မွန်မြတ်လွန်းလှပါတယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး အစ်ကိုဖြစ်သူ နေတိုးနဲ့အတူ သူငယ်ချင်းများက ဒီနေ့(အောက်တိုဘာ ၁၅ရက်)နေ့မှာ သာသနာ့အလှူတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ နေတိုး၏ ဥပသမ္ပဒကံဆောင် (ရဟန်းခံအလှုတော်မင်္ဂလာ)ကို မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရ ကျောင်းတိုက်တွင် ယနေ့နံနက်(၇) နာရီက ပြုလုပ်ခဲ့တာပါ။

 

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး အစ်ကိုဖြစ်သူ နေတိုးနဲ့အတူ သူငယ်ချင်းများက ဒီနေ့(အောက်တိုဘာ၁၅ရက်)နေ့မှာ သာသနာ့အလှူတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ နေတိုး၏ ဥပသမ္ပဒကံဆောင် (ရဟန်းခံအလှုတော်မင်္ဂလာ)ကို မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရ ကျောင်းတိုက်တွင် ယနေ့နံနက်(၇) နာရီက ပြုလုပ်ခဲ့တာပါ။



ယင်းရဟန်းခံပွဲမှာ နေတိုးသူငယ်ချင်းများ၊ မင်းသွေးသူငယ်ချင်းများက စုပေါင်းပြီး သာသနာ့ဘောင်ထဲ (၇)ရက် ဝင်ရောက်မှာဖြစ်ပြီး ရလာတဲ့ ကုသိုလ်ကောင်းမှုများကို မင်းသွေးတွက် ရည်စူးပြီး လှူဒါန်းမှာပါတဲ့။

"ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စုပြီးတော့ ရဟန်းဝတ်တာပါ။သူငယ်ချင်းတွေ အကုန်လုံးစုပြီးတော့ ညီလေးငယ် (မင်းသွေး) ဆုံးသွားတဲ့အတွက် ဝတ်ဖြစ်တာပါ။ကျွန်တော်တို့ ဘုန်းကြီးဝတ်လို့ ရတဲ့ကုသိုလ်အကုန်လုံး ညီလေးအတွက် ရည်စူးပြီးတော့ ကုသိုလ်တွေ လုပ်မယ်။ ကျွန်တော်ရဲ့ သူငယ်ချင်း တွေပါမယ်။ နောက် မင်းသွေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ပါပါမယ်" ဆိုပြီး နေတိုးက အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲနေ့မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

 

ယနေ့ ပြုလုပ်တဲ့ နေတိုး၏ ဥပသမ္ပဒကံဆောင် (ရဟန်းခံအလှုတော်မင်္ဂလာ) ပွဲမှာ နေတိုးနဲ့အတူ ညီမဖြစ်သူ ဆုမွန်အောင်၊ ကျော်ကျော်ဗို တို့အပြင် အခြားသော သူငယ်ချင်းများက သာသနာ့ဘောင်ထဲ ဝင်ရောက် ခဲ့ပြီး စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ခင်ဝင့်ဝါနဲ့ အခြားသော အနု ပညာရှင်များက သိမ်ဆင်းလောင်းလှူပွဲမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ နေတိုးရဲ့ ဘွဲ့နာမည်ကိုတော့ ဦးစန္ဒိမာလို့ နာမမည် တွင်စေ ခဲ့ပါတယ်။

နေတိုးအနေနဲ့ သူ့ရဲ့ အနုပညာအလုပ်တွေကိုလည်း အောက်တိုုဘာ(၂၅) ရက်နေ့ကစလို့ ပြန်ပြီး လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


ပရိသတ်တွေအတွက် ဆုတောင်းစကားဆိုလိုက်တဲ့ နေတိုး 

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက် ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။

ဈာပနအခမ်းအနားအပြီး အိမ်အပြန်မှာလည်း အပူရုပ်ကို ဟန်လုပ် ကျေးဇူးရှင် ပရိသတ်တွေကို ပြုံးပနှုတ်ဆက်ခဲ့ပုံဟာလည်း မြင်ရသူ ပရိသတ် တွေရင်ထဲ မချိအောင်ခံစားရပါတယ်။ ဈာပန အခမ်းအနားပြီးတဲ့နောက်မှာလည်း ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ပဲ ညီလေးငယ်အတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို လုပ်ပေးနေသူပါ။



မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က