ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

အကယ်ဒမီများရှင် သရုပ်ဆောင် မို့မို့မြင့်အောင်က လက်ရှိမှာ သူငယ်ချင်းအသစ်တွေနဲ့ ပျော်ပျော်ပါးပါး အပေါင်းအသင်း လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းအသစ်တွေကတော့ အိချောပိုတို့၊ ခင်ဝင့်ဝါ တို့ ဖြစ်ပါတယ်တဲ့။ သူတို့နဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်။



 

မို့မို့မြင့်အောင်က လက်ရှိမှာ မင်းသမီး ငယ်ငယ်ချောချောလေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူကိုယ် တိုင် ကလည်း အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလျှက်ရှိတဲ့အကြောင်းတွေကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ ပါတယ်။

'' အသက်ကတော့ ညာလို့ မရပါဘူး၊ ဒါပေမယ့် ကိုယ့်အနုပညာအရ လုပ်ဆောင်ရမယ့်အလုပ်အတွက်တော့ ကိုယ်က စူးစိုက်မှုဖြစ်သွားတဲ့ အခါ ကျတော့ သူ့ဘာသာသူ အလိုလိုဖြစ်သွားတာပါပဲ။ အခုဆို အိချောပိုတို့၊ ခင်ဝင့်ဝါတို့နဲ့ပေါင်းဖြစ်တယ်။ အရင်ကဆို နန်းဆုရတီစိုးတို့ အေးမြတ် သူ တို့နဲ့ပေါင်းတာ။ အေးမြတ်သူတို့ကို ပြောလိုက်တယ် ငါအခု သူငယ်ချင်းအသစ်တွေရနေပြီ ရွယ်တူတွေနဲ့ပေါင်းတာ'' လို့ ရယ်ရယ် မောမောပြောပြခဲ့ပါတယ်။

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

မို့မို့မြင့်အောင်ဟာ အနုပညာဝါသနာပါကြတဲ့ သရုပ်ဆောင်အသစ်လေးတွေအပေါ် ကျောသားရင်သား မခွဲခြားပဲ အမြဲဂရုစိုက်တတ်တဲ့သူပါ။ သူ့အပေါ် ကြောက်တဲ့စိတ်၊ ရှိန်တဲ့ စိတ်မရှိအောင်လို့လည်းပျော်ပျော်ရွှင်ရွှင်နေပေးဖြစ်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့က '' မိန်းမကြမ်းကြီး များ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့ပါတယ်။

'' ကလေးတွေနဲ့နေရတာပျော်တယ်လေ၊ သူတို့ကို လှောင်တာ ပြောင်တာကို မြင်နေရင် သူတို့လည်း ပျော်နေကြတာပေါ့။ ကိုယ်နဲ့နေရတာ သိပ်ကြောကြောတင်းတင်းကြီးတွေ မဖြစ်ဘူးပေါ့နော်။ သူတု့ိကို ရွယ်တူလို လျှော့ပေါင်းတဲ့အခါကျတော့ သူတို့လည်း ပျော်တာပေါ့။ ကလေး တွေနဲ့ အုန်းအုန်းအုန်း နေရတာကို ကြိုက်တယ်'' လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အရင်က အင်္ကျီလေးတွေကို သိမ်းထားတုန်းပဲဆိုတဲ့ မို့မို့မြင့်အောင်  

Photo: အိချောပိုဖေ့စ်ဘွတ်

 

မို့မို့မြင့်အောင်ရဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စိတ်ကတော့ ငယ်ငယ်ကတည်းက ရှိတာပါတဲ့။ အိမ်မှာလည်း အငယ်ဆုံးသမီးလေး ဖြစ်တာကြောင့် နည်းနည်း ဆိုးတယ် ဆိုတဲ့ သူ့ရဲ့ အကျင့်စရိုက်လေးတွေကိုလည်း အမှတ်တရ အနေနဲ့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ငယ်ငယ်တုန်းကတော့ အိမ်မှာ အငယ်ဆုံးပေါ့နော်။ အိမ်မှာနေတာ သိပ်မရှိဘူး အပြင်မှာပဲ လျှောက်သောင်းကျန်းတာများတယ်။ ကျောင်းမှာ ဆိုလည်း သောင်းကျန်းလို့ ဘယ်သူမှ ကိုယ့်ကို မကြိုက်ဘူး။ ဒါပေမယ့် တခြားကျောင်းတွေက လူတွေကတော့ လာလာပိုးကြတယ်။ ကိုယ့် ကျောင်းက လူအချင်းချင်းကပဲ ကိုယ့်ကို မကြိုက်ကြတာ'' လို့ သူကဆိုပါတယ်။

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က