ဒီလထဲမှာပဲ လက်ထပ်တော့မှာပါ။

မကြာသေးမီကမှ ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဟာ ဒီလ (နိုဝင်ဘာလ) ၁၁ ရက်မှာပဲ မင်္ဂလာဆောင်တော့မယ့်အကြောင်း ကြေညာလိုက်ပါပြီ။

ရွှေထူး FB



 

အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီက မင်္ဂလာဆောင်တော့မယ့်အကြောင်းကို အတိအလင်းကြေညာလိုက်တာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံက ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ (11.11.2018) Our Day လို့ ရေးသားပြီး ပြိုင်တူကြေညာလိုက်တာ ဖြစ်ပါတယ်။

 

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ စေ့စပ်ကြောင်းလမ်းခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့ နှစ်ဦးစလုံးက အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ယခုမင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး Duwun Media က ဖုန်းဆက်မေးမြန်းရာမှာတော့ ရွှေထူးရဲ့ဖုန်းက စက်ပိတ်ထားပြီး ရွှေမှုံရတီက ဒီအကြောင်းနဲ့ ပတ်သက်ပြီး မဖြေပါဘူးလို့ ဆိုပါတယ်။

ရွှေမှုံရတီ FB

 

သူတို့နှစ်ဦးက မင်္ဂလာဖိတ်စာတွေကိုလည်း ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်ထားကြတာကို မြင်တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ရွှေထူး FB

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က