ဒါရိုက်တာသားညီရိုက်ကူးသွားမှာပါ။

'' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်းတွဲကိုတော့ နိုဝင်ဘာလ အတွင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ကြမယ့် အနုပညာရှင်တို့ရဲ့ စကားသံကိုလည်း အခုလို ပြောပြလာပါတယ်။

 

'' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးမှာရှိတဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကျော်အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး နိုဝင်ဘာလ အတွင်းမှာပဲ စတင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို ပုံဖော်ရိုက်ကူးမယ့် သားညီ ကလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးသွားမယ်လို့ ပြောပြလာပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူး လာတာ '' အကြင်နာမြစ်ဖျား''ရုပ်သံဇာတ်လမ်းတွဲကတော့ ၄ ကားမြောက် ဖြစ်တယ်လို့ သိရပါတယ်။

''ရုပ်ရှင်ရိုက်တာနဲ့ ဇာတ်လမ်းတွဲရိုက်တာကတော့ အများကြီးကွာတာပေါ့။  ဇာတ်လမ်းတွဲမှာတော့ ၁၈ ပိုင်းဆိုရင် တန်ပို ၁၈ ခုရှိတယ်။ အဲ့ဒါကတော့ နည်းနည်းလေး အန္တရာယ်များတာပေါ့နော်။ ဒီဇာတ်လမ်းက ဂုဏ်ပြုဇာတ်လမ်းလည်း မဟုတ်ဘူး၊ သူငယ်ချင်း နှစ်ယောက်ရဲ့ သံ ယောဇဉ်ကို စစ်တပ်ထဲကို ထည့်လိုက်တာ'' လို့ ဆိုပါတယ်။

 

''အကြင်နာမြစ်ဖျား'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဆရာဝန်မလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် ခင်ဝင့်ဝါ ရဲ့ကာရိုက်တာ ကိုလည်း ပြောပြခဲ့ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းလေးဖြစ်တယ်လိ့ု နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက '' အကြင်နာ မြစ်ဖျား'' ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဒီဇာတ်ကားက ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် အချစ်ကားလေးပေါ့။ အရင်တုန်းက သရုပ်ဆောင်ခဲ့ဖူးတဲ့ ကာရိုက်တာတွေနဲ့ နည်းနည်းတော့ ကွဲပြား ပါတယ်။ ဇာတ်လမ်းတွဲဖြစ်တာကြောင့်လည်း လူတွေအများကြီး သုံးရတယ်၊ အချိန်တွေလည်း ပေးရတယ်။ ဒါရိုက်တာလည်း ဦးနှောက်ခြောက် တယ်။ ညီမတို့လည်း Team Work ကောင်းကောင်းနဲ့ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးနိုင်လိမ့်မယ်လို့ထင်ပါတယ်'' လို့ ဆိုပါတယ်။

ခင်ဝင့်ဝါအကြိုက် မွေးနေ့ဆုတောင်းစကားပြောလိုက်တဲ့ ဝိုင်းလေး 

မိုးယံဇွန် ကလည်း ဒီ ရုပ်သံဇာတ်လမ်းတွဲထဲမှာ အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးလေးဖြစ်တာကြောင့် ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အခါမှာ ဝမ်းသာပီတိဖြစ်မိတယ်လို့ ပြောပြခဲ့ပါသေးတယ်။

'' အကြင်နာ မြစ်ဖျား'' ဆိုတဲ့ ဇာတ်ကားက ကျွန်တော်ကိုယ်တိုင် စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ဒီဇာတ်ကားမှာ အဓိက ပါဝင်သရုပ်ဆောင်ရမှာဆိုတော့ ပျော်တယ်။ ဝမ်းသာတယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက အဖေနဲ့ အတူ တပ်ထဲမှာလိုက်နေ ရတယ်၊ ကျောင်းတက်လဲ တပ်ထဲမှာပဲနေရတာဆိုတော့ တပ်ရဲ့ အလေ့အထလေးတွေကို သိနေပြီးသား'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

'' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်းတွဲကို 7 Sence Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို Lar Lar Kyi App ကနေ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ မိုးယံဇွန်၊ ထူးအောင်၊ Wai လျှံ ၊ ဝေဖြိုး၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ ချစ်စနိုးဆု နဲ့ မေကဗျာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က