ဇာတ်ကားထဲမှာတော့ ပီပီပြင်ပြင်သရုပ်ဆောင်လေ့ရှိပါတယ်။

မင်းသွေးရဲ့ ဈာပနကို ကိုယ်တိုင်ပြင်ဆင် ဆောင်ရွက်ပေးနေရတဲ့ နေတိုးဟာ သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ကြံ့ကြံ့ခံရင်း အရာရာကို တည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာလည်း  မင်းသွေးအတွက် ရည်စူးပြီး တရားပွဲ ပြုလုပ် မယ်လို့ သိရပါတယ်။



 

နေတိုးကတော့  ညီဖြစ်သူ မင်းသွေး ကွယ်လွန်ချိန်မှာတော့ ဝမ်းနည်းပူဆွေးခြင်း တွေမရှိပဲ အရာရာကို တည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်သန်းဖြစ်ခဲ့ တဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ ဒီအပေါ်မှာ ပရိသတ်တွေရဲ့  ဝေဖန်မှုတွေကို နေတိုးကိုယ်တိုင်က မီဒီယာတွေကနေတဆင့် ပြောပြ ခဲ့တာဖြစ်ပါတယ်။

'' အဓိက က ပရိသတ်ဆိုတာ Public Eyes ထဲမှာ နေရတာဆိုတော့ ကိုယ့်ရဲ့ ခံစားမှုတွေ၊ ကိုယ့်ရဲ့ Emotion တွေ အကုန်လုံးက ရာခိုင်နှုန်း အနည်းအများ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့လည်း ပရိသတ်တွေနဲ့ ထိတွေ့တဲ့အချိန်၊ ပရိသတ်တွေကို တဆင့် အင်တာဗျူးလုပ်တဲ့ အချိန်တွေမှာ ပရိသတ်နဲ့ ထိတွေ့မှုများတဲ့အတွက် ကိုယ်ကိုယ်တိုင်ရဲ့ ဆန္ဒထက် ပရိသတ်ရဲ့ ဆန္ဒကို ပိုဦးစားပေးဖြစ်ပါတယ်'' လို့ဆိုပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

နေတိုးဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ဆိုရင်တော့ အချစ်၊ အမုန်း၊ အလွမ်း၊ ဟာသ၊ အကြမ်း ကာရိုက်တာ တွေမှာဆိုရင်တော့ ပီပီပြင်ပြင် ပိုင်ပိုင် နိုင်နိုင် သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ကားထဲက ကာရိုက်တာနဲ့ အပြင်က ကာရိုက်တာကတော့ မတူညီဘူးဆိုတာကို အောက်တိုဘာလ ၂၁ ရက်နေ့ညက အမုန်းတွေ ခေါက်ထားလိုက် ရုပ်ရှင် အထူူးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော့်ရဲ့ အကျင့်ကိုယ်က ဝမ်းသာတာ၊ ဝမ်းနည်းတာကို သိပ်ပြီးတော့ ဖော်ပြလေ့မရှိဘူး။ ဒါ အပြင်ကာရိုက်တာပေါ့နော်။ အထဲမှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ ကြေကွဲတာတို့ကို ပေါ်ပေါ်လွင်လွင် သရုပ်ဆောင်ပြရပေမယ့် အပြင်ကာရိုက် တာကျတော့ ကျွန်တော် အရမ်းကြီးလည်း ဝမ်းမသာတတ်သလို အရမ်းကြီးလည်း ဝမ်းမနည်းတတ်ပါဘူး'' လို့ ဆိုပါတယ်။

တည်ငြိမ်လွန်းတဲ့ နေတိုးအကြောင်းပြောလာတဲ့ သက်မွန်မြင့် 

 

သရုပ်ဆောင် မင်းသွေးအတွက် မုန်းစွဲ ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေကလည်း တရားပွဲကျင်းပပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒီ့အတွက် ကြောင့်လည်း နေတိုးကိုယ်တိုင်က ကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြောပြလာပါတယ်။

'' ၂၄ ရက်နေ့ကို အရှင်ဆန္ဒာတိက တရားပွဲ စီစဉ်ထားပါတယ် ခင်ဗျ။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေက မင်းသွေးအတွက် ကုသိုလ် အဖြစ် တရားဓမ္မလှူဒါန်းတဲ့အနေနဲ့ ဒီ တရားပွဲလေးကို စီစဉ်ဖြစ်ပါတယ်။ သူ့အတွက် လုပ်ပေးနိုင်တဲ့ အတိုင်းအတာမှန်သမျှ အားလုံးကို စေတနာထားပြီး လုပ်ပေးကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်''လို့ ဆိုပါတယ်။

 

သရုပ်ဆောင် နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကို နှစ်ယောက်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူပါဝင်သရုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ညီအစ်ကို နှစ်ယောက် ကြိုးကြိုးစားစားပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ မုန်းစွဲ ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် အတွင်းမှာ ပြသသွားမယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က