ကိုယ်တိုင် တည်ဆောက်ထားတာပါတဲ့။

ကြာစိ တစ်ယောက် လက်ရှိမှာ ချစ်ဇနီး ဆုဟန်နီဖြိုး နဲ့ အတူတူနေထိုင်တဲ့ အိမ်လေးအကြောင်းကို ပြောပြလာပါတယ်။ ချစ်ဇနီး ရဲ့ မွေးနေ့မှာ မွေး နေ့လက်ဆောင်ပေးခဲ့တဲ့ အိမ်လေးကို သူကိုယ်တိုင် ကြိုးစားပြင်ဆင်တည်ဆောက်ထားတာလို့ ဆိုပါတယ်။

Photo: ကြာစိ ဖေ့စ်ဘွတ်

 

ဟာသသရုပ်ဆောင် လူရွှင်တော် ကြာစိက လက်ရှိမှာ သူချစ်ရတဲ့မိသားစုနဲ့ အတူတူ နေထိုင်တဲ့ အိမ်လေးအကြောင်းတွေ ပြောပြလာပါတယ်။ ဒီအိမ်လေးကို သူကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင် တည်ဆောက်ထားတာလို့ သိရပါတယ်။ အိမ်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' ကိုယ်တိုင်ပြင်တယ်၊ ကိုယ်တိုင်လုပ်တယ် ဆိုတာက တကယ်တော့ ပိုက်ဆံမတတ်နိုင်လို့ပါ ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံရှိတဲ့လူတွေ က ဟိုအပ်လိုက်၊ ဒီအပ်လိုက်နဲ့ပေါ့။ အစ်ကို ကိုယ်တိုင်လုပ်တယ်ဆိုတာ သက်လည်း သက်သာတယ်။ ကိုယ့်စိတ်တိုင်းကျလည်းဖြစ်တယ်။ ကိုယ် တိုင် Wallpaper ကပ်၊ ကိုယ်တိုင် ဆောက်ထားတာ'' လို့ဆိုပါတယ်။

Photo: ကြာစိ ဖေ့စ်ဘွတ်

တာဝန်ကျေလွန်းတဲ့ ခင်ပွန်းကို ချီးကျူးစကားဆိုလိုက်တဲ့ ကြာစိရဲ့ ဇနီးသည် 

ကြာစိကိုယ်တိုင် ပြင်ဆင်ထားတဲ့ အိမ်ကတော့ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ တောင်ကြီးမှာပဲ ဖြစ်ပါတယ်။ ဒီအိမ်လေးကို ဇနီးရဲ့ စိတ်ကြိုက် ဖြစ်အောင် ဖန်တီးပေးခဲ့တာဖြစ်ပြီး မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

'' ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ပါဘူး၊ မတောက် တစ်ခေါက်လေးတွေလောက်ပါ။ တစ်ခါတစ်လေ ပန်းရံဆရာတွေ လာပြီဆိုရင် ဘေးကနေ ကိုယ်က ဝိုင်းကူလုပ်ပေးတာလောက်ပါပဲ။ Wallpaper တွေကိုတော့ တစ်အိမ်လုံး ကိုယ်တိုင်ပဲ ကပ်ထားတာ'' လို့ အောက် တို ဘာ လ ၁၄ ရက်နေ့က Aroma 7years Anniversary မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ကြာစိ ဖေ့စ်ဘွတ်

 

အိမ်အတွင်း အပြင်အဆင်တွေကိုလည်း ကြာစိနဲ့ အတူ ချစ်ဇနီး ဆုဟန်နီဖြိုးတို့ တိုင်ပင်ပြီး ချစ်စရာကောင်းအောင် ပြင်ဆင်ခဲ့တယ်လို့ သိရပါ တယ်။ ချစ်စရာကောင်းတဲ့ နေချင်စဖွယ် အိမ်လေးဖြစ်လာနိုင်အောင် ကြိုးစားခဲ့တဲ့ ကြာစိရဲ့ ခံစားချက်တွေကိုလည်း အခုလို ပြောပြလာ ပါတယ်။

''ကျွန်တော်ကတော့ ဘုရားခန်းရယ်၊ ဧည့်ခန်းရယ်ကိုတော့ ကျွန်တော့် စိတ်ကြိုက်၊ သူကတော့ အိပ်ခန်းလေးကိုပဲ သူ့စိတ်ကြိုက်၊ သူ့ဘာသာသူ ပြင်တယ် ပန်းရောင်လေးတွေပေါ့။ အိမ်က ကိုယ်တိုင်လုပ်တယ်၊ ကိုယ်တိုင် ပစ္စည်းတွေ ဝယ်တာဆိုတော့ အလုပ်သမားခလည်း သက်သာ တယ်။ ဒါပေမယ့် ပင်ပန်းတယ် ဗျာ'' လို့ ဆက်လက်ဖြေဆိုခဲ့တာပါ။

Photo: ကြာစိ ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က