Challenge ကအောင်မြင်သွားတော့ သူလည်း တိုင်ပတ်သွားရောပဲ။

အိစိကွေးက သူတင်ထားတဲ့ ပုံကိုပြန်ဖျက်ပြီး အားလုံးကို ပျော်စေချေင်လို့ စနောက်ခဲ့ပေမယ့် တကယ်ထင်သွားကြတဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းမိတယ်လို့ ဆိုပါတယ်။

Photo : အိစိကွေး FB

 

ငယ်စဉ်ကတည်းက ပရိသတ်တွေ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ အိစိကွေးက သူ့ရဲ့ ပရိသတ်တွေအတွက် အနုပညာရသအသစ်တွေ ပေးစွမ်းနိုင် အောင် ကြိုးစားလျက်ရှိပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မရှိတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူဝါသနာပါတဲ့ ဂီတဘက်ကို ဆက်လက်ပုံဖော်နေသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့  လှုပ်ရှားမှုတိုင်းကို ဖေ့စ်ဘွတ်ပေါ်မှာ  တင်တတ်သူဖြစ်ပြီး ပရိသတ်တွေကို အမြဲတမ်း စနောက်နေသူလည်း ဖြစ်ပါတယ်။ အောက်တိုဘာ(၁၆) ရက်နေ့က သူ Crush နေတဲ့ ကောင်မလေးပုံကို တင်ပြီး ပရိသတ်တွေကို စနောက်လိုက်ပါသေးတယ်။ ကောင်မလေးရဲ့ ဓာတ်ပုံကို စတစ်ကာ အုပ်ထားခဲ့ပေမယ့်လည်း အဲ့ဒီ ကောင်မလေးဟာ ဟန်နာယူရီမှန်းအကုန်လုံး သိခဲ့ကြပါတယ်။

Photo : အိစိကွေး FB

 

အဲ့နောက်မှာ အိစိကွေးက သူတင်ထားတဲ့ ပုံကိုပြန်ဖျက်ပြီး အားလုံးကို ပျော်စေချေင်လို့ စနောက်ခဲ့ပေမယ့် တကယ်ထင်သွားကြတဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းမိတယ်လို့ ဆိုပါတယ်။

"Challenge က Like 10K ပြည့်မယ်မထင်ဘူးလေ ပုံမှန် Like 5K ပြည့်ဖို့ဆိုတာတောင်မလွယ်တော့မလွယ်တော့ တင်လိုက်တာပေါ့။နောက်မှ တစ်ရက်တည်းနဲပြည့်သွားတော့ တိုင်ပတ်ရော အဲ့တော့တခြားမိန်းကလေး တစ်ယောက်ကိုတင်ရင်လည်း အတည်တွေ ထင်ကုန်ကြမှာလေ မိသားစုတွေ ပတ်ဝန်းကျင်တွေရှိတော့မကောင်းဘူးလေပြီးတော့ မ Hanna ကိုလည်အရင်တည်းက အားပေးတော့ Idol တစ်ယောက်အနေနဲ့ တင်လိုက်တာ လူတိုင်းမှာ ပြည်တွင်းပြည်ပ က ကိုယ်နှစ်သက်တဲ့ Idol ဆိုတာရှိတာပဲလေပြည်ပမှာဆိုရင် Taylor Swift တို့ Dua Lipa တို့ကို သဘောကျသလိုပေါ့ပြည်တွင်းမှာဆိုလည်အဲ့လို သဘောကျတဲ့အားကျတဲ့ မင်းသားတွေ မင်းသမီးတွေ၊အဆိုတော်တွေ ရှိတာပဲ။ အဲ့လိုသဘော နဲ့ပဲတင်လိုက်တာပေါ။ တင်ပြီးမှ မကောင်းပါဘူးလေးဆိုပြီး (၁၅) မိနစ်နဲ့ပြန်ဖျက်လိုက်ပေမယ့် SS တွေမိပြီး သတင်းအဖြစ်ပြန့် သွားတော့ အားလုံးက တစ်မျိုးတစ်မည် ထင်သွားကြတာပါ။" ဆိုပြီး Challenge ကိစ္စနဲ့ ပတ်သက်ပြီး Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : အိစိကွေး FB

 

အိစိကွေးနဲ့ ဟန်နာယူရီဟာ အိစိကွေး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့"အလွမ်းရဲ့အရသာ" ဆိုတဲ့ သီချင်းလေးမှာ အတူတူ သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။သီချင်းလေးကလည်း ကောင်းသလို သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုလေးတွေကလည်း ကောင်းတာကြောင့် ပရိသတ်တွေအားပေးမှု ရရှိနေတာကိုလည်း တွေ့ရပါတယ်။

 

အဲ့သီချင်းလေးမှာလည်း ဟန်နာယူရီနဲ့ အတူသရုပ်ဆောင်ဖြစ်တဲ့အကြောင်းကို အိစိကွေးက ယခုလို ပြောပြခဲ့ပါသေးတယ်။

"သူကလည်း အဲ့သီချင်းလေးကို သဘောကျတယ်။ ကျွန်တော်ကလည်း သူ့ကို အားပေးခဲ့တာ ကြာပြီလေ။ ဆိုတော့ အတူတူရိုက်ချင်တာနဲ့ ကမ်းလှမ်းကြည့်တော့ သူကလည်း သီချင်းကြိုက်တော့ ရိုက်ဖြစ်သွားတာပါ။ဒီသီချင်းက အိစိကိုယ်တိုင်ရေးထားတယ်။ အိစိကိုယ်တိုင်လည်း ဆိုထားတယ်။ အမြဲတမ်း အလိုလို ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ လုပ်နေရတာပဲလေ။ အိစိရဲ့ ဇာတ်ကားလေးတွေ မထွက်ခင်မှာ အိစိရဲ့ အနုပညာအလုပ် လေးတွေကို ပရိသတ်တွေဆီချပြခွင့်ရတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်သွားအောင် စဉ်းစားပြီးတော့ လုပ်ဖြစ်သွားတာပါ။" လို့ ဆက်လက်ဖြေဆိုပေးထားပါတယ်။

Photo : အိစိကွေး FB

 

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က