ဒီနေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တာပါ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အောင်ဇမ္ဗူတောရ ကျောင်းတိုက် ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ နိုဝင်ဘာလ  ၁၁ ရက်နေ့မှာတော့ သူတို့ နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ Inya Late Hotel (Pool Side Lawn) မှာ ကျင်းပသွားမယ် လို့သိရပါတယ်။



 

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဖြူရောင်နဲ့ ငွေရောင် ဝတ်စုံလေးတွေကို ဝတ်ဆင်လာတဲ့ သူတို့ နှစ် ယောက်ဟာ အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်။

 

ဒီ မင်္ဂလာဦး ဆွမ်းကျွေးအလှူမှာတော့ ရွှေထူးရော ရွှေမှုံရတီ ရောပါ ပြောပြလို့ မရနိုင်တော့တဲ့ ပီတိအပြုံးတွေဝေနေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦး ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ စေ့စပ် ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် နိုဝင်ဘာ(၁၁) ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။

 

အခုဆိုရင် ရွှေထူး နဲ့ ရွှေမှုံရတီတို့ ဟာ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် အလုပ်တွေ ရှုပ်နေကြပါတယ်။သူတိ့ုနှစ်ဦးက နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပသွားမှာပါ။ သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော  အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော  အားလုံး အံ့သြသွားကြပါတယ်။

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က