သူကတော့ ယောကျ်ားစစ်ပါတယ်။

လင်းအောင်ခေတ်က သူကိုယ်တိုင် ဂေးတစ်ယောက် မဟုတ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ ဒါပေမယ့် သူတို့ သူငယ်ချင်း တွေထဲမှာတော့ တစ်ခါတလေ စတတ် နောက်တတ်ကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

သရုပ်ဆောင် လင်းအောင်ခေတ် က ဂေးတစ်ယောက် မဟုတ်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဂေးတစ်ယောက် ဆိုတာက လည်း ရှက်စရာကောင်းတဲ့အရာ မဟုတ်တဲ့အတွက် ဝေဖန်ပြောဆိုကြတဲ့ သူတွေကိုလည်း စိတ်မဆိုးတဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

'' ကျွန်တော့်ကို ယောက်ျားစစ်စစ်လား၊ ဂေးလား မေးရင်တော့  ကျွန်တော်က ယောကျ်ားစစ်စစ်လို့ ပြောချင်တာပေါ့နော်။ လိမ်လည်း မလိမ် ပါဘူး။ ကျွန်တော် အခြောက်ဆိုရင်လည်း ပရိသတ်ကို အမှန်အတိုင်းပြောမှာ ဒါရှက်စရာမဟုတ်ဘူး။ အဓိက က ရှက်စရာဆိုတာ အကျင့်မ ကောင်းတာ၊ ကိုယ့်ပတ်ဝန်းကျင်ကို အထောက်အကူမပြုနိုင်တာ ဆန်ကုန်မြေလေးတွေကမှ တကယ်ကို ရှက်စရာပါ'' လို့ ဆိုပါတယ်။

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

လင်းအောင်ခေတ်ဟာ သရုပ်ဆောင် အောင်လေး၊ တိုင်ရွန်၊ ပိုင်တံခွန်၊ ကျော်သက်ဝေ စတဲ့ သူငယ်ချင်းတွေနဲ့ အမြဲတမ်း တစ်တွဲတွဲ တွေ့ရလေ့ ရှိတဲ့သူဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း တစ်စုရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း အောက်တိုဘာလ ၂၃ ရက်နေ့ညက တစ်ခုလပ် ရုပ်ရှင် ဇာတ်ကား အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

'' တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြီးတော့ ဆေးထိုးနေတာကများတယ်။ တစ်ခါတလေကျရင်လည်း ဆဲကြတာမျိုးတွေ ရှိတယ်။ တစ် ယောက် နဲ့တစ်ယောက် စနောက်နေတဲ့ စကားတွေကတော့ အများကြီးရှိတာပေါ့နော်။ Chat Box ထဲမှာတော့ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မရှိဘူး၊ ကျွန်တော်ကတော့ ရှင်းတယ်'' လို့ သူကဆိုပါတယ်။

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

လက်ရှိမှာလည်း သူ့သူငယ်ချင်းတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ခိုးယူခြင်း ခံနေရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လင်းအောင်ခေတ် ကတော့ သူ့အကောင့်ကိုလည်း Hacker တွေ မယူအောင် တောင်းပန်စကားဆိုခဲ့ပါတယ်။ သူဟာ စကားနည်းသူ ဖြစ်တာကြောင့်လည်း ဘာမှ ပြောထားတာ မရှိပါဘူးတဲ့။

'' ကျွန်တော်ကိုယ်တိုင်က စကားပြောနည်းတာ ဖေ့စ်ဘွတ်မှာ ပြောရတာကို သိပ်ပြီးတော့ အားမသန်ဘူးနဲ့တူတယ်။ ကိုယ်ပြောစရာရှိတယ်ဆို ရင် ဖုန်းဆက်လိုက်တယ်။ ကျွန်တော့် အကောင့်ကိုတော့ မ Hack ကြပါနဲ့လို့ ဒါလေးပဲရှိတာပါ။ ရှင်းတာတော့ ရှင်းတယ် ဒါပေမယ့် အကောင့် မဟက်ပါနဲ့လို့ တောင်းပန်ပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

လင်းအောင်ခေတ်ဟာ မော်ဒယ်လောက ကနေတဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူဖြစ်ပါတယ်။ အခုရုံတင်ပြသနေတဲ့ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စီနီယာ သရုပ်ဆောင် ကြီးတွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိပါတယ်။

 

Share

Loading Next Article...
က္က