုတာ တကယ်တမ်း လူ့ဘဝမှာ ဖြတ်သန်းရမယ့် အချိန်မှာ အရမ်းလည်း အကျိုးရှိတယ်လေ ဒါကြောင့ ်ရှဲဖြစ်တာပါ။" ဆိုပြီး ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

ပရိသတ်တွေအတွက် ဆုတောင်းစကားဆိုလိုက်တဲ့ နေတိုး 

နေတိုးရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်လိုက်ရုံနဲ့ပဲ ညီဖြစ်သူ မင်းသွေးရဲ့ နာရေးမှာ သူဘာလို့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ခု ရသွားစေခဲ့ပါတယ်။ နေတိုးရဲ့ ပရိသတ်တွေကတော့ နေတိုးရဲ့ ကျန်းမာရေးအကြောင်း စိုးရိမ်ကြီးစွာနဲ့မေးထားတဲ့ ကောမန့်တွေရှိသလို အားပေးစကားတွေ ပြောထားတဲ့ ပရိသတ်တွေလည်း ရှိလို့နေခဲ့ပါတယ်။

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက်ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။

 

ဈာပနအခမ်းအနားအပြီး အိမ်အပြန်မှာလည်း အပူရုပ်ကို ဟန်လုပ် ကျေးဇူးရှင် ပရိသတ်တွေကို ပြုံးပနှုတ်ဆက်ခဲ့ပုံဟာလည်း မြင်ရသူ ပရိသတ် တွေရင်ထဲ မချိအောင်ခံစားရပါတယ်။ ဈာပန အခမ်းအနားပြီးတဲ့နောက်မှာလည်း ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ပဲ ညီလေးငယ်အတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို လုပ်ပေးနေသူပါ။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က