ချစ်သူကတောင် ရူးနေလားလို့ အပြောခံရတယ်တဲ့။

ထက်ထက်ထွန်းဟာ ယောကျ်ားလေးဆန်ဆန်နေတတ်လွန်းတာတွေကြောင့် ပရိသတ်တွေက ယောကျ်ားလျာ ဖြစ်သွားပြီလားလို့ တောင် မေးနေကြပါပြီ။ ဒါကြောင့်လည်း ထက်ထက်ထွန်းကိုယ်တိုင်က ယောကျ်ားလေးဆန်ပြီး ပျော်ပျော်နေတတ်တာပါလို့ ဆို ပါတယ်။

 

သရုပ်ဆောင် ထက်ထက်ထွန်း က မကြာသေးခင်က မဂ္ဂဇင်းကာဗာရိုက်ကူးရေးတွေ၊ မင်္ဂလာမောင်နှံ စုံတွဲဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ ယောကျ်ားလေးလို ပီပီပြင်ပြင် နေတတ်လွန်းတာကြောင့် ယောကျ်ားလျာပုံစံ ဖြစ်သွားပြီလားလို့ ဆိုပါတယ်။ ဒါပေမယ့် ယောကျ်ားလျာမဟုတ် ပေမယ့် ယောကျ်ားလေးဆန်တဲ့ စိတ်ပဲရှိတာပါလို့ Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ထက်က မိန်းမဆန်တဲ့အထဲမှာ မပါဘူး။ ထက် စိတ်ကို ဖက်တဲ့သူတိုင်းယောကျ်ားဆန်တယ်နော်တဲ့ တစ်ခုခုဆို ယောကျ်ားဆန်တဲ့ စိတ်နဲ့ အရာရာကို ဆုံးဖြတ်တယ်ပေါ့နော်။ တစ်ခုခုဆို ကိုယ်က ဦးဆောင်ချင်တယ်။ မိန်းကလေးလို ချွဲချွဲ နွဲ့နွဲ့ နဲ့ နောက်က လိုက်တာမျိုးမရှိပဲ တစ်ခုခုဆို ဇိုးဇိုးဇက်ဇက် ကိုယ်က လုပ်ချင်တာမျိုးဆိုတော့ ထက် ယောကျ်ားစိတ်ပေါက်နေတယ်ထင်တာပဲ'' လို့ သူကဆိုပါတယ်။

 

ပျော်ပျော်နေတတ်ပြီး လူတိုင်းအပေါ် ချစ်တတ်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ထက်ထက်ထွန်းကို အားပေးတဲ့ ပရိသတ်တွေ ပိုများလာ တာဖြစ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေအပေါ်မှာလည်း မထိတထိ စနောက်တတ်လွန်းလို့ မိန်းကလေးအချင်းချင်းတောင် အတူတူ မအိပ်ရဲဘူး ဆိုတာကို အောက်တိုဘာလ ၂၁ ရက်နေ့က Project K ရဲ့ Album အသစ်မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' မိန်းကလေးတွေကိုလည်း ချစ်တယ်၊ အဲ့ဒီတုန်းကတည်းက ပြောထားပါတယ်။ ထက်က 2 way ပါလို့။ ယောကျ်ားလေးတွေရော၊ မိန်းကလေး တွေရောချစ်တယ်။ ထက်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတိုင်းကို ချစ်တယ်။ ကိုယ့်ဆီမှာက အမုန်းဆိုတဲ့အရာထက် ချစ်တတ်တဲ့ စိတ်က ပိုကောင်း တယ်လို့ ထင်တယ်။ သူငယ်ချင်းတွေဆိုလည်း ငယ်ငယ်ကတည်းက ကိုယ်နဲ့ မအိပ်ရဲဘူး အရမ်းအသားယူတာ''လို့ ဆိုပါတယ်။

 

ထက်ထက်ထွန်းဟာ ယောကျ်ားလေးဆန်ဆန် နေတတ်တာတွေကြောင့်လည်း ချစ်သူရဲ့  ရူးနေတာလားလု့ိတောင် အပြောခံရတယ် လို့ဆို ပါတယ်။ အစစအရာရာ နားလည်ပေးတတ်တဲ့ ချစ်သူကလည်း ထက်ထက်ထွန်းရဲ့ စိတ်နေ စိတ်ထားတွေကို သိပါတယ်တဲ့။

'' ချစ်သူကလည်းကိုယ့်ကို ထပြောတယ်။ ရူးနေလားတဲ့ ဒါပေမယ့် ကိုယ်က အစကတည်းက ကိုယ်က အဲ့ဒီလိုနေတတ်တဲ့ လူမျိုးဆိုတော့ အရမ်း ကြီး သနားတဲ့စိတ်နဲ့ ယောကျ်ားတစ်ယောက်ကိုရော၊ မိန်းမတစ်ယောက်ကိုရော သနားတဲ့ စိတ်နဲ့ မဟုတ်ပဲ ကိုယ်ချစ်တဲ့သူကို ပျော်စေချင်တဲ့ စိတ်၊ ကောင်းစေချင်တဲ့ စိတ်နဲ့ ပဲ ထက်က ချစ်တာ'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

ထက်ထက်ထွန်းဟာ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်လာနိုင်သူ တစ်ဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာက သိအောင် တင်ဆက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုဆိုရင်တော့ ရုပ်သံ ဇာတ်လမ်းတွဲတွေ၊ တီဗီကြော်ငြာတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က