AD
AD
AD

သရုပ်ဆောင် ရဲတိုက်၊ နေနော်၊ မို့မို့မြင့်အောင်၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည် နဲ့ အိချောပို တို့ကိုတော့ '' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကား ကြီးမှာမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးမှာပါ။

play

 

မိန်းမကြမ်းကြီးများ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေ မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှ ပါဝင်ကြမယ့် နာမည်ကျော် သရုပ်ဆောင်များစွာတို့ရဲ့ ကာရိုက်တာတွေကိုလည်း Duwun Media ကနေတဆင့် အခုလို မိတ်ဆက်ပေးခဲ့ပါတယ်။

play

 

မိန်းမကြမ်းကြီးများ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အကယ်ဒမီများရှင် မို့မို့ မြင့်အောင် ကတော့ ယောက်ျားလျာ တစ် ယောက် မဟုတ်ပဲ ယောက်ျားဆန်တဲ့ စိတ်နဲ့ မိန်းမတစ်ယောက်ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

'' အကုန်လုံးက မိန်းမမဆန်ပေမယ့် ယောက်ျားလျာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်ကတော့ ယောက်ျားလျာတွေပဲ လုပ်ဖူးခဲ့တာ ဒီကာရိုက် တာက ယောက်ျားတစ်ယောက်ရဲ့ စိတ်လိုပဲ သွားတယ်၊ စားတယ်၊ နေထိုင်တယ် ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံပေါ့နော်။ မိဘတွေက ယောက်ျားလေးမရတဲ့အပြင် မောင်နှမတွေထဲမှာ အကြီးဆုံးဆိုတော့ ယောက်ျားလေးဆန်တဲ့ဘက်ကို ပိုနီးစပ်တာပေါ့'' လို့ဆိုပါတယ်။

play

 

နောက်ထပ် ပါဝင်သရုပ်ဆောင်သွားမယ့် အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ ကာရိုက်တာကလည်းကိုကျွမ်းကျင်ရာအပိုင်းမှာ ကြမ်းကြမ်း တမ်းတမ်း သရုပ်ဆောင်ရမယ် ဆိုပြီးတော့ မိတ်ဆက်ပြောပြလာပါတယ်။

'' ဖိုက်တင်ဆိုတာထက် ဒီထဲမှာကျတော့ စိတ်ကြမ်းကိုယ်ကြမ်းပေါ့နော်။ ကိုယ်ကျွမ်းကျင်တဲ့ နေရာမှာ Strong ဖြစ်တဲ့ ပုံစံမျိုးပေါ့။ ကာရိုက်တာ လေးရော ပလော့ဂ်ျလေးတွေရော ကောင်းပါတယ်။ ဒီဇာတ်ကားက ပုံမှန် ရိုက်နေကြ ဟာသကားတွေနဲ့ မတူတဲ့ အကြောင်းအရာကို ကွဲထွက်သွားတာပေါ့နော်'' လို့ သူကဆိုပါတယ်။

play

 

မိန်းမကြမ်းကြီးများ ရုပ်ရှင်ဇာတ်ကားကို ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ရာဇဝင်ကိုက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် သရုပ်ဆောင် ရဲတိုက်၊ နေနော်၊ မို့မို့မြင့်အောင်၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည် နဲ့ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။  ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ရာဇဝင်ကို နဲ့အတူ မင်းတော်ဝင်က ရေးထားတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD