အိပ်လို့တောင် မပျော်ခဲ့ဘူးတဲ့။

စိုင်းစိုင်းဟာ ဖျော်ဖြေပွဲ မစခင်ကလည်း ပွဲအတွက် ရင်ခုန်ပြီး အိပ်လို့မပျော်ခဲ့သလို ပွဲပြီးတော့လည်း ပွဲအကြောင်း စဉ်းစားမိ တိုင်း ပျော်ပြီး အိပ်လို့မရခဲ့ ဘူးလို့ ဆိုပါတယ်။

 

ဂီတလောကမှာ အောင်မြင်မှုနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဖျော်ဖြေပွဲကို အောက်တိုဘာ(၁၄) ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ စိုင်းစိုင်းဟာ ဖျော်ဖြေပွဲ မစခင်ကတည်း ပွဲအတွက် ရင်ခုန်ပြီး အိပ်လို့မပျော်ခဲ့သလို ပွဲပြီးတော့လည်း ပွဲအကြောင်း စဉ်းစားမိတိုင်း ပျော်ပြီး အိပ်လို့မရခဲ့ ဘူးလို့ ဆိုပါတယ်။

 

"ပွဲပြီးတာကြာပေမယ့် အခုချိန်ထိ ပွဲနဲ့ ပတ်သက်ပြီး ပျော်နေတုန်းပဲ မဆိုခင်တုန်းကလည်း စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ဘူး ပွဲပြီးသွားတော့ လည်း ပျော်ပြီးတော့ အိပ်လို့မပျော်ဘူး။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော့်တို့ ဂီတသမားတွေ အကနု်လုံးနဲ့ ပရိသတ်နဲ့ တစ်သားတည်း စည်းမျောခဲ့ရတဲ့ ညဖြစ်တယ်။ ကျွန်တော်အတွက် မမေ့နိုင်တဲ့  ညတစ်ညလည်း ဖြစ်ပါတယ်" ဆိုပြီး အောက်တိုဘာ(၁၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Gatsby ပွဲမှာ Duwun Media သို့ စိုင်းစိုင်းက ပြောပြခဲ့တာပါ။

 

အောက်တိုဘာာ(၁၄) ရက်နေ့က ကျင်းပခဲ့တဲ့ စိုင်းစိုင်းရဲ့ ရှိုးပွဲကို အခွေအနေနဲ့ ပြန်ထုတ်သွားမှာလည်း ဖြစ်ပါတယ်။

"အခွေထုတ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အခွေပြန်ထုတ်တဲ့အချိန်ကျရင် ကျွန်တော်ပြန်ပြီးတော့ ကြေညာပါမယ်" ဆိုပြီး သူက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ''ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ပါဝင် ပံ့ပိုးပေးခဲ့ကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါသေးတယ်။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ အဆိုတော် မို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံတို့က ပါဝင်သီဆိုပေးခဲ့ကြတယ် လို့ သိရပါတယ်။

ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးပရိသတ်ကို တောင်းပန်လိုက်တဲ့ စိုင်းစိုင်း 

 စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများ စွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က