မိသားစု စီးပွားရေး တစ်ခုပါပဲ။

နေမင်း က ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးတဲ့ အခါမှာ ဇာတ်ကောင်ပုံစံနဲ့ ဇာတ်လမ်းတွေကို ရွေးချယ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လက်ရှိ မှာတော့ မိသားစု စီးပွားရေးဘက်မှာ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ဆက်လက်ပြောပြလာပါတယ်။


Photo: နေမင်းဖေ့စ်ဘွတ်


သရုပ်ဆောင်နေမင်းက ရုပ်ရှင်ဇာတ်ကားတွေကို သူ့စိတ်ကြိုက်ရွေးချယ်ပြီးမှာသာ ဇာတ်ကားရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့မိသားစုရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဇာတ်ကားတွေအများကြီးရိုက်ထားတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။

'' လက်ရှိမှာ ကျွန်တော်တို့ ကုမ္မဏီကလည်း ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက များနေတယ်။ ပြီးတော့ ရုံတင်ဖို့ရက်တွေ စောင့်နေရတာ တွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုးပေါ့။ ရုပ်ရှင်ကျတော့လည်း ကျွန်တော် မကြိုက်တဲ့ ဇာတ်လေးတွေဆို မရိုက်ဖြစ်တာနဲ့ ကာရိုက်တာ ရွေးတာနဲ့ လာကမ်းလှမ်းတဲ့ဟာကို မရိုက်ဖြစ်တာ များပါတယ်'' လို့ သူကဆိုပါတယ်။


Photo: နေမင်းဖေ့စ်ဘွတ်


အဲ့ဒီနောက် နေမင်းဟာ မိသားစု စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြ ထားပါတယ်။

''ကျွန်တော်တို့ မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့ ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာ များပါ တယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဗိုလ်မဖြစ်ပဲမင်းသားဖြစ်လာတယ်ဆိုတဲ့ နေမင်း 

Photo: နေမင်းဖေ့စ်ဘွတ်


နေမင်းက လက်ရှိမှာ Social Media မှာ ဖြစ်ပေါ်နေတဲ့ အနုပညာရှင်တွေရဲ့ Facebook Account တွေ ခိုးယူခြင်းခံနေရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဖေ့စ်ဘွတ်အကောင့် ခိုးယူခြင်း ခံခဲ့ရဖူးတာကြောင့် ခံစားချက်တွေကို ကိုယ်ချင်းစာတယ် လို့ ဆိုပါတယ်။

'' လူတွေ အကုန်လုံး သူ့အလုပ်နဲ့ သူ ရှင်သန်ပြီး ရပ်တည်နေကြလို့ရှိရင် ဒီ ဖေ့စ်ဘွတ်သုံးတဲ့ အင်အားလည်း လျှော့လာ လိမ့်မယ်လို့ထင်တယ်။ ပြီးတော့ အစ်ကိုတို့တွေကလည်း ဒီဟာကို ခံစားခဲ့ရဖူးတာပဲလေ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး မပြောတတ်ဘူး။ ကိုယ်လည်း နည်းပညာနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီလောက် မတွင်ကျယ်ဘူး။ အဲ့ဒါကြောင့်ပါ'' လို့ ပြောပြလာပါတယ်။

Photo: နေမင်းဖေ့စ်ဘွတ်


သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က