အခုချိန်မှာ အောင်မြင်နေတဲ့ ဖက်ရှင်တွေပဲ။

အကယ်ဒမီများရှင် မို့မို့မြင့်အောင် က တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ သူ့ရဲ့ အဝတ်အစားတွေ၊ ပရိသတ်ကြိုက်တဲ့ နားကပ်လေး တွေကို ဒီနေ့ အချိန်ထိ သိမ်းထားတုန်းပါပဲတဲ့။ သိမ်းဆည်းရတာ ဝါသနာပါတဲ့အတွက် ယောကျ်ားနောက်လိုက် ခဲ့ တုန်းက အကျီၤလေးတောင် ရှိသေးတယ်လို့ ဆိုပါတယ်။


Photo: မို့မို့မြင့်အောင် ပေ့ချ်

 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင်မို့မို့မြင့်အောင် ရဲ့ ဖက်ရှင်တွေကတော့ တစ်ခတ်တခါက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ကြ တာ ဖြစ်ပါတယ်။ ပရိသတ်အကြိုက်ဆုံး ဖက်ရှင်တွေကိုလည်း မို့မို့မြင့်အောင်က အမှတ်တရ အနေနဲ့ ဒီနေ့ ဒီအချိန်ထိ သိမ်းဆည်းထားတုန်းပဲ ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' မို့က ပရိသတ်အသိအမှတ်ပြုခဲ့တဲ့ Record လေးတွေကို သိမ်းထားတယ်။ ဥပမာ ဒါ အကယ်ဒမီရတဲ့ အင်္ကျီ၊ ဒါကတော့ ဒီကားမှာ ပေါက် သွားတယ်၊ ဒါကတော့ ပြက္ခဒိန်မှာ ပေါက်သွားတယ်။ အကုန်လုံးကို သေသေချာချာ သိမ်းထားတယ်'' လို့ သူကဆိုပါတယ်။

Photo: မို့မို့မြင့်အောင် ပေ့ချ်

မွေးနေ့မှာ မိခင်ကြီးနဲ့အတူ အလှူရေစက်ချ ကုသိုလ်ယူခဲ့တဲ့ မို့မို့မြင့်အောင် 

မို့မို့မြင့်အောင်ဟာ သူ မင်းသမီးဖြစ်တဲ့ အချိန်မှာ ဝတ်စားဆင်ယင်ခဲ့တဲ့ ဖက်ရှင်တွေ ထဲကမှ ပရိသတ်ကြိုက်တဲ့ နားကပ်တွေ၊ အဝတ်အစား တွေကို ဒီနေ့ ဒီအချိန်ထိ သိမ်းဆည်းထားတယ်လို့ ဆက်လက်ပြောပြလာပါတယ်။ သူ့ရဲ့ ပထမဆုံး မိတ်ကပ် ဒီဇိုင်နာ ဆရာဖြစ်တဲ့ မိတ်ကပ်စန္ဒီ ကိုယ်တိုင် ထွင်ခဲ့တဲ့ ဖက်ရှင်လေးတွေ လို့လည်း အောက်တိုဘာလ ၂၀ ရက်နေ့က မင်းသမီးပိုးထည်တိုက် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' မိုးကုတ် ပေါက်ပေါက်က အစီအစဉ်တစ်ခုလုပ်ဖို့ရှိတယ်၊ အဲ့ဒါ မမို့လည်း သိမ်းထားတယ်၊ တချို့ နားကပ်တွေဆိုရင် ပြုတ်လို့ ပြန်တောင် တက်ရဦးမယ်။ အကျီၤတွေရော၊ နားကပ်တွေရော အကုန်လုံးသိမ်းထားတယ်။ မိတ်ကပ်စန္ဒီလက်ထက်ကတည်းကပေါ့နော်။ သူထွင်လာခဲ့တဲ့ ဒီဇိုင်းတွေကို အထုတ်ကြီးတစ်ထုတ်နဲ့ တချို့ဟာတွေဆို ဘော်ကြယ်တွေက ဟောင်းတာက ဟောင်း ဆွေးတာကဆွေး'' လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင် ပေ့ချ်

 

ပရိသတ်တွေအပေါ် အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့ မို့မို့မြင့်အောင်က အမှတ်တရ အဝတ်အစားလေးတွေ သိမ်းဆည်းထားတဲ့ ထဲ ကမှ ယောကျ်ားနောက် လိုက်ပြေးခဲ့တဲ့ အကျီၤလေးတောင် ရှိပါသေးတယ်လို့ ဆိုပါတယ်။

'' အဲ့ဒါက မမို့ ငယ်ငယ်ကတည်းကရောဂါ ငါ အသက်ကြီးလာရင် ဒီလို လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းရှိတာ။ ပွင့်လင်းမြင်သာတဲ့ ခေတ် ဖြစ်နေပေါပြီ။ လင်နောက်လိုက်ပြေးတဲ့ အင်္ကျီတောင် ရှိပါသေးတယ်။ အဲ့ဒါလေးက တော်တော်လေး ဟောင်းတောင် ဟောင်းနေပြီ သိမ်း ထားတယ်''လို့ ပြောပြခဲ့ပါသေးတယ်။

Photo: မို့မို့မြင့်အောင် ပေ့ချ်

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။ မို့မို့မြင့် အောင် ဟာ အခု လက်ရှိ သရုပ်ဆောင်ရွေးချယ်မှု ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက် နေတာတွေလည်း ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က