သံဝေဂတွေလည်း ရခဲ့ပါတယ်။

ရွှေသမီးတစ်ယောက် မင်းသွေးရုတ်တရက်ကွယ်လွန် သွားခဲ့ချိန်မှာ အရမ်းကို သံဝေဂရခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် မင်းသွေးရဲ့ မိခင် ဖြစ်သူ အရီးအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လု့ိ ဆိုပါတယ်။

 

သရုပ်ဆောင် ရွှေသမီးဟာ နေတိုးရဲ့ မိခင်အတွက် ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သားဖြစ်သူကို ဆုံးရှုံး ခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ကိုယိတိုင်ဝင်ခံစားပေးခဲ့ချိန်မှာ အဲ့ဒီခံစားချက်ကို ပြောပြလို့တောင် မရဘူး ဆိုပြီးတော့ မီဒီယာတွေ ကနေတဆင့်ပြောပြလာပါတယ်။

''ကိုယ်က သရုပ်ဆောင်ဖြစ်တဲ့အတွက် တခြားသူရဲ့ ခံစားချက်ကို ကိုယ့်ရင်ထဲထည့်ပြီးသရုပ်ဆောင်ရတာဖြစ်တဲ့အတွက် အဲ့ဒီကို သွားတဲ့အချိန် မှာပဲ အရီးရဲ့ ခံစားချက်လေးကို ကိုယ်ခံစားကြည့်လိုက်တဲ့ အခါမှာ ဒီခံစားချက်က ပြောလို့ရမှာ မဟုတ်ဘူး။  အရမ်းဝမ်းနည်းတယ်ပေါ့နော်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ညက Junction City မှာ ပြု လုပ်ခဲ့တဲ့ တော်တော်ဖြစ်နေလား ရုပ်ရှင်အထူးပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘွတ်

 

ရွှေသမီးဟာ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသွေး ရုတ်တရက် ကွယ်လွန်ခဲ့တာကြောင့် အရမ်းဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းသွေး သေဆုံးပြီဆိုတဲ့ သတင်းကြားကြားချင်းမှာလည်း မင်းသွေးအိမ်ကို ရောက်လာပြီး မိသားစုတွေ နဲ့ အတူ ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

'' သံဝေဂက ရှိပြီးသား ကိုယ်က အတွေးအရမ်းများတဲ့သူ၊ အရမ်းတွေးတော့ အရင်ကတည်းက အဲ့ဒီစိတ်က ရှိပြီးသား ကိုယ်ကလည်း ဒီအလုပ် မှာ ကြိုးစားရတာတွေရှိတယ်။ ပြီးတော့ မိဘကိုလည်း လိုအပ်တာ ဖြည့်ဆည်းပေးချင်တယ်။ ပြုစုပေးချင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ ကိုယ် ဘာမှ မလုပ်ပေးရသေးခင်မှာ ရုတ်တရက်ကြီး ထွက်ခွာရမယ်ဆို နောင်တအကြီးကြီးရမယ့် ကိစ္စပေါ့နော်'' လို့ သူကဆိုပါတယ်။

စိတ်ကူးထဲက ချစ်သူပုံစံကို ပြောလာတဲ့ ရွှေသမီး 

Photo: ရွှေသမီးဖေ့စ်ဘွတ်

 

ရွှေသမီးရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။

Photo: ရွှေသမီးဖေ့စ်ဘွတ်

 

မကြာခင်ရုံတင်ပြသတော့မယ့် တည်ကြက်ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဆရာဖြစ်သူ အကယ်ဒမီနေတိုးနဲ့ အတူတွဲ သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီနောက် မြင့်မြတ်နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ '' တော်တော်ဖြစ်နေလား'' ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားကတော့ လက်ရှိရုံတင်နေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က