ဇနီးသဘောကျတဲ့ နေရာလေးကို သွားမှာတဲ့။

ရွှေနှစ်ရွှေရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အောင်ဇမ္ဗူတောရ ကျောင်းတိုက် ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။  မင်္ဂလာပွဲကို နိုဝင်ဘာ(၁၁) ရက်နေ့ Inya Late Hotel (Pool Side Lawn) မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ပြင်သစ်ကို ဟန်းနီးမွန်းခရီးထွက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။



 

ရွှေနှစ်ရွှေရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အောင်ဇမ္ဗူတောရ ကျောင်းတိုက် ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။  မင်္ဂလာပွဲကို နိုဝင်ဘာ(၁၁) ရက်နေ့ Inya Late Hotel (Pool Side Lawn) မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ပြင်သစ်ကို ဟန်းနီးမွန်းခရီးထွက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

"ဟန်းနီးမွန်က ပြင်သစ်သွားမယ်ဆိုတာ သူကတော့ ရောက်ဖူးတာပေ့ါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း သွားချင်တယ်။ သူကြိုက်တဲ့ နေရာလေးလည်း ဖြစ်လိုု့ လိုက်ပို့ချင်တာပါ။" ဆိုပြီး ရွှေထူးက နိုဝင်ဘာ(၉) ရက်နေ့က ပြုလုပ်တဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူမှာ ပြောပြခဲ့ တာပါ။

 

ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို  ရုတ်တရက် ကျင်းပခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ရွှေမှုံက ယခုလို ပြောခဲ့ပါ သေးတယ်။

"ရုတ်တရက် မင်္ဂလာဆောင်တာ မဟုတ်ပါဘူး။ သေချာစီစဉ်ပြီးမှလုပ်ထားတာပါ။ သဲတို့ (၁၁) ရက်နေ့ မင်္ဂလာပွဲလုပ်ရင် ပိုသိပါလိမ့်မယ်။ သဲက ဘယ်အလုပ်ကိုမဆို အစီအစဉ်တကျလုပ်တတ်တယ်။ သူလည်း အဲ့လိုပဲ ဆိုတော့ အသွင်တူလို့ အိမ်တူဖြစ်တဲ့သဘောပေ့ါ။ သေသေချာ ချာလေး စီစဉ်ပြီးမှ လုပ်ထားတဲ့ အရာချည်းပါပဲ၊ ဘယ်အရာမှ လတ်တလော လုပ်လိုက်တဲ့အရာမရှိပါဘူး။ Surprise က ပရိသတ်တွေရော၊ မီဒီယာတွေကရောပါ Surprise သီးသန့်ပါ။ မိဘတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကိုသာ ကြိုပြိ အသိပေးထားတာပါ။ "ဆိုပြီး သူမက ပြောပြခဲ့ ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ 

ရွှေထူးနဲ့ ရွှေမှုံရတီဟာ မင်္ဂလာညစာစားပွဲလေးကို ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ချင်ခဲ့တာလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို အပြင်လူတွေလို ရိုးရိုးရှင်းရှင်း နဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ပြီး Celebrity ဆန်ဆန်ကြီး မဖြတ်သန်းချင်ဘူးလို့ ရွှေမှုံက ပြောပါတယ်။

"မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလုပ်ဖြစ်တာက အဓိက လူငယ်တွေ ဖြစ်တာကြောင့် နှစ်ယောက် စလုံးကလည်းလူငယ်ဘဝလေးမှာ မင်္ဂလာဆိုတာ တစ်သက်မှာ တစ်ခါပဲ ဆောင်ရတာဆိုတော့ မင်္ဂလာဆောင်ကိုတော့ Celebrity ဆန်ဆန်ကြီး မဖြစ်ချင်ဘူး။ ပျော်မယ်ပါးမယ်။ လွတ်လွတ်လပ် လပ်လေး နေချင်တာပေ့ါ။ သာမန်စုံတွဲ သာမန်လူငယ်တွေလိုပဲ မင်္ဂလာဆောင်မယ်။ မီဒီယာလည်းမရှိဘူး ကိုယ်တွေခေါ်ထားတဲ့ ကင်မရာ သမား တွေရှိမယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ပေ့ါ။"လို့ ရွှေမှုံက ဆိုပါတယ်။

 

သူတို့နှစ်ယောက်လက်ထပ်တာနဲ့ ပတ်သက်ပြီး နှစ်ဖက်မိဘများက သဘောမတူတာကြောင့် လက်မှတ်ထိုးတာနဲ့မင်္ဂလာဦးဆွမ်းကျွေးမှာ မိဘတွေ မပါတာပါလို့ ရွှေမှုံက ပြောပြခဲ့ပါသေးတယ်။ ရွှေမှုံအနေနဲ့ အိမ်ထောင်တစ်ခု ပြုလုပ်ပေမယ့်လည်း ခင်ပွန်းအပေါ် ဇနီးဝတ္တရားနဲ့ အညီ ပြုစုစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

သူမက မင်းသမီးဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စအားလုံး လုပ်တတ်တာကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် အဆင်ပြေမှာပါလို့ သူမက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ လာမယ့် ဒီဇင်ဘာကျမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က