သူငယ်ချင်းတွေဆိုတော့ အကျင့်တော်တော်များများ တူတယ်။

ဇေရဲထက်နဲ့ ရွှေမှုံရတီတို့ဟာ အနုပညာမောင်နှမတွေ ဖြစ်သလို အပြင်မှာလည်း အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။



 

ဇေရဲထက်နဲ့ ရွှေမှုံရတီတို့ဟာ အနုပညာမောင်နှမတွေ ဖြစ်သလို အပြင်မှာလည်း အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ တကယ့်ကို အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနေတတ် သူတွေလည်း ဖြစ်ပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်မှာ တူတဲ့ အကျင့်လေးတွေ တော်တော်များများလည်း ရှိတယ်လို့ ဇေရဲ ထက်က ဆိုပါတယ်။

 

"သူနဲ့ ကျွန်တော်နဲ့တူတယ်။ ကျွန်တော်လည်း သတ္တိရှိတယ်။ သူလည်း သတ္တိရှိတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက သူငယ်ချင်းလည်း ဖြစ်နေတော့လေ ခံစားချက်ခြင်းလည်း  တူတယ်။ သူလုပ်ချင်တာကို သူဘာမှ ခေါင်းထဲမထည့်ပဲ လုပ်တတ်တယ်။ ကျွန်တော်လည်း အဲ့လိုပဲ ။ ကျွန်တော်မှန်တယ်ထင်ရင် ကျွန်တော် လုပ်တတ်တယ်။ေ ပြာတတ်တယ်။အမုန်းခံရတာများတာပေ့ါ။ သူများကိုတော့ စော်ကားတာ တစ်ခုမှ မပါဘူး။ သူနဲ့ကျွန်တော်နဲ့ တူတဲ့အချက်က ခေါင်းမာသောသူ။ လုပ်ချင်တာကို တစ်ဇွတ်ထိုး လုပ်တတ်တယ့်လူစားမျိုးတွေပါ။ သူနဲ့ကျွန်တော် နဲ့ တွေ့ရင်သတ်တာ။ လည်ပင်းညှစ်ပြီး သတ်နေကြတာ။ " ဆိုပြီး သူတို့နှစ်ယောက်ရဲ့ တူတဲ့အကျင့်လေးတွေကို နိုဝင်ဘာ(၆) ရက်နေ့က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ရွှေမှုံ FB

 

နိုဝင်ဘာ(၁၁) ရက်နေ့မှာမင်္ဂလာပွဲ ကျင်းပတော့မယ့် သူငယ်ချင်းအတွက် သူ့အနေနဲ့ လိုအပ်တာမှန်သမျှ လုပ်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ရွှေမှုံနဲ့ အဆက်အသွယ်မရသေးဘူးလိုု့ ဇေရဲထက်က ပြောပါတယ်။

"ကျွန်တော့်ကို အခုထိ မကမ်းလှမ်းသေးဘူး။ ကမ်းလှမ်းရင်တော့ ကျွန်တော် လုပ်ပေးဖြစ်မှာပါ။ အဆက်အသွယ်လည်း  မရသေးဘူး သူသာယာနေမှာပေ့ါ။  သူပျော်နေမှာပါ။ ခံစားမိပါတယ်။ လူတိုင်းလူတိုင်း ကိုယ်ချစ်တဲ့သူနဲ့ဆိုရင် ဘယ်လိုဖြစ်ဖြစ်  ပျော်နေတာလေ။ ကိုယ်လည်း ကိုယ်ချစ်တဲ့သူနဲ့ဆိုရင် သူများပြောမှာလည်း မကြောက်ဘူး။ စိုးလည်း မစိုးရိမ်ဘူး ကိုယ်လုပ်ချင်တာ လုပ်မှာပဲလေ။ သူလည်း အဲ့သဘောပေ့ါ။ သူချစ်တဲ့ သူနဲ့ သူနေဖို့ အတွက် ဘာမှ သူခေါင်းထဲ ထည့်မှာ မဟုတ်တော့ဘူး။သူကိုတော့ တော်တော်လေးစားတယ်" လို့ သူက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : ရွှေမှုံ FB

 

မကြာခင်မှာ တစ်အိုးတစ်အိမ် ထူထောင်တော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီတို့အတွက်ကိုလည်း ဇေရဲထက်က မင်္ဂလာဆုတောင်းစကားလေး ကိုလည်း ပြောခဲ့ပါသေးတယ်။

"ရွှေထူးကလည်း ရွှေမှုံရတီကို အရမ်းချစ်အရမ်းမြတ်နိုးပြီးတော့ ရွှေမှုံရတီကလည်း အရမ်းမဆိုးပဲနဲ့ ကိုယ့်ရဲ့ ယောကျ်ားဖြစ်သူအပေါ်ကို မယားဝတ္တရား ငါးပါးနဲ့ အညီ အိမ်ထောင်မှုထိန်းတတ်တဲ့မိန်းမဖြစ်ပါစေ။ ရွှေထူးကလည်း ရွှေမှုံအပေါ် လင့်ဝတ္တရားနဲ့ညီတဲ့ ယောက်ျား ကောင်းယောကျ်ားမြတ် တစ်ယောက်ဖြစ်ပြီး ရွှေမှုံဆိုးတာတွေ ခံနိုင်ပါစေ။ရွှေမှုံကိုလည်း အရမ်းချစ်ပါစေ။ ဒီထက်ပိုပြီးလည်း ချစ်ပေးပါလို့။ ဇနီးမောင်နှံနှစ်ယောက် ယခုမှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင် အေးအေးချမ်းချမ်းနဲ့ ဘဝတစ်ခုကို လက်တွဲနိုင်ကြပါစေ" ဆိုပြီး ဆုတောင်းစကားလေး ပြောပေးခဲ့ပါတယ်။

 

မောင်နှမအရင်းသဖွယ် ချစ်ချစ်ခင်ခင် ရှိလှတဲ့ ရွှေမှုံရတီနဲ့ ဇေရဲထက်တို့ အနုပညာမောင်နှမ နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အရမ်းကို ပွင့်လင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စတတ် နောက်တတ်ကြတာကြောင့်လည်း ပျော်စရာကောင်းလှပါတယ်။

ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများကြီးပါပဲ။သူတို့နှစ်ဦးစလုံး အနုပညာနယ်ပယ် မှာ အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က