အောင်မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

'' အပ်ဖျား တစ်ထောက်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကတော့ ဒီနေ့ခေတ် လူငယ်တွေ ကြည့်သင့်တဲ့ ပညာပေးဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


 

မူးယစ်ဆေးကြောင့် လမ်းမှားရောက်သွားတတ်ကြတဲ့ လူငယ်တွေအကြောင်းကိုပညာပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ '' အပ်ဖျား တစ်ထောက်'' ရုပ်သံဇာတ်လမ်းတွဲကို MRTV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ကာရိုက်တာအကြောင်းတွေကို အခုလို ပြောပြလာပါတယ်။

 

ဒီဇာတ်လမ်းတွဲမှာ ပိုင်ဖြိုးသုက လမ်းမှား ရောက်သွားတဲ့ ချစ်သူအတွက် ပူဆွေးသောက ရောက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

'' ဒီဇာတ်ကားထဲမှာ သုသုရဲ့ ကာရိုက်တာက နယ်မြို့လေးမှာ နေတယ်။ မိဘတွေက ခမောက်လုပ်ငန်းလုပ်တယ်၊ ချစ်သူရှိတယ်။ ကိုယ့်ချစ်သူ က လမ်းမှားရောက်သွားချိန်မှာ မူးယစ်ဆေးပြဿနာတွေဖြစ်ပြီး ကိုယ့်ဆီက ပိုက်ဆံတွေ တောင်းနေတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို သက်သေ ချင်လောက်တဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ရတာပါ'' လို့ ဆိုပါတယ်။

 

နယ်မြို့လေးမှာ နေထိုင်ပြီး ပိုက်ဆံရှိအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရတဲ့ သူဖြစ်ပြီး လမ်းမှားရောက်သွားတဲ့ လူငယ်တစ်ယောက် ကာရိုက်တာ ကို အောင်မြင့်မြတ်က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တယ်ဆိုတာကို အောက်တိုဘာလ ၁၃ ရက်နေ့က '' အပ်ဖျား တစ်ထောက်'' ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ကျွန်တော်က နည်းနည်းပိုက်ဆံရှိတဲ့အခါကျတော့ လမ်းလွဲသွားတယ်။နောက်ကျတော့ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်အကူအညီနဲ့ဘဲ လမ်း မှန် ပြန်ရောက်သွားတဲ့ အကြောင်းလေးကို သရုပ်ဆောင်ထားတာပါ။ အပ်ဖျား တစ်ထောက်လေးမှာတင် ဘာမှ မဟုတ်ဘူးဆိုပေမယ့် ကိုယ့် တစ်ယောက် တည်း အတွက်နဲ့ ပတ်ဝန်းကျင်က ထိခိုက်သွားနိုင်တာတွေ အများကြီးရှိမယ်ပေါ့ ဒီလို သဘောမျိုးလေးပါ'' လို့ သူကဆိုပါတယ်။

 

အပ်ဖျား တစ်ယောက် ရုပ်သံဇာတ်လမ်းတွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ ကတည်းက MRTV ရုပ်သံလိုင်းမှာ ညနေ ၆ နာရီ မိနစ် ၂၀ ကနေ စပြီး ပြသလျှက်ရှိပါတယ်။ အဲ့ဒီနောက် မြန်မာအသံ ရေဒီယို အစီအစဉ်တွေမှာလည်း သောကြာ၊ တနင်္ဂနွေ နေ့ နေ့လည် ၂နာရီ ၁၅ မှာလည်း ဆက်လက် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က