ဒါကတော့ အနော်ရထာမင်းရဲ့ မွေးသက္ကရာဇ်ဖြစ်ပါတယ်တဲ့။

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့အမည် ၁၀၁၄ ဆိုတာဟာ အနော်ရထာမင်းရဲ့ မွေးသက္ကရာဇ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးပုံဖော်သွားမယ့် အကြောင်းကိုလည်း ဆက်လက်ပြောပြ ခဲ့ပါသေးတယ်။



 

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ၁၀၁၄ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပုဂံမြို့မှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ နာမည်ကတော့ ထူးခြားမှုရှိပါတယ်။ ၁၀၁၄ ဆိုတာ ပုဂံမင်းဆက်တွေထဲကမှ အနော်ရထာမင်းကြီးရဲ့ မွေးသက္ကရာဇ်ဖြစ် တယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' အရင်တုန်းကတော့ မိစ္ဆာ ဆိုတာပေးထားတာ ဒါပေမယ့် မိစ္ဆာဝါဒီ တွေရဲ့ ဆိုးကျိုးကို ကျွန်တော်က ပြချင်တာ။ မိစ္ဆာဝါဒီဆိုတာကလည်း အမှန်တော့ ဘယ်ဘာသာပဲ ဖြစ်ဖြစ် တစ်ဖက်အစွန်းရောက်နေပြီဆိုရင် အဓမ္မဝါဒဖြစ်တယ်။ အဲ့ဒါနဲ့ ဇာတ်လမ်းကို တင်တဲ့အခါမှာ မိစ္ဆာဆိုတာ မသင့်တော်ဘူးဆိုတာနဲ့ ၁၀၁၄ ဆိုပြီးပြောင်းလိုက်တာ အနော်ရထာမင်း မွေးတဲ့ ခရစ်သက္ကရာဇ်ပေ့ါ'' လို့ သူကဆိုပါတယ်။

 

၁၀၁၄ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ဟာလည်း ဦးကျော်သူရဲ့ မွေးနေ့ဖြစ်တဲ့အတွက် တိုက်ဆိုင်သွားတဲ့ အမှတ်တရကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော် မနက်အစောကြီး ဗိုလ်တစ်ထောင်ဘုရားရယ်၊ ရွှေဘုန်းပွင့် ဘုရားရယ်၊ ရွှေတိဂုံရယ်ကို ကျွန်တော် ကန်တော့ပွဲသွားပေးတဲ့အချိန် မှာ ရွှေဘုန်းပွင့်ဘုရားရောက်တော့မှ ခေါင်းထဲအသိဝင်လာတယ်။ ဒီနေ့ ငါ့မွေးနေ့ ပြီးတော့ ၁၀၁၄ ဆိုတာ အနော်ရထာမင်းကြီး မွေးတဲ့နှစ် တိုက်ဆိုင်မှုပဲလေ'' လို့ ဖြေဆိုခဲ့ပါတယ်။

 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဟာ အရည်းကြီးတွေရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး ဆင်ဆာအခက်အခဲ မဖြစ်အောင် သေချာပြင်ဆင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

'' ဆင်ဆာက သူ့အလုပ်သူလုပ်မှာပဲ ကျွန်တော်တို့က ကျွန်တော်တို့အလုပ် လုပ်ရမယ်။ ဇာတ်လမ်းကြောရိုးမထိခိုက်အောင် လုပ်ရမယ်။ ဇာတ် ကောင်စရိုက်ပီပြင်အောင် ဘယ်လိုရိုက်ရမလဲ။ ဆင်ဆာဖြတ်ရင်တော့ ကျွန်တော်တို့ဘက်ကလည်း သက်သေအထောက်အထားနဲ့ ပြနိုင်အောင် ကျွန်တော်တို့က ပြင်ဆင်ထားရမှာ'' လို့ ဆက်လက်ပြောပြထားပါတယ်။

 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က