ခင်ပွန်းဖြစ်သူက ကျန်းမာရေးမကောင်းဘူး။

အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ လက်ရှိအိမ်ထောင်ရေး အခြေအနေကို ဖွင့်ပြောပြလာပါပြီ။ သူမဟာ အသက် ၂၁ နှစ်ကွာတဲ့ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။



 

သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်က လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ပြောပြလာပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နဲ့ အိမ်ထောင်ကျပြီးတဲ့ ၆ လအတွင်းမှာ စီးပွားရေးတွေလည်းကျသလို ကားအက်ဆီးဒင့်ကြောင့် အိပ်ရာထဲ လဲခဲ့ရတဲ့ ခင်ပွန်းကို  မထားခဲ့ရက်နိုင်ပဲ ဒီနေ့အချိန်ထိ သစ္စာရှိရှိ ချစ်နေတုန်းပဲ ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။

'' စီးပွားရေးကျသွားတယ်၊ ကားအက်ဆီးဒင့်ဖြစ်တယ်။ အရေးအခင်းဖြစ်တယ် ဦးမောင် မောင်ကျော် နလန်မထူနိုင်တော့ဘူးဆိုတော့ သူ့ပိုက်ဆံတွေကို အကုန်လုံး ဘတ်သွားတယ်။ ဒါပေမယ့် မို့ကတော့ ဒေါက်ထောက်ပြီးလာတယ်။ မို့ဘဝ မှာ လူဆန်ရမယ်၊ ပေါင်းတာ ၆ လလေးနဲ့ ဆေးရုံတက်ရတယ်ဆိုတော့ တချို့မိန်းမတွေဆို ထွက်ပြေးရင်ပြေးမှာပေါ့။ ဒါပေမယ့် မို့ကတော့ မပြေးရက်ဘူး။ '' လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင် ဖေ့စ်ဘွတ်

 

ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးကြောင့် စီးပွားရေး အဆင်မပြေတဲ့အချိန်၊ ပိုက်ဆံတွေ အလိမ်ခံရတဲ့အချိန်မှာ မိန်းမသားတစ်ဦးအနေနဲ့ ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတယ်လို့ မို့မို့မြင့်အောင်က ပြောပါတယ်။ ဒါပေမယ့် သူ့ခင်ပွန်းရဲ့ ယောကျ်ားပီသတဲ့ စိတ်ဓာတ်တွေကြောင့် မခွဲခွာ နိုင်ခဲ့ဘူးလို့လည်း အောက်တိုဘာလ ၂၀ ရက်နေ့က မင်းသမီးပိုးထည်တိုက် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' တစ်ယောက်မှ စိတ်မဝင်စားဘူး၊ ကိုယ့်ကုသိုလ်ကံကြောင့်သာ ဒီလိုဖြစ်ရင် ဖြစ်သွားမယ်။ အသည်းနှလုံးထဲက တစ်သက် တစ်ကဏ္ဍပေါ့နော်။ မို့အမျိုးသားက သိပ်ယောကျ်ားပီသတယ်။ ယှဉ်လိုက်လေ မို့အမျိုးသားနဲ့ ယှဉ်နိုင်တဲ့သူဘယ်နှယောက်မှ မရှိတာ သူလည်း မို့အပေါ် သစ္စာ ရှိစွာနဲ့နေပြတယ်။ ၆ လလောက်လေးနဲ့တော့ မို့အမျိုးသားကို မပြစ်ရက်ဘူး။ ပြီးတော့ မို့ တို့က အသက် ၂၁ နှစ်ကွာတယ်'' လို့ သူကဆို ပါတယ်။

အန်တီမို့ဆီက ပညာတွေအများကြီးရတယ်ဆိုတဲ့ မုဏ်း 

Photo: မို့မို့မြင့်အောင် ဖေ့စ်ဘွတ်

 

ခင်ပွန်းသည်ဟာ ကိုယ်တိုင်လမ်းမလျှောက်နိုင်ပေမယ့်လို့လည်း ပါးစပ်ကနေ အားပေးစကားပြောလေ့ရှိတယ်လို့ မို့မို့မြင့်အောင်က ဆက်လက် ပြောပြလာပါတယ်။ အိမ်ထောင်တစ်ခုမှာလည်း လင်မယား နှစ်ယောက်ရဲ့ အချစ်က ပိုခိုင်မြဲတယ်လို့ ဆိုပါတယ်။

'' ကိုယ့်ယောကျ်ားလမ်းမလျှောက်နိုင်ဘူးဆိုရင်လည်း သူ့ရဲ့ နှုတ်ကနေ အားပေးနေတယ်၊ ဖေးမပေးနေတယ်၊ ချစ်လေးရေ ထမင်းစားလေ သိပ်ပိန်မယ်ကွယ်၊ ချစ်လေးရေ အရမ်းများနေပြီ ပန်းကန်တွေ သိမ်းလိုက်ကြတော့ဆိုတာက ရှိသေးတယ်။ အဲ့ဒီလိုပဲရှိပါစေ အရမ်းချစ်ပါတယ်။ လမ်းလျှောက်နိုင်တာ မလျှောက်နိုင်တာ အဓိက မဟုတ်ပါဘူး။ လင်မယားနှစ်ယောက် ချစ်နေဖို့ အဓိက ပါပဲ'' လို့ သူကပြောပါတယ်။

Photo: မို့မို့မြင့်အောင် ဖေ့စ်ဘွတ်

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။ မို့မို့မြင့် အောင် ဟာ အခု လက်ရှိ သရုပ်ဆောင်ရွေးချယ်မှု ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက် နေတာတွေလည်း ရှိပါတယ်။

Share

Loading Next Article...
က္က