အချစ်ရေးနဲ့ ပတ်သက်လို့ တွေဝေခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်တဲ့။

အောင်မြင်လာပြီးနောက်ပိုင်းမှာ Relationship တော်တော်များများပြတ်သွားတာမျိုးတွေ ရှိပေမယ့်လည်း နားလည်မှု တွေနဲ့ တည်ဆောက်ထားတဲ့ အောင်မြင့်မြတ်တို့စုံတွဲရဲ့ Relation က ပရိသတ်တွေအားကျစရာပါ။



Photo : အောင်မြင့်မြတ် FB



အောင်မြင်လာပြီးနောက်ပိုင်းမှာ Relationship တော်တော်များများပြတ်သွားတာမျိုးတွေ ရှိပေမယ့်လည်း နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အောင်မြင့်မြတ်တို့စုံတွဲရဲ့ Relation က ပရိသတ်တွေအားကျစရာပါ။ ချစ်သူလို သူငယ်ချင်းလို နေလာခဲ့ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်းနဲ့ ဖြတ်သန်းလာခဲ့တာ မကြာခင်မှာ ချစ်သူသက်တမ်း(၄)နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။

Photo : အောင်မြင့်မြတ် FB

 

နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့အတွက်လည်း သူတို့နှစ်ယောက် ကြိုးစားနေသလို ပိုက်ဆံတွေလည်း ဆုနေတယ်လို့ အောင်မြင့်မြတ်က ဆိုပါတယ်။

"အဓိကတော့ ကျွန်တော်တို့ နှစ်ယောက် ပိုက်ဆံဆုနေတာပါ။ ကြိုးလည်းကြိုးစားနေတယ်။ မင်္ဂလာပွဲနီးတော့မယ်ဆိုရင် ပရိသတ် တွေကို အသိပေးမှာပါ။ ဒီနှစ် New Years ဆိုရင် လေးနှစ်ပြည့်တော့ယ်။ Relation မှာတော့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ကြ တယ်။ သမီးရည်းစားဆိုတာထက် သူငယ်ချင်း မောင်နှမတွေလိုဖြစ်နေတော့ အပြင်မှာဆိုလည်း ပေ့ါပေ့ါပါးပါးပဲနေတော့ ကြားထဲမှာ အကာအဆီးတွေ သိပ်မရှိဘူး။ သူကလည်း ပြောစရာရှိရင်ပြောတယ်" လို့ အောင်မြင့်မြတ်က မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

Photo : အောင်မြင့်မြတ် FB

 

နှစ်ဖက်စလုံးရဲ့ အိမ်တွေနဲ့လည်း အဆင်ပြေတာကြောင့် မိဘတွေက မြန်မြန်အိမ်ထောင်ပြုစေချင်ကြောင်း ဆက်လက်ပြောပြခဲ့ ပါသေးတယ်။

"နှစ်ဖက်လုံးရဲ့ အိမ်တွေကလည်း အဆင်ပြေတယ်။ သူ့အမေဆိုလည်း ကျွန်တော့်ကို ချစ်တယ်။ သူ့မောင်တွေကအစ ကျွန်တော့်အိမ် ကလည်းသူ့ကို ချစ်တယ်။ အကုန်လုံးကတော့ ယူဖို့ ပြောနေပြီ။ ကျွန်တော်တို့ဘက်က ပြင်စရာလေးတွေ ရှိတော့ အချိန်ယူနေတာ" လို့ သူက ဆိုပါတယ်။

Photo : အောင်မြင့်မြတ် FB

 

နာမည်ရလာပြီးတဲ့အချိန်မှာလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး တွေဝေခဲ့တဲ့ အချိန်တွေ ရှိပေမယ့် လက်ရှိကောင်မလေးလောက် သူ့အပေါ် ကောင်းတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ အောင်မြင့်မြတ်က ဆက်လက်ပြောပြခဲ့ပါတယ်။

"မပြတ်ဘူးဆိုတာကလည်း ကျွန်တော်က အမှားလုပ်တာများတယ်။ ကိုယ့်စိတ်ကိုယ် တစ်ခါတလေမနိုင်ဘူး။ အမှားတွေဘာတွေ လုပ်လိုက်မိတယ်။ အမှားတွေ ခဏခဏဖြစ်တယ်။ ဒါပေမယ့် အမြဲတမ်း သူ့ကို ပြန်ချော့ရတာပေ့ါနော်။သူ့နဲ့ ဘယ်အရာနဲ့မှ မလဲနိုင် ပါဘူး။တစ်ယောက်နဲ့တစ်ယောက်ခွင့်လွှတ်ပေးတယ်။ အဲ့လိုနဲ့ပဲ သွားဖြစ်နေတယ်။ တကယ်ကိုယ့်အပေါ်ကောင်းတာ သူပဲရှိတာလေး ။ ဘာမှမဖြစ်ခင်ကတည်းက အကုန်လုံး အတူတူ ဖြတ်သန်းခဲ့တာ။ သူငယ်ချင်းတွေလို ဖြစ်နေတော့လေ တစ်ယောက်မှားရင် တစ်ယောက်ထိန်းပေးရင်းနဲ့ သွားဖြစ်တာပါ" ဆိုပြီး သူက ပြောပြခဲ့ပါတယ်။

Photo : အောင်မြင့်မြတ် FB

 

သရုပ်ဆောင် အောင်မြင့်မြတ်ဟာ "ဥပါတံမျဉ်" ရုပ်ရှင်ဇာတ်ကားကနေ မိန်းကလေး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိလာ သူတစ်ဦးဖြစ်ပါတယ်။ သိန်းစိုးဆိုတဲ့ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အောင်မြင့်မြတ်ဟာ အခုဆိုရင် နောက်ထပ် ဇာတ်ကားရိုက်ကူးမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က