ဆွဲဆောင်မှုရှိရမယ်တဲ့။

သင်ဇာဝင့်ကျော် တစ်ယောက် သူ သဘောကျတဲ့ ချစ်သူတစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံတွေကို ပြောပြလာပါတယ်။ လက်ရှိမှာ တော့ သူမရဲ့ အချစ်ရေးက Single ပါပဲ။



Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘွတ်

 

အချစ်ရေးနဲ့ ပတ်သက်ပြီး မကြာခဏ သတင်းတွေ ထွက်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်က သူ သဘောကျတဲ့ ယောကျ်ားလေးပုံစံကို ပွင့်ပွင့် လင်းလင်းပြောပြလာပါတယ်။ သန့်သန့်ပြန့်ပြန့်နေတတ်တဲ့ ယောကျ်ားလေးဆို သဘောကျတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာတာ ပါ။

'' ပုဆိုးလေးနဲ့ သန့်သန့်ပြန့်ပြန်ပေါ့။ ကြည့်လိုက်ရင် သန့်ပြန့်နေရမယ်၊ ခြေသည်းလက်သည်းလေးတွေက အစ သန့်ရမယ်။ ပြီးတော့ ကွမ်း မစား ရဘူး ကွမ်းစားတဲ့သူတွေဆို သိပ်မကြိုက်ဘူးပေါ့နော်။ ဆေးလိပ်လည်း အရမ်းမသောက်ရဘူး အရက်လည်း အရမ်းမသောက်ရဘူး။ ကိုယ်က အဲ့ဒီလို လူမျိုးလေးတွေ သဘောကျတယ်''

Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘွတ်

 

အသက် ၃၀ ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒါအပြင် လှပတဲ့ သူ့ဘေးနားမှာတော့ ကောင်လေးချောချောလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အသေအချာပါပဲ။

'' သန့်သန့်ပြန့်ပြန် နေတတ်တဲ့သူ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိတဲ့လူ၊ ဝတ်ပုံစားပုံတွေဆိုလည်း K pop ဒီဇိုင်းတွေ မဟုတ်ပဲနဲ့ ရှုပ်ရှက်ခတ် မနေပဲ T-shirt နဲ့ ဂျင်းဘောင်းဘီလေး ဝတ်ရင်တောင်မှ ဆွဲဆောင်မှုရှိမယ့် ပုံစံမျိုး သဘောကျတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ က လျှို့ဝှက်စာတမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ချောကြ၊လှကြသူတိုင်း အပျိုကြီးဖြစ်နေတယ်ဆိုတဲ့ သင်ဇာဝင့်ကျော် 

ဘယ်သူက ဘယ်လိုပဲ အပျိုကြီးလို့ ခေါ်ပါစေ ကိုယ်တိုင်က အိမ်ထောင်ပြုသင့်ပြီ ဆိုတဲ့ အချိန်ရောက်မှသာ သေသေချာချာရွေးချယ် ဖြစ်မယ် လို့ သင်ဇာဝင့်ကျော်က ဆက်လက်ပြောပြလာပါတယ်။ လူတိုင်းပြောနေကြတဲ့ အိမ်ထောင်ပြုသင့်ပြီ ဆိုတဲ့ စကားကြောင့်တော့ အိမ်ထောင် မပြုဘူးလို့ ဆိုပါတယ်။

'' ဒါပေမယ့်လေ လူတိုင်းက အိမ်ထောင်ပြုသင့်ပြီ ယူတော့လေ ဆိုတဲ့ စကားတစ်ခုတည်းနဲ့တော့ သင်ဇာက အိမ်ထောင်မပြုချင်ဘူး။ ကိုယ့်ဘဝ အတွက်အဆင်ပြေတဲ့အချိန်၊ ရွေးချယ်သင့်တဲ့အချိန်၊ ယူသင့်တဲ့ အချိန်ကျမှသာ သင်ဇာယူမှာပါ။ ဘယ်သူကပဲ ဖြစ်ဖြစ် အပျိုကြီးလို့ပဲ ပြောပြော၊ အပျိုကြီးလို့ပဲ ခေါ်ခေါ် ဂုဏ်ယူတယ်'' လို့ သူကပြောပါတယ်။

Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘွတ်

 

သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူ ကိုတော့ ရွေးချယ်နေတုန်းပဲ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က