တကယ်ကို မြေးလိမ္မာလေးပါ။

ဝင်းခန့်မိုးက ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်ပါတယ်။ အဘွားရဲ့ မျှော်လင့်ချက်တွေအတိုင်းဖြစ်လာဖို့ အနုပညာ အလုပ်တွေ ကြိုးစားသွားပါမယ်လို့ ဆိုပါတယ်။ မကြာခင်က အသက် ၁၈ နှစ်ပြည့်ခဲ့တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးဟာ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်ဖို့ ကြိုးစား လျှောက် လှမ်း နေသူဖြစ်ပါတယ်။ အဘွားဖြစ်သူရဲ့ အနုပညာအမွေကို ခံယူရမယ့် ဝင်းခန့်မိုး က အဘွားမျှော်လင့်ထားတဲ့ အနုပညာမျိုးစက်တစ်ဦးဖြစ် အောင် ကြိုးစားမယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ချိုချို့ရဲ့ မျှော်လင့်ချက်ကတော့ အရမ်းပြင်းထန်တယ်၊ ချိုချိုဆိုတာ သားတို့အတွက် အဘွားအနေနဲ့ဖြစ်လာတာလေ၊ သူများတွေ ဆိုရင်တော့ အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်လို့ရတယ်။ ချိုချို့ရဲ့ မျိုးစက်မှာလည်း တစ်ယောက်မှ မရှိဘူး သားသမီးတွေမှာလည်း မရှိဘူး၊ မြေးတွေထဲမှာဆိုရင်လည်း သားတစ်ယောက်ပဲရှိတာဆိုတော့ သူ့ရဲ့ အနုပညာ အမွေတွေကို အကုန်ပေးချင်တယ်။ ချိုချိုအရမ်းမျှော်လင့် ထားတဲ့ အတိုင်းဖြစ်အောင် ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

ဝင်းခန့်မိုးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က အသက် ၁၈ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ချလို့ ရမယ့် အရွယ်ရောက်ပြီလို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' ၁၈ နှစ်ပြည့်သွားပြီဆိုတော့ စာချုပ်တွေကို ကိုယ့်ဘာသာကိုယ် ထိုးလို့ရတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ့်ဘာသာကိုယ် ချလို့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် အိမ်ကိုပဲ မှီခိုပါသေးတယ်၊ အိမ်က အဖေအမေကို တိုင်ပင်ဖြစ်ပါတယ်။ အဖေ အမေ ဆုံးဖြတ်တဲ့အရာတွေကို မှား သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျွန်တော်ကတော့ လုပ်မှာပဲ အဖေ အမေပြောတဲ့အတိုင်းပေါ့'' လို့ ဖြေဆိုခဲ့တာပါ။

 

ဝင်းခန့်မိုးရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကိုတော့ Mary Chapman School for the Deaf Children (MCSD) ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ၁၈ နှစ်ပြည့်တဲ့ အချိန်မှာ သူ အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိတဲ့အကြောင်း ပြောပြလာပါတယ်။

'' ကျွန်တော် ၁၈ နှစ်ပြည့်သွားပြီဆိုတော့ Harry's Bar ကို သွားမယ်။ အဲ့ဒီ ဘားက ကျွန်တော်တို့ကို ၁၈ နှစ်မပြည့်ရင် ပေးမသောက်ဘူး။ မှတ်ပုံတင်ကို နဖူးမှာ ကပ်ပြီးတော့ ဘီယာမသောက်ချင်ပေမယ့် သွားကို သောက်မယ်။ ကျွန်တော့် သူငယ်ချင်းတွေဆိုလည်း ဟေ့ကောင် မင်းကို မှတ်ပုံတင်တောင်းနေပြီ လာပေးတော့ ဆိုပြီး အဲ့ဒီလို လုပ်မှာပါ'' လို့ ဆိုပါတယ်။

 

ဝင်းခန့်မိုးကိုတော့ ၂၀၁၆-၂၀၁၇ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ပေးပွဲအတွက် ရွှေကြို ယောကျ်ားလေးအဖြစ် ရွေးချယ်ခံရတဲ့ အချိန်ကနေ ပရိသတ် စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဝါရင့်သရုပ်ဆောင်ကြီးအကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်တာကြောင့်လည်း ပရိသတ်တွေ ပိုအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ ဝင်းခန့်မိုးဟာ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က