မိန်းမကတော့ ယူမှာပါတဲ့။

"သီတင်းလည်းကျွတ်ပြီဆိုတော့ ပရဟိတတွေကို လုပ်ရင်းနဲ့ ပရဟိတထဲက မိန်းမရရင်ကောင်းမ လား  အနုပညာအလုပ်တွေ လည်းလုပ်နေ တော့ အနုပညာထဲက မိန်းမရရင်ကောင်းမလား။ ဘေးဒုက္ခတွေ ကြားထဲသွားနေတော့ ဘေးဒုက္ခထဲက မိန်းမရရင် ကောင်း မလား ပေ့ါနော်။ ယူတော့ယူမှာပါ"



 

ကိုယ်ပိုင်အချိန်တွေအားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်က အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အဲ့ဒီဂုဏ်ပုဒ်ကို ဖြစ်နိုင်ရင် အမြန်ဆုံးပျက်ချင်နေပြီလို့ ဆိုပါတယ်။ သူ့ရဲ့ မျိုးဆက်ကိုတော့ ချန်ထားချင်သေးတာဖြစ်လို့ မိန်းမကတော့ယူမှာပါလို့ဆိုပါတယ်။

"သီတင်းလည်းကျွတ်ပြီဆိုတော့ ပရဟိတတွေကို လုပ်ရင်းနဲ့ ပရဟိတထဲက မိန်းမရရင်ကောင်းမလား  အနုပညာအလုပ်တွေလည်းလုပ်နေ တော့ အနုပညာထဲက မိန်းမရရင်ကောင်းမလား။ ဘေးဒုက္ခတွေ ကြားထဲသွားနေတော့ ဘေးဒုက္ခထဲက မိန်းမရရင်ကောင်းမလား ပေ့ါနော်။ ယူတော့ယူမှာပါ။ ဘယ်တော့ဆိုတာကတော့ ပြောလို့မရဘူးပေ့နော်။ ဒီဘဝဖြစ်ရင်ဖြစ်မယ် နောက်ဘဝဖြစ်ရင်ဖြစ်မယ်။ မပြောတတ်ဘူး။

ကျွန်တော့်ရဲ့ မျိုးဆက်ကို ချန်ထားဖို့ ဆိုတာက ယူမှာယူမှာ မျိုးဆက်က ချန်ထားဦးမှာ တွေ့တာတော့ အများကြီးပဲ ဒါပေမယ့် မပြောရဲဘူး။ ကိုယ်ကြိုက်တဲ့ ပုံစံက မိန်းမတော့ ဖြစ်ရမယ်။ မိန်းမဖြစ်မှလည်း ကလေးမွေးလို့ ရမှာလေ ကလေးလိုချင်တယ်။ မျိုးဆက်ကတော့ ချန်ထားချင်တယ်။ဖြစ်နိုင်ရင် လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို မနက်ဖြန်ပျက်ချင်နေပြီ " ဆိုပြီး အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဝေဠုကျော်က ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

သူ့အနေနဲ့ မိန်းမယူဖို့ကို လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ကတည်းက စဉ်းစားထားတာဖြစ်ပေမဲ့ စဉ်းစားလိုက် လွဲလိုက်နဲ့ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့လိုမျိုး လွဲခဲ့တာကြောင့်လည်း သူ့ရဲ့ ပရဟိတအလုပ်တွေကို အခုချိန်ထိ ဆက်လက်လုပ်ဆောင်နိုင်တာကြောင့် လက်ပြနှုတ်ဆက်သွားသူတွေကို ကျေးဇူးတင်တယ်လို့ ပြောထားပါသေးတယ်။

