အသက်က အခုမှ ၂၉ ပဲ ရှိပါသေးတယ်။

အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့သရုပ်ဆောင် ဟိန်းဝေယံက သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြလာပါတယ်။ အဲ့ဒီနောက် သူ့ အတွက် လက်တွဲဖော်အဖြစ် ရွေးချယ်မယ့် မိန်းကလေးအကြောင်းကိုလည်း ဆက်လက်ပြောပြလာပါသေးတယ်။


Photo: Hein Wai Yan Facebook

 

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားလေး ဟိန်းဝေယံက လက်ရှိအချစ်ရေးကတော့ တည်တည်ငြိမ်ငြိမ်ပါပဲတဲ့။ အခုလက်ရှိမှာလည်း အနု ပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်ဖြစ်နေတာကြောင့်လည်း အချစ်ရေးကို မစဉ်းစားသေးဘူးလို့ သိရပါတယ်။ သူ့အနေနဲ့ အသက် ၂၉ နှစ်ရှိပေမယ့် လူပျိုကြီးလို့ အခေါ်မခံရသေးတဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကျွန်တော်ကတော့ အခုလက်ရှိမှာ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်ထင်ပါတယ် ပရိသတ်တွေကို အသိပေးစရာရှိလာပြီဆိုရင်တော့ ပွင့် ပွင့်လင်းလင်းပြောမှာပါ။ လောလောဆယ်တော့ ပြောစရာ ထွေထွေထူးထူး မရှိသေးပါဘူး။ ကျွန်တော့်ကိုလည်း လူပျိုလေး လို့ပဲ ခေါ် သေးတယ်'' လို့ ဆိုပါတယ်။

Photo: Hein Wai Yan Facebook

 

ဟိန်းဝေယံဟာ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကံတရားအတိုင်းပါပဲလို့ ဆိုပါတယ်။ သူ့အနေနဲ့ ကံတရားအတိုင်းသာ ရှေ့ဆက်သွားမယ် ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အဲ့ဒါက ကျတော့ ကိုယ့်ရဲ့ ကံနဲ့လည်း ဆိုင်တာပေါ့နော်။ ကိုယ့်ရဲ့ ကံက အိမ်ထောင်တစ်ခုကို ထူထောင်ရမယ့် ကံမျိုး ပါလာမယ် ဆိုရင်တော့ အိမ်ထောင်ပြုဖြစ်မှာပေါ့။ အဲ့ဒီလို မဟုတ်ဘူး လူပျိုကြီးဖြစ်မယ့် ကံဇာတာမျိုးပါရင်တော့ လူပျိုကြီးဖြစ်မှာပေါ့နော်။ကျွန်တော့်အနေနဲ့ ဆိုလို ချင်တာက ကံတစ်ခုကို ဘာလုပ်မယ်ဆိုပြီးတော့ ပြောချင်တာမျိုးတော့ မရှိပါဘူး။ ကံစီမံရာအတိုင်းပါပဲ'' လိူ့ဆိုပါတယ်။

Photo: Hein Wai Yan Facebook

ဒါရိုက်တာအဖြစ်ပါ ရပ်တည်ဖို့ကြိုးစားနေတဲ့ ဟိန်းဝေယံရဲ့အချစ်ရေး 

လူပျိုကြီးလို့ အခေါ်မခံရသေးတဲ့ ဟိန်းဝေယံက လက်တွဲဖော်အဖြစ်ရွေးချယ်မယ့် မိန်းကလေးအကြောင်းကို ပြောပြလာပါတယ်။ ဒါပေမယ့် သူ ချစ်တဲ့ လူကိုပဲ ရွေးမယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။

'' အဓိက ကတော့ ကျွန်တော်ကြိုက်တဲ့သူမျိုးကိုပဲ ကျွန်တော် ရွေးမှာပါ။ ကျွန်တော်ကြိုက်တဲ့သူ ကျွန်တော် ချစ်တဲ့သူမျိုးကိုပဲ ရွေးမယ်။ ဒါက ပထမဦးစားပေးပေါ့နော်။ ကိုယ်နဲ့ တစ်သက်လုံးပေါင်းရမှာဆိုတော့ ဦးစားပေး စဉ်းစားဖြစ်မယ်။ ဒါပေမယ့်လည်း သူ့မိဘနဲ့ရော၊ ကိုယ့်မိဘနဲ့ ရော အဆင်ပြေတဲ့သူမျိုးဆိုရင်  အကောင်းဆုံးပါပဲ'' လို့ သူကဆိုပါတယ်။

Photo: Hein Wai Yan Facebook

 

ဟိန်းဝေယံက လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလျက်ရှိပါတယ်။ အခုဆိုရင် ဟိန်းဝေယံက သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာ ပိုင်းမှာလည်း သူရိုက်ကူးချင်တဲ့ ဇာတ်မျိုးဆိုရင် ဒါရိုက်တာ အဖြစ် ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။မာယာကကြိုး ရုပ်ရှင်ဇာတ်ကားဟာ သူကိုယ်တိုင် ဇာတ်လမ်းကို ရေးသားထားတာဖြစ်ပြီး ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က