ပျော်ရွှင်စရာကောင်းခဲ့တဲ့ သူတို့ မိသားစုလေးပါ။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် တို့က အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူတို့ မိသားစုလေးအကြောင်းကို ပြောပြလာ ပါတယ်။ ဘာစား စား၊ ဘယ်သွားသွား အစ်ကိုမိုက်တီးကို သတိရနေတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ သရုပ်ဆောင် ချစ်ချစ်ဇော်တို့ ညီအစ်မ နှစ်ယောက်ကတော့ အစ်ကိုဖြစ်သူ မိုက်တီးအတွက် အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ်။ တစ်ရင်းတနှီးရှိပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတဲ့ သူတို့ မိသားစု အကြောင်းလေးတွေကိုလည်း Duwun Media ကနေ သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' အစ်မတို့ မိသားစုကတော့ သူများတွေလို အနေစိမ်းတဲ့ မိသားစုတော့ မဟုတ်ဘူး။ အနုပညာအသိုင်းအဝိုင်းက မိသားတစ်စုပေါ့နော်။ အိမ် ထောင် မကျခင်အထိ ညီမတွေကို ချီပိုးပြီးနေတုန်း။ အစ်ကို ပေါင်ပေါ်မှာလည်း အိပ်ရင် အိပ်တယ်။ အပြင်သွားမလို့ အလှပြင်နေတဲ့အချိန်ဆို ခြေထောက်တွေကို ကိုက်တယ်။ အဲ့ဒီလို နေခဲ့တဲ့ မိသားစုပေါ့နော်'' ဆိုပြီးတော့ လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

သူတို့ မိသားစုအနေနဲ့ ဘာစားစား၊ ဘယ်သွားသွား အစ်ကိုဖြစ်သူကို သတိရတဲ့ စိတ်ကို မနည်းထားရတယ်လို့ လင်းဇာနည်ဇော်က ဆက်လက် ပြောပြလာပါတယ်။ သတိရတဲ့ စိတ်နဲ့ ရပ်တည်နေရတဲ့အခြေအနေမှာ အဆင်ပြေအောင် နေနေရတယ် ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကိုယ့်အစ်ကိုက ဒီအထဲမှာ နေနေရတယ် ဆိုတဲ့ စိတ်ကို မနည်းဖျောက်ထားရတယ်။ ကိုယ်အိမ်မှာနေပြီး ကောင်းကောင်းမွန်မွန်စားနေရလို့ ငါကတော့ ဒီလိုကြီးစားနေရတယ်၊ သူကတော့ အထဲမှာ ဘယ်လိုလည်းဆိုတဲ့ စိတ်ဝင်လာလို့ရှိရင် ဘယ်လိုမှ နေလို့မရဘူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ  ဖြစ်တဲ့အပေါ်မှာပဲ အဆင်ပြေအောင် နေရမှာပဲပေါ့နော်'' လို့ သူကဆိုပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

မိုက်တီးပေးတဲ့လက်ဆောင်အပေါ် ခံစားချက်ကိုပြောလာတဲ့ လင်းဇာနည်ဇော် 

အဲ့ဒီနောက် ချစ်ချစ်ဇော်ဟာ တာမွေ တရားရုံးက ၆ ကြိမ်မြောက် ရုံးချိန်းမှာ ရောက်ရှိလာတဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးကိုယ်တိုင် ထောင်ထဲမှာ ကိုယ်တိုင်ထိုးခဲ့ တဲ့ ပိုက်ဆံအိတ်လေး ကိုလည်း အရမ်းကြိုက်တယ်လို့ ဆိုပါတယ်။ အစ်ကိုမိုက်တီးရဲ့ မေတ္တာနဲ့ ထိုးထားတဲ့ အိတ် လေးအတွက် စိတ်မကောင်းဖြစ်တယ် လို့ ဆိုပါတယ်။

'' အိတ်ကလေးက ပေးတာက တစ်အိတ်တည်းပေးတာ ရှိတာက အစ်ကိုအကြီးဆုံးရဲ့ မိန်းမရယ်၊ အစ်မရယ်၊ ညီမရယ် သုံးယောက်ရှိတာ အိတ်ကလေး တစ်အိတ်တည်းကို ၃ ယောက် ဆွဲလုနေကြတာလေ။ အိတ်ကလေး တစ်အိတ်က အများကြီး သူ့မေတ္တာတွေနဲ့ လုပ်ထား တာဆိုတော့ အရမ်း စိတ်မကောင်းဘူးပေါ့နော်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

ဒါရိုက်တာမိုက်တီးရဲ့ ညီမတွေဖြစ်တဲ့ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို ပြုစု စောင့်ရှောက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့ ညီအစ်မ နှစ်ဦးရဲ့ ရွှေတောင်ခေါက်ဆွဲ အလုပ်နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေကိုလည်း ဦးဆောင်နေကြတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က