သူတို့ နှစ်ဦးရဲ့ အိမ်ထောင်ရေးအကြောင်းပြောပြလာပါတယ်။

ချစ်သုဝေ တစ်ယောက် စာနာတတ်၊ ကြင်နာတတ်၊ နားလည်ပေးတတ်တဲ့ ခင်ပွန်းဖြစ်တဲ့ အဆိုတော် လင်းလင်း အကြောင်းတွေ ပြောပြ လာပါတယ်။ လင်းလင်းကလည်း ချစ်စရာကောင်းအောင် ဆိုးတဲ့ ချစ်သုဝေရဲ့ အိမ်ထောင်ဘက်ကောင်းပီသ မှုတွေကို လည်း ပြောပြထား ပါသေးတယ်။



 

ပရိသတ်အချစ်တော် အဆိုတော် လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ရဲ့ အိမ်ထောင်ရေး အကြောင်းလေးတွေကို ဇနီးမောင်နှံ နှစ်ယောက်က ပြောပြလာပါတယ်။ စာနာတတ်၊ ကြင်နာတတ်တဲ့ စိတ်ဓာတ်ကြောင့်လည်း ခင်ပွန်းဖြစ်သူ လင်းလင်းကို ကျေးဇူးတင်တဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

'' ကိုလင်းက ကြင်နာပြီး စာနာတတ်တယ်၊ အဲ့ဒါလေးကတော့ မမထရီဇာတို့ ပေါင်းဖက်တဲ့နေရာမှာ အခရာ ကျတာပေါ့နော်။ အခရာကျတာက တော့ အများကြီးပါပဲ။ အဲ့ဒီစိတ်လေးတွေကို သဘောကျတယ်။ သူက စာနာတတ်တယ်။ ကြင်နာတတ်တယ်၊ တွေးပေးတတ်တယ်။ အဲ့ဒါလေး ကိုတော့ မမထရီဇာက Thank you ပါ'' ဆိုပြီးတော့ ခင်ပွန်းဖြစ်သူ လင်းလင်းကို ကြည့်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ ပြောပြခဲ့ ပါ တယ်။

 

ချစ်သုဝေဟာ လင်းလင်းအတွက်တော့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်တယ် လို့ ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ဦးကလည်း အနုပညာ ရှင်တွေ ဖြစ်ကြတာကြောင့် နားလည်မှုတွေ အများကြီးရှိကြတာဖြစ်ပါတယ်။ အိမ်ထောင်ဖက်ကောင်းလေး ချစ်သုဝေ အကြောင်း ကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' ပါရမီဖြည့်ဖက်ကောင်းဆိုတာက သူက လုပ်ယူရသေးတယ်လေ။ တကယ့်ကို Positive တွေများမှ ပါရမီဖြည့်ဖက်ကောင်းတွေ ဖြစ်မှာ။ သူက ကျတော့ အပေါင်းလက္ခဏာတွေ များနေတဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်မဟုတ်ဘူး။ သူက အဲ့ဒီအဆင့်ကိုကျော်သွားပြီ အပေါင်းအနုတ် တွေမရှိတော့ဘူး'' လို့ ဆိုပါတယ်။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

မွေးနေ့မှာ မိဘဆရာတွေကို ကန်တော့ရင်း ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ လင်းလင်း 

လင်းလင်းကလည်း  ချစ်ဇနီးချောလေး ချစ်သုဝေ ရဲ့ ဆိုးတဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။ ဒီလို ဆိုးတာတွေကလည်း သူ့ကို ပိုပြီး ရင်ခုန် စေတယ်ဆိုတာကို အောက်တိုဘာလ ၂၉ ရက်နေ့ ညက အဆိုတော် အာဇာနည် နဲ့ ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် ညစာစားပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဆိုးတဲ့အချက်တွေ၊ ကောင်းတဲ့အချက်တွေကတော့ လူတိုင်းရှိတာပေါ့နော်။ ဒါပေမယ့် သူ့ဆီမှာ ဆိုးတဲ့အချက်တွေက ကိုယ်သဘောကျတဲ့ အချက်တွေ ဖြစ်နေတာမျိုးတွေ များနေတာပေါ့။ သူဆိုးတဲ့အချက်တွေက ကိုယ့်အနေနဲ့ သဘောအရမ်းကျတဲ့အချက်တွေ ဖြစ်နေတယ်'' ဆိုပြီး တော့ အောက်တိုဘာလ ၂၉ရက်နေ့က အာဇာနည်နဲ့ ဝမ်း တို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

 

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူး ချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က