အများကြီးပါပဲတဲ့။

ရဲရင့်အောင်က သူ့ကိုယ်သူ သားမက်တစ်ယောက်ဖြစ်လာဖို့ မပြည့်စုံသေးဘူးလို့ဆိုပါတယ်။ လက်ရှိသူပိုင်ဆိုင်ထားတဲ့ အချစ်ရေး အကြောင်း ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

Photo: ရဲရင့်အောင်ဖေ့စ်ဘွတ်

 

အဆိုတော် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ရဲ့ ချစ်သူ သက်တမ်းကတော့ ၁ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ စုံတွဲလေးကလည်း တကယ့်ကို အားကျစရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲ တစ်တွဲပါ။ ဒီအတွက် ရဲရင့်အောင်ကိုယ်တိုင်က သမက်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေ မပြည့်စုံသေးတဲ့ အကြောင်းကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဘယ်လိုလုပ် ပြီးပြည့်စုံမှာတုန်း မပြီးပြည့်စုံဘူး။ အများကြီးပဲလေ။ ဘယ်တော့မှလည်း ပြီးပြည့်စုံမှာ မဟုတ်ပါဘူးလေ။ ဒီအသက်အရွယ်မှာ တော့ သေချာတဲ့ လုပ်ငန်းလေးတစ်ခု ရှိသင့်ပြီလို့တော့ စဉ်းစားမိတာမျိုးလေး ရှိတယ်။ အဲ့ဒါလည်း မပြီးပြည့်စုံသေးဘူးပေါ့ လိုအပ်တာတော့ အများကြီးရှိတယ်။ ဒါကတော့ ဘဝနေထိုင်မှုအပိုင်းပေါ့နော်'' လို့ သူကဆိုပါတယ်။

Photo: ရဲရင့်အောင်ဖေ့စ်ဘွတ်

 

ရဲရင့်အောင်ဟာ ချစ်သူကောင်မလေး ဧငြိမ်းဖြူ နဲ့ အကျင့်စရိုက်ချင်းကလည်း တူပြန်တယ်လို့ဆိုပါတယ်။ သူချစ်တတ်တဲ့ အကြောင်းအရာတွေ ကိုလည်း ထုတ်ပြပြီး မပြောဆိုတတ်သလို သူကိုယ်တိုင်ကလည်း ရင်ခုန်စရာကောင်းတဲ့ ယောကျ်ားတစ်ယောက်မဟုတ်တဲ့အကြောင်း ပြောပြခဲ့ ပါသေးတယ်။

'' တော်တော်များများက တူတယ်။ အဲ့ဒီလို တူတော့ မတည့်တော့ဘူးပေါ့။ အကျင့်က အကုန်တူတာ အချိုးမပြေတာတွေကအစ။ သူက ထုတ်ပြ ပြီးလျှောက်ပြောနေတာကိုး ကျွန်တော်က မပြောဘူး၊ ဘယ်တော့မှလည်း ပြောမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အဲ့ဒါကြောင့်လည်း ပြဿနာက ခဏ ခဏ တက်ရတယ်။ ကျွန်တော်က မRo တက်ဘူး ရင်ခုန်စရာလည်း မကောင်းဘူး'' လို့ဆိုပါတယ်။

Photo: ရဲရင့်အောင်ဖေ့စ်ဘွတ်

ခပ်ဟော့ဟော့ အဝတ်အစားတွေ ဝတ်ရင် ချစ်သူက ဆူတယ်ဆိုတဲ့ ဧငြိမ်းဖြူ 

လက်ရှိမှာ သရုပ်ဆောင်အပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ အလုပ်တွေ ဆက်တိုက်များနေတဲ့ ရဲရင့်အောင်ဟာ သူ့ကိုယ်သူ အားမရတဲ့ အပိုင်း တွေရှိတယ်လို့လည်း ဆက်လက်ပြောပြထားပါတယ်။ အလုပ်နဲ့ ပတ်သက်လာတဲ့ ခံစားချက်တွေကိုလည်း လျှို့ဝှက်စာတမ်း ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အလုပ်နဲ့ သီချင်းအပိုင်းတွေမှာလည်း ကျွန်တော့်ကိုယ်ကျွန်တော် အားမရလို့ လေ့လာရမယ့် အပိုင်းတွေလည်း အများကြီးရှိပါတယ်။ တစ်ခါ တလေ အနောက်ကို ပြန်လှည့်ကြည့်လိုက်ရင် အရင်က ငါ ဒါတွေဘာလို့မသိခဲ့တာလဲ၊ ဘာလို့ နားမလည်ခဲ့တာလဲ အခုကျမှ ငါ အသား ကုန်လိုက်လုပ်နေရတယ် ဆိုပြီးတော့ ပြန်တွေးမိတယ်'' လို့ ပြောပါတယ်။

Photo: ရဲရင့်အောင်ဖေ့စ်ဘွတ်

 

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။

 

Share

Loading Next Article...
က္က