"အရင်တုန်းက ကျွန်တော့်ကို လက်ပြနှုတ်ဆက်သွားတဲ့ သူတို့ပေ့ါဗျာ။ ကျွန်တော့်ရဲ့ ချစ်သူဟောင်းတွေကို ကျေးဇူးတင်တယ်။ သူတို့တွေ နှုတ်ဆက်သွားလို့ အခုလိုမျိုး အလုပ်တွေ လုပ်နေခွင့်ရတာပေ့ါနော်။ မိန်းမမရသေးတာ ကံကောင်းတာပေ့ါ။ ကံကောင်းလို့ အခုလို အလုပ်တွေ လုပ်ခွင့်ရတာ။ သူတို့သာ မရဘူးယူမယ်ဆိုပြီး ယူထားရင် ကျွန်တော်အခုချိန်ဆို မြေးတောင်ရလောက်ပြီလားမသိဘူး။ သားကျွေးမှု မယား ကျွေးမှုတွေနဲ့ဆိုရင် ဒီလောက်သွားနိုင်မှာမဟုတ်ဘူးပေ့ါ။ အခုကျွန်တော်လုပ်ချင်တာလည်း လုပ်ခွင့်ရမယ်။ မိန်းမလည်း မကြာခင်ရ မယ် ဆိုရင်တော့ အကောင်းဆုံးပေ့ါဗျာ။ ကျွန်တော်လုပ်ချင်တာတော့ လုပ်နေရတယ်။ မိန်းမတော့မသေချာဘူး" ဆိုပြီး ဆက်လက်ဖြေ ဆိုပေး ခဲ့ပါတယ်။

Photo : ဝေဠုကျော် FB

 

သူ့ရဲ့ အိမ်ထောင်ဘက်ဟာ သူ့လိုပရဟိတလောကထဲက မဟုတ်လည်း ရတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဘက်က အိမ်မှာနေခဲ့ပြီး သူလုပ်တဲ့ အလုပ်တွေကို လက်ခုပ်ထိုင်တီးပေးရင်ပဲ ရပြီလို့ ဝေဠုကျော်က ဆိုပါတယ်။ ပရဟိတကိစ္စတွေနဲ့ အလုပ်တွေ  ရှုပ်နေပေမယ့်လည်း အနုပည ာသမားတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်က ဇာတ်ကားတွေ ရိုက်ချင်သေး တယ်လို့ ဆိုပါတယ်။

Photo : ဝေဠုကျော် FB

ဇာတ်ကားခေါ်ရိုက်ဖို့ တောင်းဆိုလိုက်တဲ့ ဝေဠုကျော် 

တစ်နှစ်ကို တစ်ကားနှစ်ကားလောက် ရိုက်ဖြစ်ပေမယ့်လည်းပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာကြောင့် သူ့ကို ဇာတ်ကားမရိုက်တော့ ဘူးဆိုပြီး ထင်နေကြတာတွေလည်း ရှိတယ်လို့ ဝေဠုကျော်က ဆိုပါတယ်။

"ကျွန်တော် တစ်နှစ်ကို တစ်ကားနှစ်ကား ခေါ်တဲ့လူရှိရင် ရိုက်ပါတယ်။ ကျွန်တော်က လျှောက်ပြီး သွားနေတာဆိုတော့ သူတို့လည်း မရိုက် တော့ဘူး အောက်မေ့လို့ သူတို့ကလည်း မခေါ်ဘူး။ မခေါ်တော့ ကျွန်တော်လည်း မရိုက်ဖြစ်ဘူး။ မခေါ်တာရယ် ၊မရိုက်ဖြစ်ရယ် မရိုက်ဖြစ်တာ ရယ် မခေါ်တာရယ်နဲ့ လုံးလည်ချာလည်လိုက်ပြီး အနုပညာနဲ့နည်းနည်း ဝေးလာတာပေ့ါ။ အနုပညာသမားပဲ ရိုက်ချင်တာ ပေ့ါဗျာ ။ကျရာနေ ရာ လေးက အလုပ်လုပ်ချင်သေးတာပေ့ါ။ ကျွန်တော့်ကို ခေါ်ပါ ရိုက်ပါတယ်။ ဈေးလည်း မကြီးပါဘူး။ ဇာတ်ကြိုက်ရင်လည်း အလကားရိုက် ပေးပါတယ်" ဆိုပြီး အောက်တိုဘာ(၁၃) ရက်နေ့က နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ပြုလုပ်တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုပေးခဲ့ တာဖြစ်ပါတယ်။

Photo : ဝေဠုကျော် FB

 

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြု အလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က