ရိုက်ထားတဲ့ ဇာတ်ကားတွေက အများကြီးပဲတဲ့။

ရွှေသမီးကတော့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်လိုပဲ ပရိသတ်ကို အံ့သြသွားစေလောက်မယ့် ဇာတ်ရုပ်ပုံစံတွေ နဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ထားတယ်လို့ သိရပါတယ်။ မကြာခင်ကလည်း ထူးခြားမှုတွေရှိစေမယ့် တိုင်စာ ရုပ်ရှင်ဇာတ်ကား ကြီးလည်း ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။

 

ရွှေသမီးက သူ့ရဲ့အနုပညာသက်တမ်း တစ်လျှောက်မှာ ပုံစံမတူတဲ့ ဇာတ်ရုပ်အမျိုးမျိုးကို ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို မြင်ဖူးနေကြ ခပ်အေးအေး ကာရိုက်တာ မဟုတ်ပဲ ကြမ်းကြမ်းတမ်းတမ်း ပုံစံကာရိုက်တာကိုလည်း '' သုံးရောင်ခြယ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပရိသတ် တွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီလိုပဲ ပရိသတ်အံ့သြစေမယ့် ကာရိုက်တာတွေ ထပ်တွေ့ရဦးမယ်လို့ သူကဆိုပါတယ်။

'' အပြင်က ရွှေသမီး ဆိုတဲ့ ပုံစံကို ပြောင်းသွားစေမယ့် ဇာတ်ရုပ်တွေလည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ထားတာတွေ ရှိပါတယ်။ မိခင်မေတ္တာ ကားလေးတွေပေါ့ အမေတစ်ယောက်ရဲ့ ကာရိုက်တာလေးတွေရှိတယ်။ နောက်ထပ်လည်း ရိုက်ထားတာလေးတွေလည်း ရှိတော့ ထွက်လာမှပဲ ပရိသတ်တွေ ကြည့်တာ ကောင်းပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘွတ်

 

သူမဟာ မကြာခင်က တိုင်စာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာ အနုပညာရှင်ကြီးတွေနဲ့ ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာလည်း ဒါလီမောင် ဆိုတဲ့ ကောင်မလေး တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။

'' လက်ရှိကတော့ တိုင်စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ထားပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ တော့ ဦးနေထက်လင်းနဲ့ မခိုင်နှင်းဝေတို့ရဲ့ သမီး ပေါ့။ ဒါလီမောင် ဆိုတဲ့ ကောင်မလေး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့က ဓားငပြူးရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

စိတ်ကူးထဲက ချစ်သူပုံစံကို ပြောလာတဲ့ ရွှေသမီး 

တိုင်စာ ဇာတ်ကားကြီးဟာ ထူးခြားမှုတွေလည်း ရှိသလို ဟာသအကြောင်းအရာလေးတွေလည်း ပါဝင်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ရွှေသမီး က ပြောပါတယ်။ ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျမယ်လို့လည်း ယုံကြည်တယ်လို့ ဆက်လက် ပြောပြထားပါတယ်။

'' ဇာတ်ကားလေးရဲ့ ထူးခြားမှုကတော့ ဟာသ ပလော့ဂျ် လေးတွေကိုပဲ တမင်သက်သက်ကြီးလုပ်တယ် ဆိုတာထက် အလွဲလေးတွေပေါ့နော်။ လုပ်နေရင်းနဲ့ ပဲ အလွဲလေးတွေ ဖြစ်သွားတာပေါ့။ ထူးခြားမှု ဆိုတာထက် ဒီဇာတ်လမ်းလေးက ကြည့်လိုက်တဲ့ အချိန်မှာလည်း တကယ်ကို အဆင်ပြေပါတယ်'' လို့ ဆိုပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘွတ်

 

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တည်ကြက်ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဆရာဖြစ်သူ အကယ်ဒမီနေတိုးနဲ့ အတူတွဲ သရုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က