ဟိန်းမင်းသူနဲ့ ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ပြန်ရှင်းခဲ့တာပါ။

ဟိန်းမင်းသူနဲ့ နှစ်ယောက်သား Chat ထားတဲ့ အထဲမှာ "အလှူတစ်ခုခု ပြန်လုပ်ပြီး ဖေ့စ်ဘွတ်ပေါ်တင်လိုက် လူတွေကို အဲ့လိုချော့မှ ရတယ်" ဆိုတဲ့ စာသားဟာ ပရိသတ်တွေကြားထဲမှာ ပြန့်သွားခဲ့သလို အဲ့ဒီစကားနဲ့ တိုင်ရွန်ကို Troll တဲ့ အထိ ရှိလာခဲ့ပါတယ်။



Photo : တိုင်ရွန် FB

 

ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်အကောင့် ဟက်ခံလိုက်ရပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ ပြောထားတဲ့ Screen Shot တွေလည်း အွန်လိုင်းမှာ ပြန့်သွားပါတယ်။ အဲ့ဒီထဲမှာ တိုင်ရွန်ပြောထားတဲ့ စကားတွေ တော်တော် များများလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။

ဟိန်းမင်းသူနဲ့ နှစ်ယောက်သား Chat ထားတဲ့ အထဲမှာ "အလှူတစ်ခုခု ပြန်လုပ်ပြီး ဖေ့စ်ဘွတ်ပေါ်တင်လိုက် လူတွေကို အဲ့လိုချော့မှ ရတယ်" ဆိုတဲ့ စာသားဟာ ပရိသတ်တွေကြားထဲမှာ ပြန့်သွားခဲ့သလို အဲ့ဒီစကားနဲ့ တိုင်ရွန်ကို Troll တဲ့ အထိ ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက် သူလှူခဲ့တဲ့ အလှူတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့ အထိပါ ရှိခဲ့ပါတယ်။

Photo : ဟိန်းမင်းသူ FB

 

အဲ့ဒါတွေနဲ့ ပတ်သက်လို့ တိုင်ရွန်က သူလှူထားခဲ့တဲ့ အလှူတွေဟာ သူ့အနေနဲ့ စိတ်သန့်သန့်နဲ့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်အဲ့တုန်းက ပြောခဲ့တာကလည်း သူမျက်စိနောက်စရာတွေ မတင်နဲ့တော့ ကောင်းကောင်းမွန်မွန်လေးတွေပြန်တင်လို့ပဲ ပြောခဲ့တာပါ။ အဲ့အတွက် ကျွန်တော့်ကို ဘယ်လိုပဲ ပြောပြော ကျွန်တော်လှူခဲ့တဲ့အလှူတွေကို လိပ်ပြာသန့်သန့်လှူခဲ့တာ ဖြစ်လို့ ကျွန်တော်ဘယ်လိုမှ မခံစားရပါဘူး။ ဒါပေမယ့ ်ပရိသတ်တွေအားလုံးကိုလည်း မှားတာရှိရင် တောင်းပန်ပါတယ်။ ကျွန်တော်အမှား တွေ ရှိခဲ့ရင်လည်း ပြင်ပြီးတော့ နေသွားပါ့မယ်" လို့ အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ဖြေဆိုပေးခဲ့ပါတယ်။

Photo : တိုင်ရွန် FB

အရမ်းချစ်ရတဲ့ သူငယ်ချင်း ဟိန်းမင်းသူအကြောင်း ပြောလာတဲ့ တိုင်ရွန် 

သူ့အနေနဲ့ နောက်ပိုင်းမှာလည်းဖေ့စ်ဘွတ်ကို စိတ်ထဲမှာ မထားတော့ပဲ အပြင်မှာပဲ ပရိသတ်တွေအတွက် အများကြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော့် ဖေ့စ်ဘွတ်ကို စိတ်ထဲမှာ မထားချင်တော့ဘူး။ အပြင်မှာပဲ အများကြီး ဆက်ကြိုးစားသွားမယ်။ ကျွန်တော်စိတ်တွေ ရှုပ်လာရင်တော့ ဖုန်းပိတ်ပြီး နေလိုက်တယ်" လို့ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : တိုင်ရွန် FB

 

မော်ဒယ်လောကမှာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ပြီးခဲ့တဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင် နေတာကို တွေ့ပါတယ်။ အဲ့ဒီ နောက် ပရဟိတ လုပ်ငန်းတွေမှာလည်း တစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းတွေ၊ ပရိသတ်တွေနဲ့ဖြစ်စေ အားသွန်ခွန်စိုက် ဆောင် ရွက်နေတာကို တွေ့ရပါတယ်။

Photo : တိုင်ရွန် FB

 

တိုင်ရွန်ဟာ အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က