ကံကော်နီ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

ချမ်းမင်းရဲထွဋ်က ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ကံကော်နီ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျောင်းသား ဇာတ်ကား ဖြစ်တာကြောင့်လည်း အဖြူနဲ့ အစိမ်းဝတ်ရတဲ့အခါ အရမ်းပျော်တယ်လို့ ဆိုပါတယ်။



Photo: Myanmar Art Box Page

 

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က လက်ရှိမှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ကံကော်နီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတယ် လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ရမယ့် သူ့ရဲ့ ကာရိုက်တာ တစ်ခုဖြစ်တဲ့ စောမိုးဇက် ဆိုတဲ့ ကောင်လေးအကြောင်းတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကံကော်နီကတော့ အဓိက ကျွန်တော်တို့ လူငယ်ကျောင်းသား ဇာတ်ရုပ်လေးတွေဖြစ်လို့ အဖြူနဲ့ အစိမ်းဝတ်ရမှာပါ။ လူငယ်အချင်းချင်း အချစ်ဇာတ်လမ်းလေးပေါ့။ အဲ့ဒီမှာမှ အဖြူနဲ့ အစိမ်းဝတ်ရမယ့် ဒီဘက်ခေတ်အရွယ်လေးတွေ ပါတာပေါ့နော်။ ကာရိုက်တာကတော့ ကျွန် တော်က ဂျစ်ကန်ကန် ပုံစံမျိုးပဲပေါ့။ စောမိုးဇက် ဆိုတဲ့ ကောင်လေးနေရာက သရုပ်ဆောင်ရမှာပါ'' လို့ သူကဆိုပါတယ်။

 

ကံကော်နီ ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းသားကာရိုက်တာလေးတွေ ဖြစ်တာကြောင့် အဖြူ နဲ့ အစိမ်း ဝတ်ရတဲ့ အခါ အရမ်းပျော်တယ်လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

'' အဖြူနဲ့အစိမ်း ပြန်ဝတ်ရမယ် ဆိုတော့ ပျော်တာပေါ့။ အဖြူအစိမ်းက ၁၀ တန်းပြီးကတည်းက ပြန်ဝတ်ရလေ့ သိပ်မရှိတော့ဘူးလေ။ သရုပ် ဆောင် ဘဝမှာပဲ ပထမဆုံးအနေနဲ့ အဖြူ နဲ့ အစိမ်းကို ပြန်ဝတ်ဖြစ်မှာပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၄ ရက်နေ့ ညက Junction City မှာ ပြုလုပ်တဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Cham Min Ye Htut fb

ဖွေးဖွေးဆီက သရုပ်ဆောင်ပညာတွေရတယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ် 

ကံကော်နီ ရုပ်ရှင်ဇာတ်ကားကြီးကို ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝိုင်း(Own Creator) က ရိုက်ကူးပုံဖော် နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အလင်းရောင် ချမ်းမင်းရဲထွဠ် ဖွေးဖွေး ရွှေသမီး နှင့် သရုပ်ဆောင်များစွာ တို့က ပါဝင်သရုပ်ဆောင် လျှက်ရှိတယ် လို့ သိရပါတယ်။

 

ချမ်းမင်းရဲထွဋ်က ဒါရိုက်တာ ဝိုင်း နဲ့ အတူတွဲပြီး သမ္မတကြီးထံ ပေးစာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ကံကော်နီ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဒါရိုက်တာ ဝိုင်းနဲ့ အတူ ဒုတိယအကြိမ် ရုပ်ရှင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ည ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကစပြီး ပရိသတ်တွေ အားပေးခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က