တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့က အဓိက ကျပါတယ်။

ရတနာဗို တစ်ယောက် ချစ်သူရှိတယ်လို့ ဖွင့်ပြောပြလာပါပြီ။ သူ့ရဲ့ ချစ်သူကို ဖွင့်မပြောပြရသေးတဲ့ အကြောင်းအရင်းကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။ ချစ်သူကောင်လေးကတော့ အနုပညာလောကထဲက မဟုတ်ပါဘူး။



 

သရုပ်ဆောင် မင်းသမီးချောလေး ရတနာဗိုက ချစ်သူရှိတယ်လို့ ဖွင့်ပြောပြလာပါပြီ။ ချစ်သူကောင်လေးကို မိတ်ဆက်ပေးဖို့ကတော့ အချိန်လို သေးတယ်လို့ ဆိုပါတယ်။ လူငယ်တွေဖြစ်ကြတာကြောင့်လည်း ကိုယ့်အလုပ်အပေါ် ကိုယ် ကြိုးစားနေကြတုန်းပါပဲလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဘယ်တော့လောက် ချပြမလဲဆိုတာထက် အဓိက အချစ်ထက်အရေးကြီးတဲ့ အရာတွေရှိနေသေးတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝ အတွက် ကြိုးစားဖို့တွေ၊ ကိုယ့်မိဘအတွက် ကြိုးစားဖို့တွေ ကိုယ့်ပရိသတ်အတွက် ကြိုးစားဖို့တွေ အများကြီးရှိနေသေးတဲ့အတွက် လူငယ် ဆိုတဲ့  အလျှောက်ပဲပေါ့နော်'' လို့ဆိုပါတယ်။

Photo: Kaung Chit Soe (Instagram)

 

ရတနာဗိုဟာ မြန်မာမိန်းကလေးလည်း ဖြစ်တာကြောင့် ဘဝအတွက် လက်တွဲဖော်ကို သေချာစဉ်းစားရွေးချယ်ရတယ်လို့ ဆိုပါတယ်။ အနုပညာရှင် တစ်ယောက်လည်းဖြစ်တာကြောင့် သေချာစဉ်းစားရတယ်လို့လည်း နိုဝင်ဘာ(၁)ရက်နေ့က ပြုလုပ်တဲ့ မီ ရုပ်ရှင်ဇာတ်ကား Red Carpet ရှိုးမှာ ပြောပြခဲ့တာပါ။

'' မိန်းကလေးဆိုတာက ကိုယ်တကယ်မြတ်နိုးလာပြီ၊ ကိုယ်တကယ် စဉ်းစားလာပြီဆိုရင် ဒါကတော့ ချပြချင်တာပေါ့။ အဓိက က ချမပြဘူး၊ ချပြ တယ်ဆိုတာထက် ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်တယ်၊ အနုပညာရှင်လည်း ဖြစ်တဲ့အတွက် ဘယ်အရာကမှ ပုံသေသတ်မှတ်လို့ရသေး တာမဟုတ်တဲ့အတွက် ကိုယ့်ဘဝကိုပဲ ရောင့်ရဲတင်းတိမ်အောင် အချိန်ယူပြင်ဆင်နေတဲ့ သဘောပါပဲ'' လို့ ဖြေဆိုခဲ့တာပါ။

Photo: Yadanar Bo (Facebook)

 

ရတနာဗိုရဲ့ ချစ်သူကတော့ အနုပညာလောကသားတစ်ယောက်မဟုတ်ပါဘူး။ သူမ က အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် တစ်ယောက် နဲ့ တစ်ယောက် နားလည်မှုတွေကတော့ အဓိက ကျတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' အဲ့ဒီလိုမျိုး မျှော်လင့်ထားတာကြီးတော့ အရင်ကတည်းကလည်း မရှိဘူး။ အရင်ကတည်းက ကိုယ်က အေးတိအေးစက် မလှုပ်မတုတ်ထဲမှာပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိတာ မေတ္တာရှိလာပြီဆိုရင် သူ့ရဲ့ ကောင်း၏ဆိုး၏ ကိုလည်း ကိုယ်နားလည်ပေးနိုင်ရမယ်။ ကိုယ့်ရဲ့ ကောင်း၏ဆိုး၏ကိုလည်း သူနားလည်ပေးနိုင်ရမယ် နားလည်မှုက အရေးအကြီးဆုံးပဲလို့ထင်တယ်'' လို့ သူကဆိုပါတယ်။

Photo: Kaung Chit Soe (Instagram)

 

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က