တစ်ချိန်ကျရင် သိမှာပါ။

ဘုန်းမင်းနေလ နဲ့ ပိုင်အုပ်စိုးအောင် တို့ နှစ်ယောက်က သူတို့ ယောကျ်ားစစ်တဲ့အကြောင်းကို အခုလိုပြောပြလာပါတယ်။ အဲ့ဒီ နောက် ဘုန်းမင်း နေလ ၊ ပိုင်အုပ်စိုးအောင် နဲ့ အုပ်စိုးခန့် တို့ သူငယ်ချင်း ၃ ယောက်ရဲ့ ဆက်ဆံရေးတွေကိုလည်း ဆက်လက် ပြောပြလာပါတယ်။

 

သရုပ်ဆောင် ဘုန်းမင်းနေလ နဲ့ ပိုင်အုပ်စိုးအောင် တို့ နှစ်ယောက်က သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ အုပ်စိုးခန့် ယောကျ်ားစစ်တဲ့ အကြောင်း ကိုလည်းပြောပြခဲ့ဖူး ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ယောက်ကလည်း သူတို့ကိုယ်သူတို့ ယောကျ်ားစစ်တဲ့အကြောင်းတွေ ကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ထင်လည်း ကျွန်တော်တို့ ယောကျ်ားဘယ်လောက်စစ်တယ် ဆိုတာ တစ်ချိန်ကျ သိလာလိမ့်မယ်။ စစ်ချက်ပဲ ကျွန်တော်တို့ စစ်တယ် ဆိုတာ ကျွန်တော်တို့  သိပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၄ ရက်နေ့က Aroma  ရဲ့ ၇ နှစ်ပြည့်အမှတ်တရ Fashion Show ပွဲကြီးမှာ ဖြေဆို ခဲ့ကြတာဖြစ်ပါတယ်။

 

အဲ့ဒီနောက် ဘုန်းမင်းနေလ နဲ့ ပိုင်အုပ်စိုးအောင်တို့ နှစ်ယောက်ကို ဝေဖန်တိုက်ခိုက်သူတွေကလည်း ယောကျာ်းလေးချင်းတွဲနေတယ် ဆိုပြီးတော့လည်း ပြောနေတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာလည်း သဘောထားကြီးပြီး စိတ်မဆိုးတတ်ဘူး ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' ကျွန်တော်တို့ကိုတောင် သဘောၤကြီးစီးခိုင်းတယ်လေ။ သိသိရက်နဲ့ စီးခိုင်းတာပေါ့နော်၊ ကျွန်တော်တို့ ယောကျ်ားစစ်မှန်းသိရက်နဲ့ စီးခိုင်းတာ ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မဆိုးပါဘူး။ သူတို့ ပျော်နေရင် ကျွန်တော်တို့ဘက်ကလည်း ပြန်နောက်ရတာပေါ့။ ကျွန်တော်တို့တွေက လည်း သို့လော သို့လောဖြစ်အောင်မနေဘူး။ စိတ်ထင်ရင် ထင်သလို နေတာပဲ'' လို့ သူကဆိုပါတယ်။

အမေပျော်နေသ၍ ကျွန်တော်လက်ခံနိုင်ပါတယ်ဆိုတဲ့ ဘုန်းမင်းနေလ 

ဘုန်းမင်းနေလ၊ ပိုင်အုပ်စိုးအောင်နဲ့ အုပ်စိုးခန့် တို့ သူငယ်ချင်း ၃ ယောက်ကတော့ အခုနောက်ပိုင်းမှာ သွားသွားလာလာ အတူတူ တွဲတွေ့နေတာကို တွေ့ရပါတယ်။ သူတို့ သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးအကြောင်းတွေကိုလည်း အခုလို ပြောပြလာပါသေးတယ်။

'' သူငယ်ချင်းတွေ ပိုတွဲဖြစ်လာတာကလည်း ကျွန်တော်တို့ အဖွဲ့လိုဖြစ်သွားတာပေါ့နော်။ အုပ်စိုးခန့်ရယ်၊ ကျွန်တော်ရယ်၊ ပိုင်အုပ်စိုးအောင် ရယ်၊ ကျွန်တော်တို့ သူငယ်ချင်း ရှင်း ဆိုတဲ့ တစ်ယောက်ရယ်။ အရမ်းခင်သွားကြတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် အတူတူ သွားဖြစ်ကြ တာများတယ်။ ကျွန်တော်တို့တွေက ခွဲရတယ်ဆိုတာ သိပ်မရှိဘူး'' လို့ ဆိုပါတယ်။

 

ဘုန်းမင်းနေလ နဲ့ ပိုင်အုပ်စိုးအောင် တို့ကတော့ လက်ရှိမှာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသဲစွဲ မင်းသားချောလေးတွေဖြစ်ပါတယ်။ ဘုန်းမင်းနေလ ဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားကြီးဖြစ်ပြီး လက်ရှိမှာတော့ မဂ္ဂဇင်းကာဗာ Starအဖြစ် ရိုက်ကူးနေရပြီး ရှိုးပွဲတွေ မှာ ပါဝင်ဖြစ်နေတာကို တွေ့ရပါတယ်။ ပိုင်အုပ်စိုးအောင်ကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူး နေတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က