ပုံမှန်ဆို ကောလာဟလတွေကို ပြန်ဖြေရှင်းလေ့မရှိပါဘူး။

ထက်ထက်မိုးဦး မင်္ဂလာဆောင်သွားပြီ ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင်က အခုလို ဖြေရှင်းပြောပြလာပါတယ်။ လက်ရှိမှာ တော့ ဘဝကို တစ်ယောက်တည်း အေးအေးချမ်းချမ်း ဖြတ်သန်းနေတယ်လို့ သိရပါတယ်။


 

သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး ဟာ မကြာခင်က တောင်ကြီးမှာ မင်္ဂလာဆောင်သွားပြီဆိုတဲ့ ဝေဖန်မှုတွေအပေါ် သူကိုယ်တိုင်က အခုလို ရှင်းပြလာပါတယ်။ ဒီသတင်းအတွက် စိုးရိမ်နေကြတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေအတွက် သူကိုယ်တိုင် ပွင့်ပွင့်လင်း လင်းပြောပြလာ တာ ပါ။

'' ထက်ထက်ကို မီဒီယာတွေကလည်း ဖုန်းဆက်တယ်၊ သူငယ်ချင်းတွေကလည်း ဖုန်းဆက်တယ်။ ထက်ထက်ကို တစ်ယောက်နဲ့ လက်ထပ်သွား တယ်ဆိုပြီးတော့ပေါ့။ သူငယ်ချင်းတွေကတောင် ဝိုင်းရယ်နေကြတယ်၊ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ စိုးရိမ်တဲ့ ပရိသတ်တွေက မေးကြတယ် ဟုတ်လားပေါ့။ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းကို ပြောပြချင်တာပါ'' လို့ဆိုပါတယ်။

 

လက်ရှိမှာတော့ ထက်ထက်မိုးဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးလက်ခံဖြစ်နေပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသလို သူငယ်ချင်းတွေကိုလည်း အချိန်ပေးပြီး ပျော်ပျော် ပါးပါးနေဖြစ်တယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' အခု ထက်ထက်လည်း တစ်ယောက်တည်း ပျော်ပျော်ပါးပါးအလုပ်လုပ်နေပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကို သိအောင် အခု တိုက်ရိုက် ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောလာဟလတွေဆိုတာ ကောင်းတဲ့ သတင်းတွေရှိသလို မကောင်းတဲ့ သတင်းတွေလည်းရှိတဲ့အပေါ် တစ်ခါတလေမှာတော့ ပြန်ပြီးပြောချင်တာပေါ့နော်'' လို့ ဆိုပါတယ်။

ထက်ထက်မိုးဦး အတွက် အမှတ်တရစကားဆိုလိုက်တဲ့ စိုးမြတ်သူဇာ 

ထက်ထက်မိုးဦးရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မကြာခဏဆိုသလို ကောလာဟလတွေ ထွက်လေ့ရှိပါတယ်။ ဒီအကြောင်းတွေကိုလည်း ပြန်လည် ဖြေရှင်းလေ့ မရှိခဲ့ပါဘူး။ မဖြေရှင်းဖြစ်တဲ့ အကြောင်းကိုလည်း နိုဝင်ဘာလ ၇ရက်နေ့ မနက် ၁၀ နာရီက သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်က တင်တဲ့ ဗီဒီယိုဖိုင်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဘယ်အရာပဲဖြစ်ဖြစ် ထက်ထက်အကုန်လုံးကို မပြောခဲ့ပါဘူး။ ဒါကလည်း ခဏပါပဲ သူတို့လည်း သေကြမှာ ကိုယ်လည်း သေကြမှာဆိုတော့ လူ့ဘဝကြီး လာတုန်းခဏမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းချင်တယ်။ အဲ့ဒါကြောင့် ဘယ်သူပဲ ရန်လုပ်နေနေ၊ ထက်ထက်ကို ဘယ်လောက်ပဲ ချောက်ထဲတွန်းချနေပါစေ ဘယ်သူ့ကိုမှ ဘာမှ တုံ့ပြန်မှာ မဟုတ်ပါဘူး'' လို့ ဖြေဆိုထားပါတယ်။

photo: မှုံရွှေရည် ဖေ့စ်ဘွတ်

 

ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ေဋ္ဌးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က