ဒီနေ့ဆိုရင် မင်းသွေး ကွယ်လွန်တာ တစ်လ ပြည့်သွားပါပြီ။

နေတိုးကတော့ သူ့ရဲ့ညီလေး မင်းသွေး ကွယ်လွန်ခဲ့တဲ့အချိန်ကစပြီး အလှူအတန်းတွေ ဆက်တိုက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မင်းသွေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။



 

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင်မင်းသွေး ကွယ်လွန်တာ ၁ လပြည့်အနေနဲ့ သာကေတမြို့နယ်၊ မြခွာညို(ဝါဝါဝင်း အိမ်ရာ) မှာရှိတဲ့ သူတို့ရဲ့ နေအိမ်မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားပေမယ့်လည်း သူနဲ့ ပတ်သက်တဲ့ အလှူအတန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ နေတိုးက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူ ဘုရားတည်ထားတာရှိတယ်လေ အဲ့ဒီအတွက် ရေစက်ချရမယ်။ ရခိုင်မှာပေါ့နော် ကျွန်တော်တို့ မွေးရပ်မြေဇာတိမှာပဲ ရေစက်ချဖို့ရှိ ပါတယ်။ သူကိုယ်တိုင် Production လုပ်ထားတဲ့ ဇာတ်ကားတွေရှိပါတယ်။ အဲ့ဒီလို ဇာတ်ကားတွေ ရုံတင်တဲ့ အချိန်မှာလည်း ရလာတဲ့ အကျိုးအမြတ် တွေ ကို မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒီအတွက် ပရိသတ်တွေလည်း လာရောက်အား ပေးရင်း မင်းသွေးအတွက် ကုသိုလ်ပါဝင်ယူနိုင်ကြပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင် မင်းသွေးဟာ သူ မသေဆုံးခင် ကာလအတွင်းမှာ ထိုးစစ် ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကို ပရိသတ်ဆီ အမြန်ဆုံးရောက် အောင်ပို့ဆောင်ချင်နေသူဖြစ်ပါတယ်။ အဲ့ဒါအပြင် သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သူကိုယ်တိုင် အများ ကြီး ကြိုးစားထားတယ်လို့ နေတိုးက ဆက်လက်ပြောပြလာပါတယ်။

'' မင်းသွေး သေဆုံးသွားတဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ ပုံမှန်အားဖြင့် အနုပညာအလုပ်တွေနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကို ဒီလတွေအတွင်း မှာပဲ ပရိသတ်ဆီကို ရောက်လာတော့မှာပေါ့။ သူ့အတွက်ကိုရော ကျွန်တော်တို့ ကြိုးစားမှုတွေနဲ့ ရုပ်ရှင်အတွက်ကိုရောကို သူ့ရဲ့ ကြိုးစားမှု အများကြီးကို ပရိသတ်တွေ မြင်တွေ့ခွင့်ရမှာပါ'' လို့ ဖြေဆိုခဲ့တာပါ။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

နေတိုးဟာ ညီလေးဖြစ်သူ မင်းသွေးအတွက် စိတ်မကောင်းပေမယ့်လည်း အတတ်နိုင်ဆုံး ဝမ်းနည်းပူဆွေးမှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အတွက် မင်းသွေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆန္ဒလေးတွေကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ မင်းသွေးကွယ်လွန်ခြင်း တစ်လပြည့် အလှူမှာ ပြောပြခဲ့တာပါ။

'' စိတ်မကောင်းဖြစ်တာကတော့ အကုန်လုံး စိတ်မကောင်းဖြစ်တယ်။ ဘဝတစ်ခုကို ဒီလိုမျိုး အချိန် စောစောစီးစီး ကြွေလွင့်သွားခဲ့ရတဲ့အတွက် လည်း ပရိသတ်တွေက ကျွန်တော်တို့နဲ့ ထပ်တူ ခံစားရမယ်ဆိုတာလည်း သိတယ်။ အဓိက ကတော့ သူ့ရဲ့ အနုပညာကြိုးစား အားထုတ်မှုကို အားပေးမယ်ဆိုရင်တော့ သူ့ရဲ့ ဆန္ဒလေးတွေ ပြည့်ဝသွားမယ်လို့ ကျွန်တော်မြင်တယ်'' လို့ ဆိုပါတယ်။

Photo: Nay Toe Fb

 

သရုပ်ဆောင် နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကို နှစ်ယောက်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူပါဝင်သရုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ညီအစ်ကို နှစ်ယောက် ကြိုးကြိုးစားစားပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ မုန်းစွဲ ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် အတွင်းမှာ ပြသသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က